ဖလမ်းနှင့်မင်းတပ်မြို့ များတွင် CNF စီးပွားရေးရုံးဖွင့်လှစ်ရန် ပြည်နယ်အစိုးရ ခွင့်ပြု

0

chin_national_flag-300x180

 

ချင်းပြည်နယ်အစိုးရက ချင်းအမျိုးသားတပ်ဦး (CNF) အား ချင်းပြည်နယ် ဖလမ်းနှင့် မင်းတပ်မြို့များတွင် စီးပွားရေး ရုံးများ တိုးချဲ့ဖွင့်လှစ်ရေး တင်ပြချက်ကို ယခုလ ဇွန် (၉)ရက်နေ့က ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ CNF သည် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ဖလမ်းမြို့နှင့် မင်းတပ်မြို့များတွင် စီးပွား ရေး ရုံး ဖွင့်လှစ် ခွင့်ပြုရေး တင်ပြချက်ကို သက်ဆိုင်ရာပြည်နယ်အစိုးရက စာအမှတ် ၃/၆-၁၆ (ခရ) / ဦး – ၁ ဖြင့် တရား ၀င်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

” ဒီစီးပွားရေးရုံး ဆိုတာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တခုပါ၊ ပြည်နယ်အစိုးရဖက်က တာဝန်ရှိတွေနဲ့ ဖွင့်လှစ်ရမှာပါ၊ ဘယ်တော့ ဖွင့်မလဲဆိုတာက ပြောလို့မရသေးဘူး၊ ကိုယ့်ဖက်က အဆင်ပြေမည့်အချိန်ကို ကြည့်ရအုံးမယ် ” ဟု CNF ပါတီ ရေးရာဌာန တာဝန်ရှိ ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။

 

အစိုးရနှင့် အပစ်အခပ်ရပ်စဲပြီး ပဏာမ ငြိမ်းချမ်းရေး ရယူအပြီး CNF သည် ပါတီလှုပ်ရှားမှုများ၊ ချင်းအမျိုးသား တပ်မ တော်သားများနှင့် မိသားစုဝင်များ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်ရေး၊ ရေရှည် တည်တံ့ ခိုင်မြဲသော ငြိမ်း ချမ်းရေး ဖြစ်ထွန်းလာစေရေး အထောက်အကူပြုရေး အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

CNF သည် လက်ရှိတွင် ချင်းပြည်နယ်ဖလမ်းမြို့နယ်အတွင်း အမှတ်(၂) အိန္ဒိယ – မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်း ကြောင်း ရိဒ်ခေါ်ဒါရ် မြို့တွင်၎င်း၊ ပလက်ဝမြို့တွင်၎င်း စီးပွားရေးရုံးများကို ဖွင့်လှစ်ခဲ့ပြီး တီးတိန်၊ ထန်တလန်၊ မတူ ပီမြို့များတွင် လိုင်စင်ရုံးများကို ဖွင့်လှစ်ခဲ့ကြသည်။

 

ပဏာမ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ချင်းပြည်နယ်အစိုးရနှင့် CNF သည် ဂျပန်နိပွန်ဖောင်ဒေးရှင်း ထောက်ပံ့မှုဖြင့် ချင်းပြည်နယ်နယ်စပ်ဒေသ တချို့တွင် ဆန်ဖြန့်ပေးခြင်း၊  ဒိန်းမတ်အခြေစိုက် Danida လူမှုအသင်း ၏ ထောက်ပံ့မှုဖြင့် ပြည်နယ် အစိုးရနှင့် ပူးတွဲပြီး ချင်းပြည်နယ်အစိုးရအထက်တန်းကျောင်းများတွင် ကွန်ပြူတာ အင်တာနက် တပ်ဆင် ပေးနေသည်။

 

ချင်းပြည်နယ် အစိုးရနှင့် CNF ၏ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့ ပဏာမ ငြိမ်းချမ်း ရေးသဘောတူညီချက် (၇) တွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်အဖြစ်မှ ခေတ်မီဖွံဖြိုးတိုးတက်သော ပြည် နယ်အဖြစ်သို့  ရောက် ရှိနိုင်ရန်အတွက် CNF အနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး ပြည်ထောင် စုအစိုးရ၏ ငွေကြေး ထောက်ပံ့မှုနှင့်အတူ သက်ဆိုင်ရာဥပဒေများနှင့် အညီ အထူးစီးပွားရေးဇုန်များကို ဆောင်ရွက်ရန် နှစ်ဖက်စလုံးမှ သဘောတူသည်ဟု ပါရှိသည်။

Share.

About Author

Leave A Reply

*

code