ယမန်နေ့ ည ၈း၀၀ နာရီခန့်က ဟားခါးမြို့တွင် သက်လတ်အမျိုးသမီးတဦးက အသက် ၇၀ အရွယ် လူကြီးတဦးကို ဓါးဖြင့် ထိုးသတ်သည့် အမှုဖြစ်ပွားခဲ့သည်။
ဟားခါးမြို့ ပြည်တော်သာရပ်ကွက်နေ Pu Sum Mang အား ဟားခါးမြို့ ဈေးသစ်ရပ်ကွက်နေ Pi Monica ( 45) က ၄င်း နေအိမ်တွင် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားခံရဲ့ နေအိမ်မှာပဲ အသတ်ခံရတာပါ။ သေဆုံးသူ ဘယ်ဖက်ခြမ်း ရင်အုံမှာ ဓါးနဲ့ တချက်ထဲ ထိုးသတ်တာပါ ဟု တာဝန်ရှိရဲ တဦးက ပြောသည်။
ဖြစ်စဉ်အသေးစိပ်ကိုမူ သက်ဆိုင်ရာ ရဲ က စုံစမ်းစစ်ဆေးနေကြောင်း အလောင်းအား ပြည်သူ့ဆေးရုံသို့ ချက်ချင်း လွှဲပြောင်းပြီး ဆေးစစ်ချက် ယူနေကြောင်း သိရသည်။
သေဆုံးသူသည် ဟားခါးမြို့နယ် Surkhua ဇာတိဖြစ်ပြီး ဟားခါးမြို့ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွင် ကာလရှည်ကြာ ထမ်းဆောင်ခဲ့သူဖြစ်သည်။