ခရိုင်ရဲမှူးက အမျိုးသမီး၊ ကလေးငယ်အရေး ဆန္ဒပြခေါင်းဆောင် (၄) ဦးကို တရားစွဲ

2

2

 

ဇွန်လ ၂၄ ရက်နေ့က မတူပီအမျိုးသမီးအဖွဲ့ နှင့် မတူပီလူငယ်အဖွဲ့တို့မှ ဦးဆောင်သည့် အမျိုးသမီးနှင့် ကလေးငယ် များ ဘ၀လုံခြုံမှုရှိစေရေး ဆန္ဒဖော်ထုတ်ပွဲနဲ့ပါတ်သက်ပြီး ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင် ရဲမှူး ဦးအောင်မြင့် စိုးက အမျိုး သမီးခေါင်းဆောင်နှစ်ဦးနှင့် လူ ငယ်ခေါင်းဆောင် နှစ်ဦး တို့ကို တရားစွဲလိုက်သည်ဟု သိရသည်။

 

ယင်းကိစ္စနှင့်ပါတ်သက်ပြီး အမျိုးသမီးဥက္ကဌ Khin Thluai Par က ” ကျမတို့ (၄)ဦးကို ယမန်နေ့ က  ခရိုင်မှူး ကနေ ခေါ်ယူတယ်၊ ခရိုင်ရဲမှူးက တာဝန်အရ ရဲ ဥပဒေ ပုဒ်မ ၁၈ နဲ့ အမှုလုပ်ဖို့ ပြောတယ်၊ ကျမတို့ နေ့လည် ၁၂ နာရီမှာ မြို့နယ်ပြည်သူ့ရဲရုံးကို သွားတယ်၊ ညနေ ၅း၀၀ အထိကြာ တယ်၊ ယခင်အစိုးရလို ဥပဒေတွေ ဘာတွေနဲ့ ခြိမ်းခြောက်တာတို့ မရှိပါဘူး ” ဟု ခိုနုမ်းသုန်ကို ပြောသည်။

 

ချင်းပြည်နယ်က တခြားတိုင်းနှင့် ပြည်နယ်တွေမှာလို  ဆန္ဒပြတာတွေ ဖြစ်လေ့ဖြစ်ထ မရှိခဲ့သလို ပြည်နယ် ၀န်ကြီးချုပ် ကိုယ်တိုင်လည်း ယခုလိုဖြစ်ရပ်မျိုး နောက်နောင် မဖြစ်စေချင်ကြောင်း ခရိုင်မှူးက  ပြောပြသည်ဟု သိရသည်။

 

အမျိုးသမီးနှင့် ကလေးငယ်များ ဘ၀လုံခြုံမှုရှိစေရေး ဆန္ဒဖော်ထုတ်ပွဲကို  မြို့နယ်အုပ်ချုပ်ရေးဖက်က ခွင့်ပြုချက်မရှိ သဖြင့် ဆန္ဒပြခေါင်းဆောင်များဖြစ်ကြသည့် မတူပီ အမျိုးသမီးအဖွဲ့ ဥက္ကဌ Pi Khin Thlaui Par, Mai ThangZing၊ လူငယ်ခေါင်းဆောင် ဆလိုင်းမောင်းဟန် နှင့် ဆလိုင်း တေမန်းတို့ကို တရားစွဲလိုက်တာဖြစ်သည်။

 

” သူတို့ဖက်က ကြည့်ယင် လုပ်ကြမှာပဲလေ၊ နောက်ပတ်မှာပဲ ကျမတို့ကို ရုံးပြန်ချိန်းတယ်ပေါ့၊ အားလုံးပြေလည် သွားမယ်လို့ ထင်ပါတယ်၊ ခရိုင်ရဲမှူးနဲ့ မြို့နယ်ရဲမှူးတို့ကလည်း ပွင့်လင်းပါတယ်၊ ” ဟု အမျိုးသမီး ဥက္ကဌက ပြော သည်။

 

ယမန့်နေ့ အမျိုးသမီးခေါင်းဆောင် နှင့် လူငယ်ခေါင်းဆောင်နှစ်ဦးတို့ ခေါ်ယူမှုအပေါ် မတူပီအမျိုးသမီး၊ လူငယ်၊ လူထု ၃၀၀ ခန့်သည် မြို့နယ်ရုံးကနေ ခေါင်းဆောင် (၄) ဦး ပြန်လည်ထွက်မလာမချင်း နေ့လည် ၁၂း၀၀ မှ ညနေ ၅း၀၀ အထိ ရုံးပတ်ဝန်းကျင် တွင် စောင့်နေကြကြောင်း သိရသည်။

 

“ကျမတို့ အမေ တွေ ဦးလေး တို့ကို ရဲက ထောင်ချလိုက်တာလား၊ ဘယ်လိုလုပ်ကြသလဲ ဆိုပြီး စိုးရိမ်တာပေါ့၊ ဒါနဲ့ တနေကုန် ရုံးအပြင်မှာစောင့်နေကြတာ ညနေ ၅း၀၀ နာရီမှာ အန်တီတို့ ရုံးကနေ ပြန်ထွက်လာကြတယ်၊ ကျမ တို့ ၀မ်းသာလိုက်တာ၊ မျက်ရည်တောင် ကျတယ် ” ဟု အမျိုးသမီးငယ် တဦးက ပြောသည်။

Share.

About Author

2 Comments

  1. The Chin Human rights organization is to stand strongly with them.T he demonstrator leaders are to contact human right organization.

  2. tThe Chin Humanrights organization are to stand with them strongly.T he demonstrator leaders are to contact Chin Humsnrights organization ChRO.
    The accused in this rape case has been arrested and his case be tried as soon as possible. The demonstration is leading to demand for his trial as soon as possible and there is no case to arrest the demonstrators’ leaders.

Leave A Reply

*

code