နယ်စပ် ချင်းပြည်သူများ အစာရေစာ ပြတ် လပ်မှု စိုးရိမ်ရ

0

IMG_0512

အိန္ဒိယ – မြန်မာ နယ်စပ် ချင်းပြည်နယ် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့ နယ် နယ်စပ်ဒေသ ချင်းပြည်သူများ စားနပ် ရိက္ခပြတ်လပ်မှု စိုး ရိမ်ရကြောင်း သိရှိရသည်။

” ကျတော်တို့ရွာက အိမ်ခြေ ၇၀ ခန့်ရှိတယ်၊ အားလုံးလိုလိုက တောင်ယာလုပ်ကိုင်ကြပေမဲ့ အိမ်ခြေ နှစ် ခု လောက်သာ တနှစ်စားဖို့ စပါးရတယ်၊ ရာသီဥတုဖောက်ပြန် တာရေ၊ စပါးအထွက်နှုန်းဆိုးလွန်းတာရေက အဓိကပြသနာပါ” ဟု မတူ ပီမြို့ နယ် တီးဆီးရွာသား တဦးက ပြောသည်။

အလားတူ အဆိုပါဒေသရှိ ကျေးရွာပေါင်း ၃၀ ခန့်သည်လည်း အစာရေစာပြတ်လပ်မှုဒုက္ခနှင့် ရင်ဆိုင်နေရကြောင်း သိရ သည်။

↔ကျတော်တို့ပလက်ဝနယ် မှာက UNDP က ထောက်ပံ့တဲ့ ဆန်တော့ရှိတယ်၊ အဲဒါ ရွာအထိ သယ်ဖို့က တအိတ် ကျပ်ငွေ သုံးသောင်းကျော်သွားတော့ မ၀ယ်နိုင်ပြန် ဘူး၊ မီဇိုရမ်ဖက် ၀ယ်ဖို့ဆိုတာလည်း ဆန်သယ်ဖို့ ကားလမ်း လည်း မရှိပြန်ဘူး↔ ဟု ပထိန်တလန်ရွာသား လားလ်းဒူ အောမာ က ပြောသည်။

ယခင်နှစ်များက ချင်းပြည်သူများသည် အဲန်ဂျီအိုများက ဒေသကားလမ်းများ ဖောက်လုပ်ခိုင်းပြီး ဆန်အိတ်များ ဖြန့်ဖြူး ပေး နေရသော်လည်း ယင်းအစီအစဉ်ပြီးဆုံး သွားပြီဖြစ်သဖြင့် ယခုကဲ့သို့ အစာရေစာပြတ်လပ်နေရခြင်းဖြစ်ကြောင်း သိရ သည်။

” တောင်ယာက လုံးဝမကောင်းတော့ အဲန်ဂျီအိုက Food for Work ဆိုပြီး ကားလမ်းကို ဖောက်လုပ်ပေးကြတယ်၊ တ နေ့လုပ်ခ အတွက် လူ တဦး ဆန်တပြည်နှုန်းနဲ့ပေါ့၊ အဲဒီတုန်းက တော့ ပိုအဆင်ပြေတယ်လို့ ပြောရမှာပေါ့။ အခု အဲဒါတွေ မရှိတော့ အင်မတန် ဒုက္ခရောက်ရတယ်၊” ဟု စဘောင်းတဲရွာသားတဦးက ပြောသည်။

ငွေရေးကြေးရေး အနည်းအကျဉ်း တတ်နိုင်သည့် ပြည်သူ တချို့ သည်သာ တဖက် မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟား၊ လောင် တလိုင် ခရိုင်သို့ လာရောက်ပြီး ဆန်အိတ်များ လာရောက်ရှာဖွေနေကြကြောင်းသိရသည်။

” မီဇိုရမ်ဖက်မှာလည်း ဆန်တွေ ရှိပေမဲ့ ဆန်တအိတ်ကို ရူပီး ၁၅၀၀ နဲ့ ပေးရတယ်၊ ဒါက အညံ့ဆုံးအဆင့်ပေါ့နော်၊ သယ်ခ နဲ့ဆိုယင် ဈေးက သိပ်မြင့်နေပြီ” ဟု ထပ်မံပြောပြသည်။

မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်သည့် ချင်းပြည်နယ်တွင် ကျေးလက်ဒေသ လမ်းပန်း ဆက် သွယ်ရေးခက်ခဲခြင်း၊ စားဝတ်နေရေးဖူလှုံနိုင်ရေး အတွက်ထင်သာမြင်သာသည့် စားဝတ်နေရေးဖော်ဆောင်ပေးမှု များမရှိ သောကြောင့် နှစ်စဉ်နှစ်တိုင်း စားနပ်ရိက္ခပြတ်လပ်မှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

Share.

About Author

Leave A Reply

*

code