မီဇိုရမ်တွင် ဘစ်ကားတိမ်းမှောက် ချင်းလူမျိုး နှစ်ဦးသေဆုံး

0

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် တွင် ယနေ့နံနက်ပိုင်းက ညလိုင်းပြေးဆွဲသော ခရီးသည်တင် ဘစ်ကားတစီး တိမ်းမှောက်ခဲ့ရာ ချင်းလူမျိုးနှစ်ဦးနှင့် ခရီးသည် ၁၈ ဦး သေဆုံးပြီး ၁၉ ဦး ဒါဏ်ရာ ရရှိကြသည်ဟု သိရသည်။

သေဆုံးခဲ့သည့် ချင်းလူမျိုးနှစ်မှာ ကလေးမြို့ နယ် ဌက်ပျောတော ကျေးရွာမှ Phun Lian (35) နှင့် CiCai ကျေးရွာမှ Thian Sui Par (29) တို့ ဖြစ်ကြကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ ကျန်ဖိုင်းမှ မြို့တော် အိုင်ဇောလ်သို့ ခရီးသည် ၃၀ ကျော် တင်ဆောင်ပြီး ဇူလိုင် ၂၀ ရက်နေ့ည က ခရီးနှင်လာသော ZK MZ-01 E 7105 ဘစ်ကားသည် Keifang ကျေးရွာအလွန်တွင် quarry (ကျောက်ကျင်း)မှ ပြိုကျ လာသော မြေ နှင့် ကျောက် တုံးကြီးများကြောင့် ကျောက်ကမ်းပါးထဲသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်ဟု ကျန်ဖိုင်းရဲစခန်းမှ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။

“ Keifang quarry (ကျောက်ကျင်း) ပြိုနေတဲ့ချိန် နဲ့ သွားတိုးမိတာနေမှာ၊ ကျောက်ကမ်းပါးထဲ ကို လွင့်ကျသွားတာ ဟိုးတောင်အောက်မှာရှိတဲ့ ချောင်းအထိကို လိမ့်ကျသွားတာ’’ ဟု အဆိုပါ ရဲစခန်းတာဝန်ရှိသူကပြောသည်။

အဆိုပါ ဘစ်ကား တိမ်းမှောက်မှုကြောင့် သေဆုံးသူအများစုမှာ ဒေသခံ မီဇိုးလူမျိုးများဖြစ်ကြီး အိန္ဒိယကုလားလူမျိုး ၄ ဦး နှင့် ချင်းလူမျိုး ၂ ဦး ပါဝင်သည်။

ချင်းလူမျိုး ၂ ဦးအလောင်းကို မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေကြကြောင်းလည်း သိရသည်။

Share.

About Author

Comments are closed.