ချင်းသမိုင်း (၄)

0

ဆလိုင်းချင်းဖြူ   –    လွတ်လပ်ရေးအတွက်ပြင်ဆင်ခြင်း

ဒုတိယကမ္ဘာစစ်ကြီးကာလတွင် ဗြိတိသျှအစိုးက မဟာမိတ်များ အနိုင်ရပါက ကိုလိုနီ နယ်များအား လွတ်လပ်ရေး ပေး မည် ဟုထုတ်ပြန်ကျေညာသည့်အတိုင်းစစ်ကြီး ပြီးသည် နှင့် ဗြိတိ သျှလက်အောက်ခံ ကိုလိုနီနယ်များသည် လွတ် လပ်ရေး အတွက် ပြင်ဆင်ကြရသည်၊ တောင်အာရှနိုင်ငံများ ဖြစ်သည့် အိန္ဒိယ သည်ဗြိတိသျှတို့၏ သွေးခွဲအုပ် ချုပ်ရေး ကြောင့်ပြန်လည်မပေါင်းစည်း နိုင်တော့ဘဲ သီးခြား လွတ်လပ်ရေး အတွက်ကြိုးစား လာကြလေ သည်၊ ဗုဒ္ဒဘာ သာဝင် နိုင်ငံဖြစ်သော သီဟိုလ်ကျွန်း(ယခုသီရိလင်္ကာနိုင်ငံ)၊ မွတ်ဆလင်ဘာသာဝင်များထူထပ်ရာ ဆိန်းဒ်ပြည် နယ်နှင့် အရှေ့ ဘင်္ဂလားနယ်အား ပါကစ္စတန်၊ ဟိန္ဒူ ဘာသာဝင် များသောဟိန္ဒူစတန် အား အိန္ဒိယဟူ၍ သီးခြားနိုင်ငံများ ထူထောင် ရန် စိုင်းပြင်းလာကြသည်၊ ထိုကြောင့် အနောက်ဖက်ဒေသ ချင်းအမျိုးသားများသည် အရှေ့ပါကစ္စတန် နှင့် အိန္ဒိယ နိုင်ငံတို့တွင်ပူးပေါင်းရန်အားသန် ခဲ့ကြသည်၊

 

အရှေ့ဖက် ချင်းအမျိုးသားများမှာလည်း လောလောဆယ်တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံမျိုးတည် ထောင်ရန် နည်းလမ်းမရှာကြံတတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံး သွေးဆောင်မှု အပေါ်ယုံကြည်အား ထားလာ ကြသည်၊ တောင် ပိုင်းချင်းတောင်မှ ချင်းအမျိုးသားများသည် နဂိုက ပင်မြန်မာပြည် နှင့်ပူးပေါင်းရန်သဘောတူပြီးဖြစ် သောကြောင့်မြောက်ပိုင်းချင်းအမျိုးသားများ အားမြန်မာပြည် နှင့်ပူးပေါင်း ရေးအတွက် စည်းရုံးနှိုးဆော်ရာတွင် အထူး လက်ဝင်နေခဲ့ကြသည်၊ အခြားတဖက်တွင်မူ အင်္ဂလိပ်တို့သည် တောင်တန်းဒေသ များဖြစ်သောရှမ်းပြည်နယ်၊ ကချင် တောင်တန်းနှင့်ချင်း တောင်တန်းတို့အား မြန်မာနိုင်ငံနှင့် မပူးပေါင်းစေဘဲ နှစ်ပေါင်း ၂ဝခန့် ၄င်းတို့ ကိုလိုနီ လက် အောက်တွင်ဆက်လက်ထားရှိပြီး လိုအပ်သည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဖော်ဆောင်ပြီးကိုယ်ထူ ကိုယ်ထ ရပ်တည်နိုင်ပြီဆိုမှလွတ်လပ်ရေး အရယူရန်စည်းရုံး သွေးဆောင်ခဲ့သည်၊အကယ်၍ အင်္ဂလိပ်တို့၏ ကတိအား လက်ခံ ယုံကြည်ခဲ့မည်ဆိုပါက အာဖရိကတိုက်ရှိ လက်အောက်ခံကို လိုနီနယ်များနှင့်အတူ ၁၉၆၅- ၇ဝနှစ်ကြား ကာလများ တွင် ချင်းအမျိုးသားများသည် တစုတစည်းတည်းဖြင့်ကိုယ်ပိုင်နိုင်ငံ ကိုထူထောင်ဖွဲ့စည်းနိုင်ခဲ့မည်ဖြစ်သည်၊ ထင်ရှား ကျော်ကြားသော ချင်းအမျိုးသားခေါင်းဆောင်တစ်ဦး၏ နိုင်ငံရေး သံဝေဂရသောစကားအရ အင်္ဂလိပ်တို့သည် မိမိ တို့ကတိအတိုင်း ၁၉၇ဝ-ခုနှစ်မတိုင်မီ အာဖရိကတိုက်ရှိကိုလိုနီနယ်များအား လုံးဝလွတ်လပ်သောနိုင်ငံများ အဖြစ် ထူ ထောင်ပေးပြီး မိမိတို့ နေရပ်ဌါနေသို့ပြန်သွားကြောင်း သိရှိရပါသည်၊ အကြောင်းရင်းမှာ ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၆ဝ ခုနှစ် ကိုလိုနီစနစ်ချုပ်ငြိမ်းရေးမူအရ အာဖရိကတိုက်ရှိ ကိုလိုနီနယ်များလွတ်မြောက်လာကြခြင်းသာဖြစ်ပါ သည်၊

 

အနောက်ဖက်ဒေသများ ရှိချင်းများအား အရှေ့ပါကစ္စတန်( ယခု ဘင်္ဂလား ဒေ့ရှ် ) အရှေ့ပိုင်းတိုင်းရှိစစ်တ ကောင်းခရိုင်၊ စစ်တကောင်းတောင်တန်းခရိုင်၊ ကော်မီးလားခရိုင်၊  ခြာဂါကျရီခရိုင်နှင့် ဆီလ်ဟက်ခရိုင် တို့တွင်၎င်း၊ အိန္ဒိယ နိုင်ငံတြိပူ ရပြည်နယ်၊ မဏိပူရပြည်နယ်၊ အာသံပြည်နယ်တို့တွင်၎င်း ပါဝင်စေကြသည်၊ နောင်တွင် နာဂပြည် နယ်၊ မီဇိုးရမ်းပြည်နယ် နှင့် မေဃလာယပြည်နယ်များ ပေါ်ထွန်းလာပြီး ထိုပြည်နယ်များသည် ချင်းအမျိုးသားများ နှင့်အထူး သက်ဆိုင်သောပြည်နယ် များပင်ဖြစ်ကြပါသည်၊ မီဇိုးရမ်း ပြည်နယ်မှာ လူရှေတောင်တန်း ( ခရိုင် ) အဖြစ် ထင်ရှားသော နယ်ဖြစ်ပြီး ၁၈၉၂-ခုနှစ် ဇန္န၀ါရီလ ( ၂၉ )ရက်နေ့ တွင်ကျင်းပသော Chin-Lushai Conference ဆုံး ဖြတ်ချက်အရ ချင်းတောင်တန်းနှင့်ပူးပေါင်းရန် လျာထားခဲ့ရသောအနောက်ဖက်ရှိ ချင်းတို့၏ အဓိကနယ် မြေ ပင်ဖြစ် သည်၊ လွတ်လပ်ရေး နောက်ပိုင်းတွင်အာသံပြည်နယ်၏ ခရိုင်တစ်ခု ဖြစ်လာပြီး ၁၉၇၂-ခုနှစ်တွင်  Union Territory ခေါ် ဖွံ့ဖြိုးရေးပြည်နယ် ရရှိခဲ့သည်၊ ၁၉၈၆-ခုနှစ်ဇွန်လ (၃ဝ) ရက်နေ့တွင် Mizo National Front ခေါ် မီဇိုးလက် နက်ကိုင်အဖွဲ့များ လက်နက်ချ အလင်းဝင်ကြပြီးနောက် ၁၉၈၇ခု ဖေဖေါ်ဝါလ (၂ဝ)ရက်နေ့ တွင်ပြည် နယ်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေး အဆင့်အတန်း တိုးမြှင့်ပေးခဲ့ရသည်၊

 

၁၉၄၇ခုနှစ်သြဂုတ်လ(၁၄)ရက်တွင်လွတ်လပ်ရေးရရှိခဲ့သော အရှေ့ပါကစ္စတန် သည် ၁၉၇၁-ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် အမည်ဖြင့်လွတ်လပ်ရေးရလာခဲ့သော်လည်း ဌာနေ ချင်းတိုင်းရင်းသားများ အားမည် သည့် နိုင်ငံရေး အခွင့်အရေးမပေးပဲ လစ်လျူရှုခံကြရသည်၊ Chakma တည်းဟူသော သက် အနွယ် ဝင် များနှင့် Mogh/Mug တည်းဟူသော ရခိုင်အမျိုးသားများအား နယ်ပိုင်နယ်အဆင့်မှ ခရိုင်နယ်ပါယ်အဆင့် သို့တိုးမြှင့် ပေးခဲ့ သော်လည်း ချင်းအနွယ်ဝင်များဖြစ်သော Bawm, Khumi, Khyang, Lusei, Mro, Pangkhua တို့ကိုမူ တိုက်နယ် အဆင့်ကိုပင် မပေးရသေးချေ၊

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်ပေါ်ပေါက်လာပုံ

ဗိုလ်ချုပ်အောင်ဆန်းအပေါ် ယုံကြည်မှုအားဖြင့် အရှေ့ ဖက်ရှိ ချင်း အမျိုးသားခေါင်းဆောင်များသည် ရှမ်း နှင့် ကချင် ခေါင်းဆောင်များနည်းတူ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီ ( ၉–၁၂ ) ရက်နေ့များတွင်ကျင်းပသော ပင်လုံ ညီလာခံ သို့ တက်ရောက်ပြီး ပြည်ထောင်စု  မြန်မာနိုင်ငံ ပေါ်ပေါက်လာရေး အတွက် ပင်လုံ သဘောတူစာချုပ်အားလက် မှတ်ရေး ထိုးအတည်ပြုပေး ခဲ့ကြသည်၊ ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းတွင် ချင်း တိုင်းရင်းသား တို့၏ အခန်းကဏ္ဍ မသေးငယ်လှ ကြောင်းသက်သေပြ နေပေသည်၊ ထိုပင်လုံစာချုပ် ကိုချုပ်ဆိုခဲ့ သောဖေဖေါ်ဝါရီ (၁၂) ရက်အား ပြည်ထောင်စုနေ့ အဖြစ် အတည်ပြုပေးခြင်းသည်လည်း မြန်မာနိုင်ငံတွင် ချင်းလူ မျိုးတို့သည် အဓိကရလူမျိုး( Major Ethnic) တစ်ခုဖြစ်ကြောင်း ထင်ရှားနေ ပေသည်၊

 

ပင်လုံစာချုပ်ကိုချုပ်ဆိုပြီးနောက် မရှေးမနှောင်း ၁၉၄၇ ခုနှစ် မတ်လ (၁၈- ၂ဝ)ရက်များ တွင် ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့၊ တောင်တန်းသားများညီလာခံ (Frontier Areas Committee Inquiry သို့ ချင်းအ မျိုးသားကိုယ်စား လှယ်များပါတက်ရောက်ခဲ့သည်၊ ထိုညီလာခံတွင် အနာဂါတ်မြန်မာနိုင်ငံနှင့် တိုင်းရင်းသား များအရေး ကိုအဓိကထားဆွေးနွေးခဲ့ကြသည်၊ ထိုညီလာခံက ဖွဲ့စည်းပေးလိုက်သော Rees Williams Commission က ညီလာခံ တွင် ဆွေးနွေးခဲ့သော အချက်အလက်များကိုတည်းဖြတ် ကာ ဧပြီလတွင် Rees Williams Commission ၏အစိရင်ခံ စာထွက်ပေါ်လာခဲ့သည်၊ ထိုအစီရင်ခံစာတွင် မကြာမီရေးဆွဲရမည့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပါဝင်ထည့်သွင်းသင့်သော ၊ မပါမဖြစ်သောအချက်အလက်များကို အသေးစိပ် ထောက်ပြ ထား သည် ကို တွေ့ရှိရပေသည်၊ သို့ဖြင့် ချင်းတောင်တန်းသည် ရှမ်း နှင့် ကချင် များနည်းတူ သီးခြားပြည်နယ်အဖြစ် ရပ်တည်နိုင် မည်ဖြစ်သော်လည်း နိုင်ငံရေးပရိယာယ် မကြွယ်ဝ၊ အလွန်ရိုးသားသည့် ချင်းနိုင်ငံရေး ခေါင်းဆောင် တို့ကြောင့် ဝိသေသတိုင်းအဆင့်သို့ နိမ့်ကျ ထိုးဆင်းခဲ့ရလေသည်၊

 

မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ်ဇန္န၀ါရီလ(၄)ရက်နေ့တွင်လွတ်လပ်ရေးရလာခဲ့ရာ ချင်းတောင်တန်းသည် လည်းရခိုင်တောင်တန်းနှင့်ပူးပေါင်းပြီး ချင်းဝိသေသတိုင်း(Chin Special Division ) ဖြစ်လာသည်၊ လွတ်လပ်ရေး ရပြီး နောက် ချင်းဝိသေသတိုင်း ဖြစ်လာသည်နှင့် ရှေးဟောင်းပဒေသရာဇ်အုပ်ချုပ်ရေး စနစ်အစား ဒီမိုကရေစီ အုပ်ချုပ် ရေး စနစ်သို့ကူးပြောင်းရတော့မည်ဖြစ်၍ အနာဂါတ် ချင်းအမျိုးသားများ အရေးကိစ္စအ ဝဝကို ဆွေးနွေးနိုင်ရန် အ တွက် ချင်းအမျိုးသားညီလာခံကို ၁၉၄၈-ခုနှစ် ဖေဖေါ်ဝါရီလ ( ၁၉–၂၁ )ရက်နေ့များတွင် ခေါ်ယူ ကျင်းပခဲ့လေသည်၊ ထိုနေ့ ရက်များအနက် ဖေဖော်ဝါရီ ၂ဝ-ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် အတည်ပြုခဲ့ကြ သည်၊

 

ဤညီလာခံသည် ချင်းနိုင်ငံရေးသမိုင်းအရ ပဒေသရာဇ်စနစ် စနစ် ဟောင်းချုပ်ငြိမ်းပြီး ဒီမိုကရေစီစ တင် ထွန်းကားလာသောအထိမ်းအမှတ်နေ့ဖြစ်သောကြောင့် သမိုင်းဝင်ချင်းအမျိုးနေ့အဖြစ်မော်ကွန်းတင်နေရပြီဖြစ်သည်၊ ချင်း လူမျိုးထု တစ်ရပ် လုံးအားဒီမိုကရေစီခေတ်သစ်ဆီသို့ တွန်းပို့ခေါ်ဆောင်သွားမည့် ချင်းရေးရာဝန်ကြီးအဖွဲ့ကို ချင်း ပါလီမန်အမတ်များဖြင့်ဖွဲ့စည်းခဲ့သည်၊ ချင်းဝိသေသတိုင်းအားတိုင်းမင်းကြီးတစ်ဦးက ဦးစီးပြီး ၄င်း လက် အောက်တွင် ခရိုင်ဝန်နှစ် ဦးက တောင် ပိုင်းနှင့်မြောက်ပိုင်းခရိုင်များကိုခွဲခြားအုပ်ချုပ်ခဲ့လေသည်၊ ယခင်ကအရေးပိုင် ခေါ် ခရိုင်ဝန်ရုံး စိုက်ရာ ပလက်ဝမြို့ အား နယ်ပိုင်ရုံးစိုက်ရာအဖြစ် ထားရှိပြီး နယ်ပိုင်ရုံး စိုက်ရာကန်ပက်လက်မြို့ တွင် ခရိုင်ဝန်ရုံး ကိုပြောင်းရွှေ့ခဲ့သည်၊ မြို့နယ် ၆ ခု ထား ရှိပြီး တောင်နှင့်မြောက်မြို့နယ်၃-ခုစီထားရှိခဲ့သည်၊

 

အခြေခံဥပဒေ၏ အားနဲချက်များ၊ ပါလီမန်ဒီမိုကရေစီစနစ် အားနဲချက်များ နှင့် လူမျိုးကြီးစိတ် ဝင်နေသူများ၊ မသမာအာဏာရူးနိုင်ငံရေးသမားများက တိုင်းရင်းသားတို့ အထူး အားထားယုံကြည် သည့် ဗိုလ်ချုပ် အောင်ဆန်းအား လုပ်ကြံ သတ်ဖြတ်ခဲ့မှု၊ တိုင်းရင်းသားများ လိုလားတောင်းဆိုသော ဖက်ဒရယ်ပြည် ထောင်စု စစ်စစ်မူ ကို နိုင်ငံတော်မှခွဲထွက်ရန် ကြံစည်သည်ဟူ ၍ စွပ်စွဲခြင်း များကြောင့်မြန်မာနိုင်ငံတွင် တော်လှန်ရေးကောင်စီ ခေါ်စစ် အာဏာရှင်အစိုးရ တက်လာပြီး အခြေခံ ဥပ ဒေနှင့်တကွ ဒီမိုကရေစီပါချုပ်ငြိမ်းခဲ့လေ တော့သည်၊

 

တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၆၂ ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်အစိုးရက ၁၉၇၄ မှ ၁၉၈၈ ခုနှစ် အထိ မြန်မာနိုင်ငံအား တံခါး ပိတ်ဝါဒဖြင့် ဖိနှိပ်ချုပ် ချယ်အုပ် ချုပ်လာခဲ့သည်မှာ တိုင်းရင်း သား ပြည်သူ များအဖို့အမှောင်ခေတ်ကြီး ကျရောက်ခဲ့ရလေသည်၊ ၁၉၈၈ခုနှစ်သို့ရောက် လာသော် ပြည်သူများမခံမရပ်နိုင်တော့သောကြောင့် တပြည်လုံးအုံကြွလာကာ ဒီမိုကရေစီအရေး တော်ပုံကြီး ပေါ် ပေါက်လာခဲ့သည်၊ သို့ရာတွင် ဒီမိုကရေစီအတွက်အဆင်သင့်ပြင်ဆင်မှုမရှိ ခဲ့၍ စစ်အာဏာ လက်သစ် နိုင်ငံ တော်ငြိမ် ဝပ်ပိပြားရေးကောင်စီ ခေါ် နဝတ စစ်အစိုးရ တက်လာပြန်သည်၊ အဆိုပါ နဝတအစိုးရသည်လည်း နိုင်ငံ တော် အေး ချမ်းသာယာရေး ကောင်စီ ခေါ်နအဖ အဖြစ် ပြောင်းခဲ့ကြရပြန်သည်၊ သို့ရာတွင် နာမည်သာ အဖန် တလဲ လဲပြောင်း လဲမှည့် ခေါ်ပြီး မူ နှင့် လူ မပြောင်းသည့် အစိုးရသာ ဖြစ်သဖြင့် တိုင်းပြည် နှင့် လူမျိုးအတွက်မူ မည် သည့် ကောင်းကျိုး ကိုမျှ မပေးစွမ်းနိုင်ခဲ့ချေ၊

 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ( မဆလ )အစိုးရ တက်လာသည်နှင့်  ချင်းဝိသေသတိုင်းမှ ချင်းပြည် နယ်ဖြစ်လာခဲ့သော်လည်း ချင်းအမျိုးသားများအဖို့ မည်သည့် ထူးခြားမှုမျှမရှိခဲ့ချေ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများ အလျဉ်းမရှိသောကြောင့် ပြည်နယ်၏ စီးပွါးရေး နှင့်ဖွံ့ဖြိုးရေး တိုးတက်မှုများ ကျဆင်း လာကာချင်းပြည်သူများအဆင်းရဲကြီးဆင်းရဲလျက် ဒုက္ခပင်လယ်တွင် နစ်မျောနေကြလေတော့သည်၊ စစ်အာဏာရှင် အစိုးရ တက်လာသည်နှင့် ယခင်က ဖွဲ့စည်း ခဲ့သော ချင်းနိုင်ငံရေးပါတီများပါ ဇာတ်သိမ်း ခဲ့ကြလေသည်၊ တော်လှန် ရေး ကောင်စီ အစိုးရနှင့်မဆလအစိုးရလက်ထက်တွင် မည်သည့် နိုင်ငံရေး လှုပ်ရှားခွင့်မျှ  မရခဲ့ကြချေ၊

 

မိမိပြည်နယ်တိုးတက်ဖွံ့ဖြိုးမှုများအား မလုပ်ကိုင်နိုင်စေရန် ဒေသစွဲ၊ လူမျိုးစွဲစိတ်များကို ရှောင်ကြဉ်ရမည်ဟု ကြွေးကြော်လျက် တိုင်းရင်းသားတို့၏ ဇာတိမာန် နှင့် မျိုးချစ်စိတ်ကို ချိုးနှိမ်ပစ်ခဲ့သည်၊ ချင်းနိုင်ငံရေးသမား အချင်း ချင်းကြားတွင် ၎င်း၊ ချင်း ဝန်ထမ်း နှင့် အရာရှိများ အချင်းချင်း ကြားတွင် ၎င်း ရန်တိုက် သွေးခွဲရေး လမ်းစဉ်ကို ကျင့် သုံးခဲ့သည်၊ မြေပြန့်နေ ဗမာများ ငြိမ်းချမ်းအေးဆေးစွာ နေနိုင်ရန် တိုင်းရင်းသားများ အချင်းချင်း သွေးဝမ်းကွဲပြား အောင်လည်း လုပ်ဆောင်ကြသည်၊ သို့သော် သူများက မကောင်းကြံ၊ ကိုယ့်မှာအကျိုးမရှိ ဆိုသောစကား အတိုင်း တနေ့နေ့မှာ ဒုက္ခ အကြီးအကျယ် ရရှိကြပေဦးမည် ဖြစ်သည်၊

 

တော်လှန်ရေး ကောင်စီအစိုးရ တက်လာပြီး များမကြာမီ ၁၉၆၄ခုနှစ်၊ / Pu Damkhawhau ဦးစီးသော CHIN NATIONAL DEFENCE ခေါ် တော်လှန်ရေး ပါတီ ပေါ်ပေါက်လာပြီး ပြည်ထောင်စုမြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေ စီ ပြန်လည် ဖော်ထုတ်ရန် စတင် စည်းရုံးလှုပ်ရှားလာခဲ့သည်၊ သို့သော် အခွင့်မသာ၍ အခြေ အနေ စောင့်ကြည့်ဆိုင်းငံ့နေရင်း ၁၉၆၈ခုနှစ်တွင် Mizo National Front ပါတီနှင့်လက်တွဲပြီး မြောက်ပိုင်းချင်း တောင်စစ် ဆင်ရေးကို ဆင်နွှဲ့ခဲ့လေသည်၊ CND ပါတီဝင်အချို့သည် MNF နှင့်အတူ အရှေ့ပါ ကစ္စတန် (ယခုဘင်္ဂ လားဒေ့ရှ်) သို့သွားရောက်ပြီး တော်လှန်ရေး ကိုဆက်လက်ဆင်နွှဲ့ခဲ့ကြသည်၊ Sonkhopau ဦးဆောင်သော ခွဲထွက်ရေး ပါတီလည်း ပေါ်ပေါက်လာခဲ့ပြန်သည်၊ ထိုကာလပတ်ဝန်း ကျင်တွင်အခြားသောချင်းအမျိုး သားမျိုးချစ် ခေါင်းဆောင် များဖြစ်သည့် PuTunkhopum, PuThualzen, PuRalhmung, Pu Hrang nawl, PuSon cinlian၊ Pu Tialkhal စသည်များပေါ်ပေါက်လာကာ ချင်းနိုင်ငံရေးလှုပ်ရှား ရေးများလုပ်ဆောင် လာခဲ့ကြသည်၊

 

သို့ရာတွင်မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံခေါင်းဆောင်များ လက်တွဲပြီးပိတ်ဆို့  ထားခဲ့ကြခြင်းကြောင့် တော်လှန်ရေး အားလက်လျှော့ခဲ့ကြရလေသည်၊ တော်လှန်ရေးအစိုးရတဖြစ်လဲ မဆလတပါတီအစိုး ရလက် ထက် တွင် ချင်းဝိသေသ တိုင်းမှချင်းပြည်နယ်အဖြစ်ပြောင်းလဲလာပြီး တိုက်နယ်များ၊ မြို့နယ်ခွဲ များ၊ ခရိုင်များ ပျောက် ကာ ကျေးရွာအုပ်စုကောင်စီ၊ မြို့နယ်ကောင်စီ၊ ပြည်နယ်ကောင်စီ၊ ပြည်သူ့လွှတ်တော် ( နိုင်ငံတော်ကောင်စီ ) များ ပေါ် ပေါက်လာခဲ့သည်၊ ဒီမိုကရေစီ ခေတ်နည်း တူ မဆလခေတ်တွင်လည်း ချင်းအမျိုးသားပြည်သူ့လွှတ်တော်အ မတ် များထဲမှ နိုင်ငံတော်ကောင်စီဝင်များ၊ နိုင်ငံတော်ဝန်ကြီးများရှိခဲ့ရသော်လည်း ချင်းပြည်နယ်အဖို့ ကျေနပ်အားရ လောက် အောင် ဘာမျှဆောင်ရွက်ပေးပိုင်ခွင့်မရှိခဲ့ကြချေ၊ ပြည် နယ်ပြည် သူ့ကောင်စီအနေ ဖြင့်သော်၎င်း၊ မြို့ နယ်ပြည် သူ့ကောင်စီအနေဖြင့်သော်၎င်း၊ မည်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုမျှ ဆောင်ရွက်ပေးပိုင်ခွင့်မရရှိခဲ့ကြချေ၊ စစ်အုပ် ချုပ် ရေးသည် အသံသာကျယ်ပြီး အဆံမရှိသောသင်္ကြန် အမြောက်နှင့် သာတူပေသည်၊

 

စစ်အာဏာရှင်စနစ်၏ ဓမ္မတာအတိုင်း ဆိုရှယ်လစ်စနစ်အရေခြုံသည့်မဆ လအစိုးရ၏ ပျော့ကွက် ဟာကွက်တို့ကြောင့် ချင်းပြည်သူများနှင့်တကွ မြန်မာ တစ်နိုင်ငံလုံးလူထုအုံကြွမှု ပေါ်ပေါက်လာကာ မဆလ အစိုးရ ပြုတ် ကျခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီ ခေါ် နဝတ စစ်အစိုးရအသစ် တက်လာခဲ့ပြန်သည်၊ နဝတကို နိုင်ငံ တော် အေးချမ်းသာယာရေးကောင်စီ အဖြစ် အမည် ပြောင်းပေးပြန်သော်လည်း အုပ်ချုပ်ရေးမူနှင့် အုပ် ချုပ်သူ လူတို့မှာ နဂိုစစ်ဗိုလ်ချုပ်ကြီး များပင် ဖြစ်သောကြောင့် အတူတူနှင့်အနူနူပင်ဖြစ်ကြပါသည်၊ ဤအတွက်ကြောင့် ယနေ့ ကာလတွင် ချင်းမျိုးချစ်လူငယ်များသည်ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လျက် ခေတ်မီတိုးတက် သောနိုင်ငံ ရေးပညာရပ်များကို ဆည်းပူး လေ့လာရင်း ချင်းပြည်သူများထံ ပညာပေးဟောပြောပွဲများ။ နိုင်ငံရေး နှင့်ခေါင်းဆောင် မှုသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ အခြေခံ လူ့အခွင့်အရေး ပညာပေး သင်တန်းများ၊ အမျိုးသမီးများ နှင့် ကလေး သူငယ်များ အခွင့်အရေးဆိုင်ရာ ပညာပေး သင်တန်းများ ဆောင်ရွက်ပေး ကာ အဖချင်း နိုင်ငံ၏ ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်းကို ဦးထိပ် ထားလျက် အားသွန် ခွန်စိုက်  ကြိုးပမ်း အားထုတ် ရုန်းကန် လှုပ် ရှားနေကြရပါသည်၊

Share.

About Author

Leave A Reply