ချင်းနိုင်ငံရေးသမိုင်း (၃)

0

ဆလိုင်းချင်းဖြူ –

ဗြိတိသျှခေတ်ချင်းပြည်အုပ်ချုပ်ရေး၊ နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းနိုင်ငံအားနှစ်ပေါင်းများစွာတိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်၊ ထိုစဉ်က ချင်းနိုင်ငံရေး စနစ်သည် ဟောင်းနွမ်းဆွေးမြေ့နေပြီး ခေတ်မမီတော့ချေ၊ စော်ဘွားနယ် အချင်းချင်း ရန်စောင်တိုက်ခိုက်ခြင်း၊ အိမ်နီးချင်းများနှင့် မကြာခဏ စစ်တိုက်ခြင်း၊
ခေတ်နှင့်အညီ တိုးတက်နေသော ပတ်ဝန်း ကျင်နိုင်ငံနှင့် ဆက်ဆံမှုမရှိခြင်း၊ ပြင်ပလောကနှင့် ကုန်စည် ကူးသန်းရောင်းဝယ်ဖောက်ကားမှု မရှိ၍ လူနေမှု
အဆင့်အတန်းနိမ့်ကျလွန်းခြင်း၊ ခေတ်မီကောင်းမွန်သော ကုန်ထုတ်ကိရိယာ နှင့် ကုန်ထုတ်လုပ်ငန်း မရှိခြင်း၊ လက်နက် ခဲယမ်းမီးကျောက် မရရှိနိုင်ခြင်း၊
ခေတ်မီပြီး စည်းစနစ်ကောင်းမွန်သောလက်နက်ကိုင်တပ်ဖွဲ့မထားရှိနိုင်ခြင်း စသောအကြောင်းများ ကြောင့် နယ်ချဲ့တို့၏ ကျုးကျော် တိုက်ခိုက်မှုဒါဏ်ကို
ရေရှည်တွင် မခံနိုင်ဘဲ  လက်မြှောက် အရှုံးပေးရလေတော့သည်၊ အင်္ဂလိပ်တို့သည် ချင်း စော်ဘွားများနိုင်ငံအား သိမ်းပိုက်လိုက်သည်နှင့်တပြိုင်နက်  Divide
& Rules( D & R ) ခေါ် သွေးခွဲအုပ်ချုပ်ရေးစနစ်ကို စတင်ကျင့်သုံးလေတော့သည်၊

 

ပထမဦးစွာသိမ်းပိုက်ထား သော စစ်တကောင်းနယ်အားဘင်္ဂလားနယ် တွင်ထားပြီး အုပ်ချုပ်ခဲ့သည်၊ ထို့နောက်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄–၁၈၂၆)အပြီး အာသံ၊ မဏိပူရ် နှင့် ရခိုင်နယ်တိုအင်္ဂလိပ် လက်အောက် ကျရောက်လာသောအခါ ထိုဒေသ များမှ ချင်းအနွယ်ဝင်များ ဖြစ်သည့် နာဂ၊ ကသည်း၊ ထာ့ဒိုး ၊ အရှို၊  ခူမီး၊ မြို ၊ ယင်ဒူး၊ ကောက်ကဒန်းစသော သွေးချင်း များသည်လည်း အင်္ဂလိပ်တို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်၊ များ မကြာမီ တြိပူရနှင့် ကချာရ်၊  ဂါရို၊ ခါဆီနယ် များကိုလည်းသိမ်းပိုက်ကြပြန်သည်၊ ထိုနယ်များရှိ ကသည်း ခေါ် မေးတေ ချင်းများနှင့် မှာရ်၊ လူရှေချင်း များကိုလည်း တပါတည်းသိမ်းပိုက်ကြပြန်သည်၊

 

အင်္ဂလိပ်တို့သည် ၄င်းတို့၏ နယ်ချဲ့ကျုးကျော်စစ်ကို ဆက်လက်ဆင်နွှဲ့နေရာ မြန်မာနိုင်ငံအောက် ပိုင်း သရက်မြို့အထိ ဆက်လက် သိမ်းကြပြန်ပြီး ထိုဒေသရှိ အရှို နှင့်ချိုးချင်းများအား ၄င်းတို့၏လက်အောက်တွင် သိမ်းသွင်းကြပြန်သည်၊ အင်္ဂလိပ်တို့သည်ထိုမျှနှင့် မရောင့်ရဲနိုင်ဘဲ အထက်မြန်မာပြည် နှင့် နယ်နိမိတ်ချင်းထိ စပ်နေ သော အရှေ့ချင်းလဲန်ခေါ် ချင်းပြည်နယ်ကိုလည်း သက္ကရာဇ် ၁၉ဝ၅-ခုနှစ်တွင်သိမ်းပိုက်ခဲ့ပြန်သည်၊ဤသို့ဖြင့် ချင်းတို့ ၏ ဘိုးဘေး လက်ထက်ကတည်းက ပိုင်ဆိုင်လာခဲ့သော တောင်တန်း ဒေသတစ်ခုလုံးနီး ပါးသည် အင်္ဂလိပ်တို့ ၏အုပ် ချုပ်မှုအောက်သို့ ကျရောက်ရ လေတော့ သည်၊
အင်္ဂလိပ်တို့သည် ချင်းတို့၏ ရဲစွမ်းသတ္တိပြောင်မြောက်ပုံကိုကောင်းစွာရိပ်မိသဖြင့်မိမိတို့အားတန်ပြန် မတိုက်ခိုက်မတော်လှန်နိုင်စေရန် ချင်းလူမျိုးတို၏ ကိုင်ဆောင်နေသောသေနတ် များ ကိုဦးစွာသိမ်းဆည်း ခဲ့သည်၊ ချင်း လူမျိုးများထံ မှသိမ်းဆည်းရရှိထားသည့်သေနတ်များကို အောက်ပါအတိုင်း လေ့လာမှတ် သားနိုင်ပါ
သည်၊
စဉ်။    နယ်မြေ               အရေအတွက်
၁၊      တိုက်ရွန်း                   ၂၅၅
၂၊      ဇာဟောဝ်                      ၄ဝ
၃၊      ဟွာလ်းငိုး                      ၇၆
၎၊      ဟာခါး                         ၆၅ဝ
၅၊      ထန်တလန်                 ၄၉ဝ
၆၊      ဇိုးခွါး                            ၁၄ဝ
၇ ၊     ဟာခါး ( တောင်ဖက် ) ၉၄ဝ
၈ ၊         ဆီဇန်း (င် )              ၄၃၃
၉ ၊         ဆုက်တဲ                    ၃၄ဝ
၁ဝ ၊       ဆုက်တဲ(အရှေ့)       ၅၅၃
၁၁ ၊       ကမ်ဟောဝ်              ၃ဝ၇
၁၂ ၊       ထာ့ဒိုး                       ၁၂၃
သေနတ်အလက်ပေါင်း          ၄၃ဝ၂

 

ဗြိတိသျှတို့သည်၎င်းတို့၏ သြဇာအာဏာခိုင်မြဲစေရန်အတွက် စော်ဘွားများအားအုပ်ချုပ်ရေး တာ ဝန်ကို ယူစေပြီး တိုက်ရိုက်အုပ်ချုပ်စေကာ တိုက် သူကြီး၊ ရွာသူကြီးများအဖြစ်မိမိတို့လက်အောက်တွင် အမှုထမ်း ဆောင်စေသည်၊ ရွာသူကြီးများ၊ တိုက်သူကြီး များမှတဆင့် စစ်တပ်နှင့်ရဲတပ်သားလောင်းများကို စုဆောင်းရ သည်၊ ချင်းလူမျိုးများအား မိမိတို့ကိုယ်ရံတော် တပ်ဖွဲ့တွင်အမှုထမ်းဆောင်စေခြင်းသည် အလွန်လိမ်မာ ပါးနပ်လှပေသည်၊ နည်းဖြင့်ချင်းတို့၏ ရန်ဆူးရန်ငြောင့်များကို ဖယ်ရှားခဲ့လေသည်၊

 

ချင်းပြည်တစ်ပြည်လုံးအား သိမ်းပိုက်ပြီးနောက်အင်္ဂလိပ်တို့သည် ချင်းပြည် ပြန်လည်ပူးပေါင်းရေး အတွက်စတင်ခြေလှမ်းရန်ပြင်ဆင်ကြလေသည်၊
ပထမဦးစွာမြောက်နှင့်တောင်လူရှေတောင်တန်းအား ၁၈၉၈ခုနှစ်တွင် ပူးပေါင်းစေပြီးနောက် ရခိုင်တောင်တန်းနှင့်ပူးပေါင်းရန်စီစဉ်ကာ နောက်ဆုံးတွင် လက်ရှိမြောက်ပိုင်းချင်းပြည်နယ် (ထို စဉ်က ချင်းတောင်)နှင့်ပူးပေါင်းရမည်ဖြစ်သည်။ အစီအစဉ်ကိုထိရောက်စွာ အကောင်အထည် ဖော်နိုင်စေရန် Chin Hill Regulation Act ၁၈၉၆ ခေါ်  ချင်းတောင်တန်း စည်းမျဉ်းကိုပြဌာန်းပေးခဲ့သည် ၊ ပထမဆုံးခြေလှမ်းအဖြစ်မြောက် နှင့် တောင် လူရှေ တောင်တန်းကို ၁၈၉၈-ခုနှစ်တွင် ပူးပေါင်းစေနိုင်ခဲ့သည်၊ ကျန်ဒေသများ မပူးပေါင်းပေးနိုင်မီ ကမ္ဘာ စစ်ကြီး ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွါးလာခဲ့သဖြင့် ချင်းတောင်ပူးပေါင်းရေး လုပ်ငန်းများကို ဆက်လက် မဆောင်ရွက် နိုင်ကြတော့ချေ၊
ပထမကမ္ဘာစစ်ကြီးကာလတွင် အင်္ဂလိပ်တို့ သည် ၄င်းတို့၏ စစ်မျက်နှာများသို့ချင်းလူမျိုးထောင် ပေါင်းများ စွာ အားချောဆွဲခဲ့လေသည်၊ ထိုသို့ချောဆွဲသည်ကို မလိုက်လျောသော ချင်းများ နှင့်တိုက်ပွဲများဖြစ်ခဲ့ရသည်၊ ထိုမျှသာ မက၊ ချင်းတို့၏ ဆန့်ကျင်တိုက်ခိုက်မှုကို မကြာခဏ ခံနေကြသဖြင့် ချင်း လူမျိုးတို့အားနိုင်ငံရေးလုပ် ကိုင်ခွင့်မ ပေးဘဲ မိမိတို့သစ္စာ ခံဝန်ထမ်းများအတွက်လေ့ကျင့်ပျိုးထောင်ကြသည်၊
စာသင်ကျောင်းများဖွင့်လှစ်ပေးခြင်း၊ ဝန် ထမ်းများခန့် အပ်ပေးခြင်းများပြုလုပ်လာသည်၊ ကုန်ထုတ်လုပ်ငန်းများခေတ်နောက်ကျလွန်းသဖြင့် မြေပြန့်ဒေသ များ ကဲ့သို့
မြေခွန်တော်များအားမထားနိုင်သောကြောင့်အင်ပါယာလုံခြုံရေးအတွက် ချင်းစစ်တပ်ကိုဖွဲ့စည်းကာ အသုံးချ လေ တော့သည်၊ အင်္ဂလိပ်အုပ်ချုပ်ရေး စတင် သည်နှင့်ခရစ်ယန်သာသနာပြုများရောက်ရှိလာကြကာ ချင်းစာ ပေများ တီထွင်သင်ကြားပို့ချပေးသောစာသင်ကျောင်းများပေါ်ပေါက်လာသည်၊စာသေင်ကြား တတ်မြောက် ခြင်းဖြင့် စစ်ဖက် နယ်ဖက် ဝန်ထမ်းများပေါ်ပေါက်လာသည်၊

ချင်းတောင်တန်းစည်းမျဉ်းကို ဆက်လက်အကောင်အထည်ဖော်သည့်အနေဖြင့် ၁၉၁၁ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၁၇ ခုနှစ်တွင်တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင်ပြင်ဆင်တိုးချဲ့ခဲ့သည်၊ ထိုစည်းမျဉ်းအရ ယခင် ပခုက္ကူ တောင်တန်းအား မကွေး တိုင်း မှခွဲထုတ်ပြီး ချင်းတောင် (ဖလမ်းခရိုင်)သို့သွတ်သွင်းသည်၊ွှအတွက်ေ’ကာင့် လည်းချိုး ချင်းများ.ဆန့် ကျင် တိုက်ခိုက်ခြင်းခံကြရသည်၊ ဆောင်ရွက်ချက်မှာ ချင်းလူမျိုးများအဖို့သင့်တော်လျှောက်ပတ်သောအရာဖြစ်ပြီး ချင်းများ ကိုယ်တိုင် အတွက်မူ အထူးခက်ခဲပေလိမ့်မည်ဖြစ်သည်၊
ကန်ပက်လက်မြို့တွင်နယ်ပိုင်ဝန်ထောက် အားခန့်ထားကာ ပခုက္ကူတောင်တန်းကို အုပ်ချုပ်စေသည်၊ ရခိုင်တောင်တန်းဖြစ်သောပလက်ဝနယ် လည်းရခိုင်တိုင်းမင်းကြီး၏ တိုက် ရိုက်အုပ်ချုပ်မှုအောက်မှ ခွဲထုတ်ကာ ချင်းတောင်အုပ်ချုပ်မှုအောက်တွင်ထားရှိ သည်၊ချင်းတောင်တစ်ခုလုံး အားစစ် ကိုင်းတိုင်းမှတိုင်းမင်းကြီးတစ်ဦးက အုပ်ချုပ်ရသည်၊လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ရခိုင် တောင်တန်းခရိုင် ခေါ်ပလက်ဝနယ်ကိုမူ ရခိုင်တိုင်းမင်းကြီးက ချင်းတောင်အုပ်ချုပ်ရေးလမ်းစဉ်အတိုင်းစီမံခန့်ခွဲပေးရသည်၊ ချင်းတောင် နှင့် ပူးပေါင်းရန်ပထမခြေလှမ်းဟုဆို ရပါမည်၊ အင်္ဂလိပ်တို့သည်ချင်းတောင်အားတံခါးပိတ်အုပ် ချုပ်ခဲ့ခြင်း ကြောင့်
မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် အမျိုးသားရေးနိုးကြားမှုများ၊ အင်္ဂလိပ်ဆန့်ကျင်ပုန်ကန်မှုများ၊ လွတ်လပ် ရေးတိုက်ပွဲ များ ဆင်နွှဲ့နေကြသည်ကို သိသူထက် မသိသူက ပိုများပြားခဲ့သည်၊မြန်မာနိုင်ငံတွင်ဒို့ ဗမာအစည်းအရုံးစ သောနိုင်ငံ ရေး အသင်းအပင်းများအရှိန်အဟုန်မြင့်မား နေချိန်တွင်ချင်းတောင့်မူပြောပလောက်သော နိုင်ငံရေးလှုပ်ရှားမှု မျိုးမရှိခဲ့ ချေ၊ တောင်ပိုင်း ကန်ပက်လက်နယ်မှ ဦးဝမ္မသူမောင်း ဦးဆောင်သောနိုင်ငံရေးလှုပ်ရှားမှုများ၁၉၃ဝခုနှစ်ခန့်မှ စတင် လာခဲ့သည်၊
ဒုတိယကမ္ဘာစစ်ကြီးကျရောက်လာမှမြောက်ပိုင်းချင်းတောင်သို့ နိုင်ငံရေးအာရုံစိုက်မှုများ တိုးတက် လာခဲ့သည်၊ အကြောင်းမှာစစ်ကြီးကာလတလျှောက် ချင်းတို့သည်အင်္ဂလိပ်တို့ ပါဝင်သောမဟာမိတ်များဖက်မှ ပါဝင် တိုက်ပေးနေခဲ့ခြင်းကြောင့်ဖြစ်ပါသည်၊ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး၍ ဗြိတိသျှအစိုးရအနေဖြင့် လက်အောက်ခံ ကိုလိုနီ နယ်များမှ ထွက်ခွါမည့်အခြေ အနေပေါ်လာသောအခါ ချင်းလူမျိုးတို့အနေဖြင့် ရှေ့ဆက်ရမည့်အစီအစဉ်များ မထားရှိ ခဲ့ကြသည်က တစ်ကြောင်း၊
အနာဂါတ်နိုင်ငံရေးအတွက် ‘ကိုတင်ပြင်ဆင်နိုင်လောက်အောင် နိုင်ငံရေးအတွေ့အကြုံ နည်းပါးသေးသည်က တစ်ကြောင်း၊ ချင်းပြည်၏စီးပွါးရေးနောက်ခံအင်အား မတောင့်တင်းသည်ကတစ်ကြောင်း၊ ချင်း ပြည်အား ခေတ်သစ်စနစ်သစ်သို့ တွန်းပို့ ခေါ်ဆောင်နိုင်မည့် ခေါင်းဆောင်ကြီးများ မပေါ်ပေါက်ခြင်း စသော ပြသာနာ ပေါင်းမြောက်မြား စွာကြောင့်အိမ်နီးချင်းနိုင်ငံရေးသမားများအပေါ်ယုံကြည်အားကိုး စိတ်များတိုးပွါးလာ ကာ သူတို့ နိုင်ငံရေးညွတ်ကွင်း သို့ခုန်ဝင်ရန် အကြောင်း ပါလာလေတော့သည်၊
ထို့ကြောင့်မည်သူမျှမအုပ်ချုပ်ခဲ့ဖူးသောငါတို့၏ ဘိုးဘွားပိုင်ချင်းနိုင်ငံသည်နိုင်ငံ၃နိုင်ငံသို့သုံးစိပ်သုံးမြွာကွဲပြဲရလေ တော့သည်၊ ထို့သို့ဖြင့် အရှေ့ဖက် ချင်းပြည် ကိုပြည်ထောင်စုမြန်မာနိုင်ငံသို့၎င်း၊ တောင်ပိုင်းချင်းပြည်အား အရှေ့ပါ ကစ္စ တန်သို့၎င်း၊ အနောက်ဖက်ချင်းပြည်ကို အိန္ဒိယနိုင်ငံသို့၎င်း အသီးသီးအုပ်စုကွဲကာ ဖရိုဖရဲကွဲ ပြဲကုန်ကြ လေ တော့သည်၊ (ဆက်ရန်)

Share.

About Author

Leave A Reply

*

code