တိုင်းရင်းသားများနှင့် သန်းခေါင်စာရင်းဆိုင်ရာ ဆွေးနွေးမှုပြုလုပ်ကျင်းပ

1

ယနေ့  သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စဆွေးနွေးပွဲကို ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသား လူမျိုး (၁၀) ခု မှ ကိုယ်စားလှယ်များ နေပြည်တော် တွင် ပြုလုပ် ကျင်းပခဲ့ကြကြောင်း သိရသည်။

ကိုယ်စားလှယ် (၂၄)ဦးပါဝင်သည့် အဆိုပါအစည်းအဝေးက မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးရှိသည်ဟု အစိုးရက ဖေါ်ပြထားခြင်းအပေါ် အားနည်းချက် ရှိနေသောကြောင့် နိုင်ငံတော် အနေဖြင့် ပြန်လည်ပြင်ဆင်သင့်ကြောင်း ဆွေးနွေးကြသည်ဟု Chin National Democratic Party အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်း၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ဖေါ်ပြ ထားသည်။

သန်းခေါင်စာရင်းကောက်ယူပြီး ထွက်ပေါ်လာသည့် အချက်အလက်များအပေါ် အခြေခံကာ ပြည်ထောင်စုအစိုးရက ဖွဲ့  စည်းထားသော တိုင်းရင်းသားရေးရာ ကော်မီတီ ထံတင်ပြမည်ဖြစ် ကြောင်း၊ ယင်းမှ ဆက်လက်စီစစ်သော အခြေအနေများကို ပြည်ထောင်စုအစိုးရ အဖွဲ့ သို့ ထပ်မံ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

“တိုင်းရင်းသားများ လက်မခံသော (၁၃၅) ကို ပြင်မည် ဆိုတာ ၀မ်းသာစရာ ဖြစ်ပါတယ်။ သို့သော် ဘယ်သူက ပြင်မှာလဲ (ပြင်ခွင့်ရှိသင့်သလဲ)??? ချင်းလူမျိုး သတ်မှတ်ရေး ချင်းတွေဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်တယ်။ တိုင်းရင်းသားရေးရာကော်မတီ က (၁၃၅) review အတွက် မည်သို့ကိုင်ကွယ်ပြီး၊ ကာယကံရှင် တိုင်းရင်းသား(Stakeholders) ကိုယ်တိုင်ဆုံးဖြတ်နိုင်မည့် မည်သည့် Mechanism အသုံးပြုမှာလဲလို့ မိမိက မေးမြန်းရာ ၀န်ကြီးက မကြာခင် အားလုံးသိအောင် ချပြပါမည်ဟု ဖြေကြား တယ်၊ ဒီတော့ စောင့်ကြည့်ရအုံးမည်” ဟု ထပ်ဆိုသည်။

သန်းခေါင်စာရင်းပုံစံ နံပါတ်(၈) ပါ “လူမျိုး” ဆိုသည့် မေးခွန်း ဖြည့်ရာတွင် ပေးထားသော ကုတ်နံပါတ် အပြင် “လက်ရေး စာဖြင့် ရေးလို့ရ/မရ” မေးမြန်းချက်ကို ၀န်ကြီးက “ရပါတယ်” ဟုဖြေကြား ခဲ့ကြောင်း သိသည်။

ချင်းကို (၅၃)မျိုးဖြင့် ကုတ်နံပါတ် ပေးထားသော်လည်း ဂုတ်နံပါတ် မရသေးတဲ့ ချင်းမျိုးနွယ်စုများ များဖြစ်ကြသည့်  ဇိုမီး၊ ကူကီး၊ မီးဇို၊ ခူမီး၊ ချိုး၊ ဆုမ်းသူ၊ လိုင်းသူ  စသည့် မျိုးနွယ်စုများအတွက် အခြား ဟု ပေးထာသည့် ကုတ်နံပါတ် ၉၁၄ ကို ထည့်သွင်းမည့်ပြသာနာ လည်းရှိနေသည်။

ချင်းပြည်မြောက်ပိုင်းနေ ဇိုမီး -ကူကီး -မီဇို တစ်ချို့ (လူနည်းစု) က လာမည့်သန်းခေါင်စာရင်းတွင် ချင်း Category ထဲမှာ မထည့်ပဲ အခြား ဆိုသည့် (နိုင်ငံမဲ့၊ ရိုဟင်ရာ များ) အတွက် ပေးထားသည့် 914 ကို ရွေးထည့်ရန် ဆော်သြမှုများ လည်းရှိနေကြောင်း ထပ်မံသိရသည်။

“Census ခေါင်းစဉ် Ethnicity (135) and Others Foreigner of Coding List ဆိုတာကို ကြည့်တာနဲ့ Others သည် ဘာကို ဆိုလိုသည်ကို ၁၀ တန်းကျောင်း သားတောင် နားလည်နိုင်ပါတယ်။ ဒါကြောင့် ကုတ်နံပါတ် မပါရှိသေးသော ချင်းမျိုးနွယ်စုများအားလုံး အနေဖြင့် ၉၁၄ ကို မထည့်ပဲ Chin ဆိုသည့် ကုတ်နံပါတ် (၄၀၁) ကိုထည့်ပြီး – မိမိ မျိုးနွယ်စု နာမည်ကို လက်ရေးစာ ဖြင့် ကွက်လပ်တွင် ထည့်ရေးကြပါ။ သန်းခေါင်စာရင်း နောက်ပိုင်း (၁၃၅) ပြန်လည်သုံးသပ်တဲ့အခါ ၎င်း မျိုးနွယ်စုများကို ချင်းလူမျိုးအောက်မှ နာမည်ပေါက် (အစိုးရအသိအမှတ်ပြု) ရရှိနိုင်ရန် ၀ိုင်းဝန်း ကူညီဆောင်ရွက် ပေးကြရမှာဖြစ်ပါတယ် “ဟု ဆလိုင်း ကျဲအိုဘိခ်ထောင်း က ထပ်မံပြောပြသည်။

ထို့အပြင် မေးခွန်းနံပါတ် (၄၀) တွင် နိုင်ငံခြားရောက် မိသားစုဝင်များ အမည်စာရင်းဖြည့်ရန်နှင့် ပါတ်သက်ပြီး  ပြည်တွင်းမှာရှိသော ချင်းလူမျိုးများအနေဖြင့် ပြည်ပရောက် ကိုယ့်မိသားစုဝင်၊ ဆွေမျိုးများကအစ အားလုံးစာရင်း ၀င်နိုင်ရေးအတွက် မေးခွန်းနံပါတ် (၄၀) တွင် အားလုံး စာရင်းသွင်းကြရန် နှင့်၊ ပြည်ပနေထိုင် သူများက လည်း ပြည်တွင်းရှိ ကိုယ့် မိသားစုများကို ကြိုတင် ဖုန်းဆက်ပြီး နာမည်စာရင်း ပေးသင့်ကြောင်း  ဆက်ဆိုထားသည်။

Share.

About Author

1 Comment

  1. ချင်းပြည်နယ် တောင်ပိုင်း မတူပြီမြို. ဆ၇ာ ပဲန်ထောမ်း(Pe tawg) ဆရာမ နူလန်း (nu lai ) (အာဆုံ)တို. မြန်မာသန်းခေါင်စာ၇င်း
    ကောက်ယူ၇ာတွင် Dai လူမျိုးနွယ်ဝင်တချို.အားMatu မျိုးနွယ်သို.အတင်းထည်.ခိုင်းကြကြောင်း မတူပြီု.၇ို( U ခိုင်ဘူး)နှင်.u ချောမ်းခေ တို.ထံ မှသိ၇ို၇ပါသည်

Leave A Reply