ပလက်ဝမြို့  ဘင်္ဂလီ မိသားစု ရုတ်တရက် ပျောက်ဆုံး

0

Paletwa1

 

ချင်းပြည်နယ်ပလက်ဝမြို့၊ မြို့မရပ်ကွက်တွင်နေထိုင်သူ ရှော်ဖီအာမတ်(ခ)ဦးဌေးဝင်း (ဘင်္ဂလီလူမျိုး) နှင့် ၄င်း၏ မိသား စုဝင် ၄ ဦးတို့ သည် ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့နံနက် ၂း၀၀ နာရီခန့်က နေအိမ်မှ ရုတ်တရက် ပျောက်ဆုံး သွားကြ ကြောင်း သိရသည်။  ဦးဌေးဝင်းမိသားစု အပါအ၀င် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အလည်အပတ်ရောက်ရှိလာသည့် နောက် မာလ်(ခ) ခင် မောင်သန်း နှင့် မဟူရာ ဂျော်နက်(ခ)ဦးမြခင် တို့လည်း ပါဝင်ကြောင်း သိရသည်။

သူတို့ပျောက်ဆုံးပြီး နေ့ခင် ၁၂း၀၀နာရီခန့်တွင် မြို့မ ရပ်ကွက် ဆယ်အိမ်မှူး ဦးမောင်ဖြူမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သတင်းပို့ပြီး ထိုမှ တဆင့် မြို့နယ် လ၀က မှူး ဦးကျော်ဇောခိုင် နှင့် တာဝန်ရှိများမှ သွားရောက်စစ်ဆေးပြီး နေအိမ်မှ ပျောက်ဆုံးကြောင်း အတည်ပြုကြသည်။

 

အဆိုပါမိသားစုသည် ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း ဒုက္ခသည်စခန်းသို့ သွားရောက်ဘွယ်ရှိကြောင်း သိရသည်။

 

” သူတို့ဆီမှာ လာရောက်တည်းခိုနေတဲ့ နောက်မာလ်(ခ)ခင်မောင်သန်းသည် သဲချောင်းဒုက္ခသည်စခန်းမှာ နေထိုင် သူဖြစ်တယ်၊ သူက ခေါ်သွားဖွယ်ရှိပါတယ်” ဟု မျက်မြင်ဖြစ်သူ ဆလိုင်းကျော်အောင်က ပြောသည်။

 

အိမ်ထောင်ဦးစီးဖြစ်သူ ရှော်ဖီအာမတ်(ခ) ဦးဌေးဝင်းသည် ၄င်း၏ မိသားစု ဇနီး အာဇေရာ(ခ)မဇင်းမိုးလွင်၊ သမီး အယ်ရ်ဖါနာ(ခ)မမိုးအိသစ္ဓ္ဓာ နှင့် သမီး ရီနာသ်(ခ)မဖူးပွင့်ငုံ တို့နှင့် အတူ ဈေးဆိုင်တည်ပြီး အသက်မွေးဝမ်း ကျောင်းပြု နေသူဖြစ်သည်။

Share.

About Author

Leave A Reply

*

code