ချင်းပြည်နယ် တောင်ပိုင်း ဆမီးမြို့နယ်ခွဲ ပျဉ်ဝအုပ်စု အိုးဘိုဝကျေးရွာနေ ခူမီး(ချင်း) အမျိုးသမီး ၂ ဦးသည် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်ညအချိန်၌ အိုးဘိုဝကျေးရွာ ရေချိုးဆိပ်တွင် ဓါတ်မီးဖြင့်ငါးရှာနေစဉ် အလိုမတူ အတင်းအဓ္ဓမပြုကျင့်မှုခံခဲ့ရ သည်ဟု သိရသည်။ အသက် ၁၇ နှစ်အရွယ် အဌမတန်းကျောင်းသူ နှင့် တရွာတည်းနေ အမျိုးသမီး တို့သည် အိုးဘိုဝကျေးရွာ ရေချိုးဆိပ်တွင် ဓါတ်မီးဖြင့်ငါးရှာနေစဉ် ရခိုင်အမျိုးသားများဖြစ်ကြသော ဆမီးမြို့နယ် (ခွဲ)၊ အမှတ်(၁) ရပ်ကွက်နေ အဘဦး လှသန်းမောင် ၏သား မောင်ဘိုချေနှင့် တရပ်ကွက်တည်းအတူနေ အဘ ဦးစံထွေးအောင်၏သား မောင်မင်းဌေးတို့က တားဆီးရိုက်နှက်ပြီး အလိုမတူ အတင်းအားဓမ္မ သားမယားပြုကျင့်ခဲ့ကြောင်း ကံယာကံရှင်တို့၏ ထွက်ဆိုချက်အရ သိရသည်။
မောင်ဘိုချေ နှင့် မောင်မင်းဌေးတို့က အဆိုပါအမျိုးသမီး ၂ ဦးကို ရေချိုးဆိပ်မှ ပေ ၁၀၀ ခန့်အကွာ ချောင်းနှဘေးသို့ ပါးစပ်ပိတ်၍ တစ်နေရာစီဆွဲခေါ်ကာ အတင်းအဓ္ဓမ ပြုကျင့်ခဲ့ကြခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
အခင်းဖြစ်ပွားချိန်တွင် အမျိုးသမီးတစ်ဦးမှ အော်ဟစ်၍ အကူအညီတောင်းခံရာမှ အိုးဘိုဝကျေးရွာမှ ရွာသားများ ဓါတ်မီးဖြင့် ဆင်းလာသည့်အချိန်တွင် အဓ္ဓပြုကျင့်သူ အမျိုးသား ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မောင်ဘိုချေ နှင့် မောင်မင်းဌေးတို့ မိဘများက အဓ္ဓမပြုကျင့်ခံရသည့် အမျိုးသမီး ၂ ဦး တို့၏ မိဘများထံ ငွေကြေးဖြင့် အမှုကျေအေးပေးရန် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသော
ထို့သို့အမှုဖွင့်တိုင်ကြားပြီးေ