Alpha & Omega Company မှ ပေးစာ

0

သို့

အယ်ဒီတာချုပ်

Khonumthung News Journal

 

၂၀၁၄ ခုနှစ် ဧပြီလထုတ် ချင်းဂျာနယ် Khonumthung News Journal Vol. II, No.4 စာမျက်နှာ ၅ တွင် ရေးထားသော “ထန်တလန် – လုံလဲရ် ကားလမ်းဖောက်လုပ်မှု လူထုမကျေနပ်” ဟူသော သတင်းနှင့် ပါတ်သက်၍ –

 

၁။ ပြည်ထောင်စုအစိုးရက လမ်းမကျယ် ၂၄ ပေ၊ လမ်းကွေ့ ၃၄ ပေ ဖြင့် ဖောက်လုပ်ရန် ၂၀၁၃ မှ ၂၀၁၄ ခုနှစ် မတ်လ အတွင်း အပြီးဖောက်လုပ်ရန် ချမှတ်ထားခြင်းဖြစ်ပြီး လမ်းအကျယ် ပေ ၂၀၊ လမ်းအကွေ့ ၂၄ ပေ ခန့်သာ ရှိကြောင်း The Hakha Post ကို ကိုးကားပြီးရေးသားခြင်းနှင့်ပါတ်သက်၍ ၄င်းတို့သတင်းဌါနအနေဖြင့် သတင်းမှား ရေးမိခြင်း ဖြစ်ကြောင်း ဝန်ခံပြီးဖြစ်သည်။

 

၂။ ရေးမြောင်းဖောက်လုပ်မှုအတွက် တာဝန်မရှိကြောင်း Alpha & Omega Company က ငြင်းဆိုထားသည် ဟု ရေးသားခြင်းနှင့်ပါတ်သက်၍ – မိမိတို့ ကုမ္ပဏီအနေဖြင့် ထိုကဲ့သို့ ငြင်းဆိုထားခြင်းမရှိသည့်အပြင် ရေမြောင်းတူး ဖော်ခြင်းလုပ်ငန်းကို ၆၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ကျော်ပြီးဆုံးပြီး ဖြစ်သည်။

 

၃။ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung ကလည်း ချင်းပြည်နယ် အတွင်း ကားလမ်းဖောက်လုပ်မှုများအနက် အညံ့ဆုံးကားလမ်းဖြစ်မည်ဟု ဝေဖန်သွားကြောင်းလည်း ပြောကြသည် ဟု ရေး သားခြင်းမှာ မတိကျ မခိုင်လုံသောသတင်းဖြစ်ပြီး အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ထိုကဲ့သို့ အမှန်တ ကယ်ပြောဆိုခဲ့ပါက မိမိတို့ ကုမ္ပဏီကို ထိခိုက်နစ်နာစေရန် တမင်သက်သက် ဝေဖန်ပုတ်ချခြင်းဖြစ်သည်ဟု ခံယူသည်။

 

၎။ Hmunhal ကျေးရွာအတွက် ကျပ် သိန်း ၁၅၀ တန်ဖိုးရှိ ရေပိုက်သွယ်ယူရေးကို ကန်ထရိုက်ယူထားသော်လည်း ရေပိုက်သာဝယ်ယူပြီး လုပ်ငန်းအကောင်အထည်ဖော်မှု မရှိသေးကြောင်းနှင့် ရေပိုက်အတွက် ချပေးသည့်ငွေအားလုံး ထုတ်ယူသွားပြီးဖြစ်သည် ဟု ရေးသားခြင်းနှင့် ပါတ်သက်၍လည်း လုပ်ငန်း ၈၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ကျော်ပြီးစီးပြီး ဖြစ်ကြောင်းများကို အသိပေး လိုပါသည်။

 

ချင်းဂျာနယ် The Khonumthung News မှတဆင့် ပြည်သူကို သတင်းမှန်ပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့်

 

Alpha&Omega Construction Co., Ltd.

ချင်းပြည်နယ်ရုံးခွဲ၊ ဟားခါးမြို့

 

 ခိုနုမ်းသုန် သတင်းအယ်ဒီတာ မှ တောင်းပန်ခြင်း

 သို့

Alpha&Omega Construction Co., Ltd.

သတင်းမှား ကိုးကားမှုအပေါ် နားလည်ပေးသည့်အတွက် အထူးဝမ်းသာကြောင်း၊  ချင်း လူမျိုးပိုင် တခုတည်းသော အဆင့်အတန်းမှီ Alpha & Omega Construction Co., Ltd. သည် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင်  Transparency ရှိရှိဖြင့် ရေရှည် တည်နေနိုင်စေကြောင်း ဆန္ဒပြုလျက်

အယ်ဒီတာချုပ်

Share.

About Author

Leave A Reply

*

code