ကြည့်တတ်ရင် မြင်တတ်ပါတယ်ဗျာ

0

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်) မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မူဆလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံနေ ရတဲ့ ကိစ္စနဲ့ပတ်သက် လို့ မြန်မာအစိုးရနှင့် ရခိုင်တွေသာလျှင် တာဝန် ရှိတယ်လို့ ပြောရမှာ ထက် စီးပွားရေး လောဘ သားကောင်ဖြစ်နေ တဲ့ နိုင်ငံကြီးဆိုသူတွေ ပိုပြီးတာဝန်အရှိ ဆုံးပါခင်ဗျား။

ဒီစီးပွား အမြတ်ထုတ်၊ ကိုယ်ကျိုးရှာ လောဘသားတွေကြောင့် ကမ္ဘာကြီးမှာ စစ်မီးကြီး နှစ်ကြိမ်ထလောင်ခဲ့ရပြီး၊ သိန်းနဲ့ ချီတဲ့ အပြစ် မဲ့ ပြည်သူတွေ သေကြေခဲ့ရတယ်။ ဒါတောင် ဒီနိုင်ငံကြီးတွေက ဗိုက်မဝသေးပါဘူး။ သူတို့ရဲ့ မိုက်မိုက် ကန်းကန်း စီးပွားကိုယ်ကျိုးရှာလို တဲ့ လောဘကြောင့် ကမ္ဘာပေါ်မှာ ရိုဟင်ဂျာကဲ့သို့ အသတ်ခံနေရသူ ဘယ်လောက် ရှိနေပြီလဲ ဆိုတာ ဖန်ဆင်းရှင် ဘုရားသခင်ဘဲ သိမှာ ပါ။

အဲဒီနိုင်ငံကြီးတွေရဲ့ နည်းပရိယာယ်ကိုလဲ ကြည့်ပါအုံး၊ ယင်းတို့ရဲ့ စီးပွားရေးပြိုင်ပွဲမှာ အစ္စလာမ်အယူဝါဒနဲ့ အဲဒီအ ယူကိုလိုက်နေတဲ့ မူဆ လင်တွေကို အကြောင်း ရင်းခံ ထားတယ်။ တချို့က မူဆလင်တွေကို ထောက်ခံသယောင်နဲ့ လမ်းကြောင်းကို လိုက်ပြီး ၊ နောက် တ ချို့ က အဲဒါကိုဆန့်ကျင်တဲ့ဘက်က မားမားမတ်မတ် ရပ်တည် ကြတယ်။

ဒီလိုပြောတော့ ဘာကြောင့်မူဆလင်ကိုဘဲ ပစ်မှတ်ထားသလဲ…ဆိုပြီး လူတွေမေးစရာတော့ ဖြစ်နေလိမ့်မယ်။ ရှင်းရှင်းလေး ပါ ။   ငွေရေးကြေးရေး  တတ်နိုင်တဲ့နိုင်ငံတွေ မှာ မူဆလင်နိုင်ငံတွေက အထူးသဖြင့် အာရပ်ကမ္ဘာက အများဆုံးဘဲလေ ။   ရောင်းလို့ကောင်း တယ်၊ အမြတ်ရဖို့ကောင်းတယ်။ ပြီးရင် မူဆလင်တွေဆီမှာဘုရား သခင်ပေးတဲ့ ငွေကြေးသာရှိကြပြီး နည်းပညာမရှိဘူးပေါ့။ ဥရောပရဲ့ ဇိမ်ခံပစ္စည်းတွေ၊ အမေရိကန်ရဲ့ခေတ်မီစက်ကရိယာတွေက အစ တရုတ်၊ အိန္ဒိယရဲ့ အစုတ်အပြတ် အထိ အကုန်ဝယ်ရတာဗျ။

ဒီအကြောင်းတရားရဲ့ အကျိုးဆက်ဟာ ရိုဟင်ဂျာလို ကံဆိုးတဲ့ လူနည်းစုတွေ သွေးစွန်းရတဲ့ ဘဝကိုဖြတ် သန်းနေ ရတာဘဲ ဖြစ်ပါတယ်။

ဗမာအစိုးရနဲ့ ရခိုင်အစွန်းရောက်ဝါဒီတွေကလဲ… မုသားတစ်ရပ်ကို အဖန်ဖန်သုံးခြင်းဖြင့် အမှန်တရားဖြစ်သွားတယ်… ဆိုတဲ့အတိုင်း သမိုင်းဆိုင်ရာ အထောက် အထားတွေ တောင်လိုပုံနေတာတောင် ရိုဟင်ဂျာတွေဟာ တဘက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေဖြစ် တယ် လို့ ပြောလိုက်၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးလို့ပြော လိုက်၊ အိုးအိမ် တွေဖျက် ဆီးပစ်ကာ မြစ်ချောင်းဘေးမှာ တဲထိုးနေရတဲ့ဘဝ ကို ရောက်စေခဲ့ပြီး တတိယနိုင်ငံ ခေါ်သွားပါလို့ ရင်ကော့ပြီး တောင်း ဆိုမှုပြုလိုက်၊ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပြီး ကြက်၊ ငှက်သဖွယ် သတ်ဖြတ်ပြီး လုံးဝမဟုတ်ဘူးလို့ ငြင်းဆန်တဲ့အပြင် မီဒီယာ တိုက်ပွဲဆင်နွှဲ့နေတယ်လို့ အပြတ်စွပ်စွဲ လိုက်၊ ပြောင်းပြန် အရေး ယူ နှိပ်ကွပ်ချေမှုန်းလိုက် အစရှိတဲ့ မုသားတွေကို မြန်မာ့သယံဇာတအပေါ် လောဘဇောတက်နေတဲ့ ထိုနိုင်ငံကြီးတွေ မသိဘူးဆို တာ ဖြစ်နိုင် ပါ့မ လား။ ဒီလောက်ခေတ်မှီတဲ့ စက်ကရိယာနဲ့ Information and Communication Technology (ICT) အထွဋ်အ ထိပ် ရောက်နေတဲ့ခေတ်မှာ အဲဒီနိုင်ငံကြီးတွေ မျက်စိလည် နေတယ်များ မထင်ပါနဲ့။ သူတို့တတွေ တိတိကျကျနဲ့ စုံစုံလင် လင် သိနေ တယ်။

ဆိုကြပါစို့၊ လွတ်လပ်တဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဘင်္ဂါလီများ မြန်မာနိုင်ငံထဲမှာ ခိုးဝင်နေထိုင်ကြတယ်ဆိုတာ လက်ခံရ အောင် အဲဒီနိုင်ငံကြီးသားတွေ အကုန်မြတ်စားတဲ့ အရာတွေဘဲလား။ သမိုင်းသက်သေခံ သာဓကတွေ ဖတ်လို့မ ကုန်အောင်ရှိတာ အလုပ်များလို့ လေ့လာဖို့အချိန်မရဘူးဆိုပါတော့၊ ၁၉၇၈ ကနေ ရိုဟင်ဂျာတွေနဲ့ လက်တွဲပြီး လုပ် ဆောင်လျက်ရှိတဲ့ အဲဒီနိုင်ငံသားတွေက သက်သေခံလျက်ရှိတယ်…ရိုဟင်ဂျာတွေဟာ ဘင်္ဂါလီနဲ့ ရိုးရာယဉ် ကျေးမှုနဲ့၊ ပြောစကားတွေ ဆင်တူ သလောက်ဆိုပေမယ့် ကွာခြားမှုတွေအများကြီးရှိတယ်…ဆိုတဲ့ အပြောကို မကြားပါ ဘူးဆိုတာ ဟုတ်ရဲ့လား။

ပြီးတော့ မြန်မာပြည်သူတွေကိုယ်၌က ကိုယ့်တိုင်းပြည်ကိုယ်မနေရဲလို့ အဲဒီနိုင်ငံကြီးတွေက ခိုလှုံခွင့်ပေးထား တာမ နည်းပါဘူး၊ အဲဒီလို နိုင်ငံတစ်ခုထဲကို ငွေကြေး အနည်းငယ်ပေးရုံဖြင့် လွယ်ကူစွာ နိုင်ငံကူးပါ့စ်ပို့ရယူပြီး ကြိုက် တဲ့နိုင်ငံ ကို သွားနိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်သူတွေ ခိုးဝင်ပြီး၊ လဝကကို ပိုက်ဆံတောင်လို ပုံပေးနေထိုင်တယ် ဆိုတာ လက္ခံနိုင်စရာလား။ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ မလေးရှား နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်တို့က မြန်မာနိုင်ငံ က ရိုဟင်ဂျာတွေ သူတို့နိုင်ငံထဲမှာ ဘယ်လောက်နေထိုင်လျက်ရှိတယ်ဆိုပြီး မြန်မာပြည် ပြန်ပို့ဖို့ ဘယ် လောက်ကြိုးပမ်းနေတယ်ဆိုတာ အဲဒီနိုင်ငံကြီးတွေ မသိလို့လား။

ဒါတွေအကုန်ဘေးချိတ်ထားပါ။ ဗမာစစ်အုပ်စုနဲ့ ရခိုင်အစွန်းရောက်တွေ ပြောစကားအတိုင်း ခိုးဝင်နေထိုင် လျက်ရှိ တယ်ဆိုရင်တောင် အရေအတွက်အားဖြင့် နည်းနည်း ပါးပါး မဟုတ်ပါဘူး။ သိန်း၊ သန်းနဲ့ချီတဲ့ အခြားနိုင်ငံက နိုင်ငံသားတွေ နိုင်ငံတစ်ခုကို ဝင်ရောက်နေ ထိုင်ရာကလဲ မြေပိုင်ယာပိုင်ရှိနေတယ် အထိပါဘဲ။ အဲဒီလိုခိုးမဝင်ခင် ဒီရခိုင်မှာ မူဆလင်တွေအခု နေထိုင်ကြတဲ့ မြို့နယ်တွေအား လုံး ဟာ မြေကွက်လပ်ကြီးများလား။ မဆလ ခေတ်က ၁၉၇၈ ခုနှစ်ကတစ်ကြိမ်၊ နဝတခေတ် ၁၉၉၁ ခုနှစ် တုန်းကတစ်ကြိမ် ထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေကို ပြည်တော်ပြန် ခွင့်ပြုပုံ၊ နဝတ တက်လာကတည်းက နစကတပ်ဖွဲ့ကိုပို့ပြီး (၃) လ တစ်ကြိမ် မိသားစုဓါတ်ပုံများ ရိုက်ပြီး လူ အဝင် အထွက်၊ အလျှော့အတိုးကို ကျစ်ကျစ်လစ်လစ် စိစစ်ခဲ့ပုံ၊ အဖြူရောင် ယာယီ နိုင်ငံသားကဒ်ပြားတွေ ကိုအမျိုးသား မှတ်ပုံတင်နဲ့ လဲပြီးပေးခဲ့ပုံ၊ အရွယ်ရောက်သူ ရိုဟင်ဂျာအားလုံးကိုလဲ အဲဒီကဒ်ပြားများ ပေးကိုင်စေခဲ့ပုံ အဲဒါတွေအား လုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတွေပါလို့ ပြောနေတာနဲ့ မတူဘူးလား။ ဘာလို့ အဲဒီအချိန်မှာ မမောင်း ထုတ်ဘဲနဲ့ အခုမှလာပြီး ဒါမျိုးတွေပြောတာကို နားလည်တဲ့ သူ မရှိတော့ဘူးလား။

ဝန်ကြီးဦးခင်ရီက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ပြောခဲ့တယ်။ မရှိယင်မရှိတော့ဘူးဘဲ ထားလိုက်ပါ။ ဒီလိုဆိုရင် စစ်တွေမှာ ဘာဖြစ်လို့ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ တစ်ဦးဦးကဖြည့်လိုက်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ရတာလဲ။ ဟိုရှေ့ ဖုံး   နောက်ပေါ်…ဆိုတာနဲ့ မတူလွန်းဘူးလား။

ဦးခင်ရီရေ…လိမ်များလိမ်ချင်တယ်ဆိုရင် ပီပီပြင်ပြင် လုပ်ပါလို့… ပြောရမလိုပါဘဲ။ MSF ကို ရခိုင်ပြည်နယ်ကနေ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ရပ်ခိုင်းလိုက် တာက နောက်ထပ်သက်သေခံ အချက်တချက်ဖြစ်နေတယ်။ MSF ဟာ ဒု-ချီးရားတန်း ကိစ္စမှာ ရိုဟင်ဂျာတွေဖက်က မမှန်မကန် ဘက်လိုက် ပြောဆိုခဲ့တဲ့အတွက် လုပ် တယ် လို့ပြောတယ်။ အဲဒီအဖွဲ့က ဒု-ချီးရားတန်း ကိစ္စနဲ့ပတ်သက်ပြီး ယင်းတို့နှင့်ဆက်နွယ်ခဲ့တဲ့ အကြောင်းကိုဘဲ ပြောခဲ့ တာပါ။ ယင်းကိစ္စကို ဘယ်တုန်းက ဘယ်လို ဖန်တီးပြီး ဘယ်သူကတာဝန်ရှိတယ်လို့ ပြောခဲ့တာမဟုတ်ပါ။ တနည်းပြော ရယင် ဘယ်သူ့ကိုမှ အပြစ်ပြောခဲ့ခြင်းမဟုတ် သလို၊ မြန်မာပြည် တွင်းရေးမှာလဲ ဝင်ရောက် စွက်ဖက်တာ မဟုတ်ပါဘူး။ ဒီတော့ သူတို့ကို အရေးယူတယ်ဆိုရင် ရိုဟင်ဂျာတွေကို ဆေးဝါးကုသခဲ့လို့ပါဘဲ။ အဲလိုမဟုတ်ရင်တော့ အစိုးရအ နေဖြင့် တကယ်ဘဲအမှန် တရားကို ဖော်ထုတ်ပြီး အကြောင်းရင်းကို သိလိုတဲ့ ဆန္ဒသာရှိခဲ့ရင် ယင်းတို့ပြောတဲ့ စကားကို ယင်းတို့နဲ့ပူးပေါင်းပြီး ဖော်ထုတ်ဖို့လုပ်ရမှာ ဖြစ်တဲ့အပြင်၊ ယင်းတို့အား အမှန်တရား ဖော်ထုတ်ရာတွင် ကူညီခဲ့တဲ့အ တွက် ကျေးဇူးတောင်တင်အုံးမှာ ဖြစ်ပါတယ်။

နိုင်ငံကြီးတွေဟာ အဲလောက်လဲ ငတုံးကြီးတွေ ဟုတ်ပါ့မလား။ MSF ကို ပထုတ်လိုက်၊ NGO တွေကို မောင်းထုတ်ရန် တောင်းဆိုလိုက်၊ ကုလသမဂ္ဂကို ဆန္ဒပြလိုက်၊ OIC ကို ကန့်ကွက်လိုက၊် နိုင်ငံတကာ ဝင်ရောက်စုံစမ်းမှုကို ငြင်းဆန် လိုက်၊ လူ့အခွင့်အရေးအ ဖွဲ့အ စည်းတွေကို ရိုဟင်ဂျာ lobby ဆိုပြီး စွပ်စွဲလိုက်…စတာတွေ အကုန်လုံး ကို တချိန်လုံး တောက်လျှောက်လုပ်လာခဲ့တာကို နားမလည် ဘူးများ ထင်သလား။ ဒီလောက် လိမ်လိမ်မာမာနဲ့ ပိုင်ပိုင်နိုင်နိုင် လုပ်နေနိုင်တာကို သိသိကြီး၊ ချီးကျူးထော ပနာပြုပြီး ပီတိဖြစ်နေတာ မဟုတ် ဘူး လား။

အခုလဲကြည့်ပါအုံး… ဥပဒေတစ်ရပ်ပြဋ္ဌာန်းလိုက်တယ်။ ရိုဟင်ဂျာတွေ အိုးအိမ်ပြင်ဆင်ခွင့် ဥပဒေ ဆိုပါတော့။ တိုက် အိမ် ဆိုရင် အခွန်က သိန်း (၂၀)၊ သစ်လုံးအိမ်ဆိုရင် (၁၅) သိန်း၊ ပြီးရင် ဝါးကပ်အိမ်ဆိုရင် (၁၀) သိန်း ပေးဆောင် ရမယ်။ နှစ်ဆယ်စုနှစ်ခုနီးပါး တစ်စုံတစ်ရာ လုပ်ကိုင်စားသောက်ခွင့်မပြုတဲ့ လူတွေ မိမိအိမ်လေး ကို ပြုပြင် ဖို့အရေး အဲလောက်ငွေကြေး ဘယ်တတ်နိုင်ပါ့မလဲ။ အဲဒါ ဆောဖ့်ပေါ်လစီ ဖြစ်ပါတယ်။ အဲဒီပမာဏကိုမပေး နိုင် တော့ သူတို့ရဲ့နေအိမ်တွေဟာတဖြည်းဖြည်းနဲ့ အလိုလို ပြိုလဲကျပြီး တဲထိုးနေရမယ့်ကိန်း ဆိုက်ရောက်လာပါလိမ့်မယ်။ အိုးအိမ်မရှိတဲ့ဟာကို နောက်ဥပဒေတစ်ခုနဲ့ အစိုးရပိုင်ဖြစ်အောင်လုပ်မယ်။ ဒါမှမဟုတ် တစ်ဖက်နိုင်ငံက ခိုးဝင်လာသူ တွေမို့လို့ အိုးအိမ်အတည်တကျမရှိတာဘဲ…လို့ ပြောလာလိမ့်မယ်။ အစိုးရထုတ်ပေးထား တဲ့ စာရွက်စာတမ်းတွေကို မလွယ်ပေါက် ကနေ အကျင့်ပျက် ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ရယူတယ်လို့ပြောမယ်။ ပြီးရင် IDP အဖြစ် အကုန် Refugee လုပ်ပစ်လိမ့်မယ်။

မည်သို့ပင်ဆိုစေ အခုရိုဟင်ဂျာတွေ ကံဆိုးမိုးမှောင်ကျနေရတဲ့ ဒီခရီးကြမ်းဟာ တော် တော်နဲ့ မပြီးဆုံးမှာဟုတ်သေး ပါဘူး။ သူတို့ကို မျှော်ကိုးပြီး တစ်စုံတစ်ရာ ပြောင်းလဲလိမ့်မယ်လို့ အိမ်မက်မက်နေ ရင်တော့ ….

Share.

About Author

Leave A Reply

*

code