ရာသီဥတုအခြေအနေကြောင့် မီဇိုရမ်ဝန်ကြီးချုပ်၏ ချင်းပြည်နယ်ခရီးစဉ် ရွေ့ဆိုင်း

0

Lal Thanhawla new

 

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်တွင် ယခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မီဇိုရမ်ပြည်နယ် ၀န်ကြီးချူပ်၏ ချင်းပြည်နယ်အတွင်းရှိ ကျေးရွာ ၂ ရွာသို့ သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်သမိုင်းတွင် ၅ ကြိမ်တိုင်တိုင် ၀န်ကြီးချူပ်ရာထူးကို ထမ်းဆောင်နိုင်သော ပူးလာလ်ထန်ဟောလ်ကို ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ Salachhuah နှင့် Vuangtu ကျေးရွာမှ ဒေသခံပြည်သူများက ဂုဏ်ပြုမည့် အခမ်းအနားသို့ ၀န်ကြီးချူပ်ကိုယ်တိုင် တက်ရောက်ရန် သွားရောက်ခဲ့သော်လည်း မိုးသက်လေပြင်းတိုက် ခတ်မှု ကြောင့် လမ်းခုလတ်မှ ပြန်လှည့်ခဲ့ရသည်။

 

ဝန်ကြီးချူပ်အား ဂုဏ်ပြုကြိုဆိုမည့် အခမ်းအနားကို Salachhuah ကျေးရွာတွင် မေလ ၉ ရက်နေ့ နှင့် Vuangtu ကျေးရွာတွင် မေလ ၁၂ ရက်နေ့တွင် စည်ကား သိုက်မြိုက် စွာ ကျင်းပရန် ဒေသခံချင်းပြည်သူများက စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

 

ရာသီဥတု အခြေအနေဆိုးရွားမှုကြောင့် အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ အချိန်မှီမတက်ရောက်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး အဆင်ပြေသည့်ကာလတွင် ပြန်သွားဖို့ ဆုံးဖြတ်ထားကြောင်း ပူးလာလ်ထန်ဟောလ်လာကပြောသည်။

Share.

About Author

Leave A Reply

*

code