NCCD က ချင်းကျေးလက် ဒေသတချို့တွင် အမျိုးသမီး စွမ်းရည်မြင့်တင်ရေး သင်တန်းပြုလုပ်

0

???????????????????????????????

 

ယခုလအတွင်း Network for Chin Community Development ခေါ် ချင်းလူထုဖွံ့ဖြိုးရေး ကွန်ယက်က အမျိုး သမီးစွမ်းရည်မြင့်တင်ရေးသင်တန်း ကို ချင်းပြည်နယ် တီးတိန်မြို့နယ် နှင့် တွန်းဇံမြို့နယ် ကျေးလက်ဒေသများ တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။  “ကျေးလက်ဒေသကို အဓိက ဦးတည်ပြီး လုပ်တာဖြစ် တယ်၊ ကျေးလက်ဒေ သဆိုတာက အဖက်ဖက်မှာ နိမ့်ကျတယ်လေ၊ အချိန်နဲ့ နေရာ နဲ့ ချိန်ကိုက်တာရေ၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲ တာတွေကြောင့် ကျန်ဒေသတွေကို မ လုပ်နိုင်သေးဘူး၊ အဲဒီအတွက် ဆက်လက်ကြိုးစား သွားမယ် ” ဟု NCCD လက်ထောက် တာဝန်ခံ ကို Saimon က ခိုနုမ်းသုန်ကို ပြောသည်။

 

ယခုလ ဇွန် ၃ – ၁၁ ရက်အကြား ချင်းပြည်နယ်အတွင်း တွန်းဇံမြို့နယ်အတွင်း တွီးမွီးကျေး ရွာ နှင့် ကျီခါးမြို့နယ်ခွဲ အ တွင်း ဆဲလ်ဘုန်းကျေးရွာနှင့် လိန်ထုတ်ကျေး ရွာတွင် လည်းကောင်း၊ တီးတိန်မြို့နယ် ငင်းသဲကျေးရွာ များ တွင် လည်းကောင်း အမျိုးသမီး စွမ်း အားမြှင့် တင် ရေးသင်တန်း ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 

သင်တန်းတွင် အနာဂတ် ချင်းအမျိုးသမီးများ ကိုယ့်အားကိုယ်ကိုးပြီး အသက်ရှင်ရပ်တည်နို င်ရေး၊ အမျိုးသမီးများ နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေးတွင် ပါဝင်နိုးကြားလာရေး၊ အမျိုးသမီးဆိုင်ရာ အခွင့်အရေးများ နားလည်သိရှိရေးများကို ဆွေးနွေးပို့ချကြသည်။

 

ထို့အပြင် NCCD သည် ၄င်းတို့၏ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ရက်တိုသင်တန်းကိုလည်း ဇွန်လ ဒုတိယပတ်အတွင်း ဆက်လက်ပြုလုပ်ခဲ့ကြရာ ၄င်းတို့၏ လုပ်ငန်း များ ပြန် လည်ဆန်းစစ်ခြင်း၊ လုပ်ငန်းအကဲဖြတ်နည်းနာများ၊ စီမံ ကိန်း များကြီးကြပ်ခြင်း၊  မြန်မာနိုင်ငံ ၏ လက်ရှိနိုင်ငံရေး အခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။

 

ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်သည် ချင်းလူထုအတွင်း လူထုပိုင်ဆိုင်ခွင့်ရှိသည့်ဖွံ့ဖြိုးရေး၊ လူထုကိုယ်တိုင် ပါဝင်ဆောင် ရွက်ခွင့်ရှိသည့် ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေး တည်ဆောက်ရေးကို အခြေခံမူ အဖြစ်ထားရှိသည်။

Share.

About Author

Leave A Reply

*

code