ထောင်ထွက် ကုလားလူမျိုးက ကိုယ်ဝန် ၈ လလွယ် အမျိုးသမီးသတ်ဖြတ်

0

OLYMPUS DIGITAL CAMERA

 

ချင်းပြည်နယ်မြို့တော်ဟားခါး၊ မြို့ဟောင်းရပ်ကွက်နေ ရဲဘက်စခန်းတွင် ၁၀ နှစ်ကြာ အကျဉ်းချခံရဘူးသူ  အသက် ၅၇ နှစ်အရွယ် Pu Suitling ၊ ကုလားနာမည် Saila ဆိုသူက ၈လ ကိုယ်ဝန်လွယ်နေသူ Pi Biak Zing (43) အား ယနေ့ နံနက် ၆း၃၀ ခန့်က သတ်ဖြတ်လိုက်သည်ဟု သိရသည်။

သေဆုံးသူသည် အမှုကျုးလွန်သူ Pu Suitling ( saila) ၏ အကိုတော်သူ Pu Maung Aung Myint ၏ ဇနီးဖြစ်ပြီး ဥယာဉ်ခြံပေါင်းရှင်းရန် ဟု ဆွဲခေါ်ပြီး အိမ်နား ဥယာဉ်ခြံ အရောက်တွင် သေဆုံးသူ၏ ညာဖက်နောက်စေ့တွင် ပေါက် စိန်ဖြင့် သုံးချက်တိတိရိုက်ပြီး သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

Pu Suitling သည် အကျဉ်းထောင်မှ လွတ်လာပြီးနောက်ပိုင်း ၄င်း၏ အကို Pu Maung Aung Myint မိသားစုနှင့် အတူနေထိုင်စဉ် သေဆုံးသူကလေးငါးဦးမိခင်   Pi Biak Zing နှင့် ရည်ငံခဲ့သောကြောင့် လင်ဟောင်းဖြစ်သူ Pu Maung Aung Myint နှင့် ကွာရှင်းခဲ့ကြသည်။

 

သို့သော် Pu Suitling ခရီးလွန်နေစဉ် Pi Biak Zing သည် ၄င်း၏ လင်ဟောင်း Pu Maung Aung Myint နှင့် ပြန် လည် ပေါင်းသင်းခဲ့သဖြင့် Pu Suitling မှ ယခုလို သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဆွေမျိုးအသိုင်းအ၀ိုင်းထံမှာ သိရ သည်။

 

ယခု Pi Biakzing  လွယ်ထား သည့် ကိုယ်ဝန်သည် Pu Suitling နှင့် ရရှိသည့် ကိုယ် ၀န်ဖြစ်ကြောင်း အမည်မ ဖော်လိုသူ တဦးက ဆိုသည်။

 

Pu Suitling အမှုသည် ပုဒ်မ ၃၀၂ လူသတ်မှုမြောက်သဖြင့် သက်ဆိုင်ရာ ပြည်သူ့ရဲတွေက သုံးဖွဲ့ခွဲကာ အပူတပြင်း လိုက်ရှာနေကြကြောင်း ပြစ်မှုကျုးလွန်သူအား ဖမ်း ဆီးပြီး ချက်ချင်း အမှုဖွင့်မှာဖြစ်ကြောင်း မြို့နယ် ဒုတိယ ရဲမှူး Pu Khenhrang က ပြောသည်။

Share.

About Author

Leave A Reply

*

code