မြန်မာနိုင်ငံမှ ခိုးဝင်လာသည့် လက်နက်များ မီဇိုရမ်ပြည်နယ် အာဏာပိုင်များက ဖမ်းဆီး

0

 adam-02

မြန်မာနိုင်ငံမှ မှောင်ခို ၀င်လာသည့် လက်နက် (၁၁) လက် နှင့် ကျည်ဆံအား အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အမှတ် ၁၄၊ အာသံ ရိုင်ဖယ်တပ်နှင့် ရဲထောက် လှမ်းရေး ပူးပေါင်းအဖွဲ့က ယခုလ ဇူလိုင် ၀၁ ရက်နေ့ ၊ အင်္ဂါနေ့  တွင် ဖမ်းဆီး ခဲ့ကြသည်ဟု သိရသည်။

လက်နက်များကို မီဇိုရမ်ပြည်နယ်၊ မြို့တော် အိုင်ဇောလ်နှင့် ကျန်ဖိုင်းမြို့အကြား Keifang ကျေးရွာအနီးတွင် တရားခံ များဟု ယူဆရ သူများနှင့်အတူဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ၊  ဖမ်းဆီးထားသူများမှာ ကျန်ဖိုင်းခရိုင်၊ Ngaizawl ကျေးရွာသား Vung khan Nang ၏ သား Thang Deih Pianga (38)၊ Than Khen Buai ၏ သား Khai Deih Pianga (30) နှင့် Saimana ၏သား Lalramhngaka (26) တို့ ဖြစ်ကြောင်း ယနေ့ထုတ် ဒေသ သတင်းစာ တွင်ဖေါ်ပြထားသည်။

လက်နက်အရေအတွက်မှာ AK- 47 (၄)လက်နှင့် ကျည်ဘောက် (၃)ခု၊ AK- 56 (၂)လက်နှင့် ကျည်ဘောက် (၃)၊ Light Machine Gun တစ်လက်နှင့် ကျည်ဘောက် တစ်ခု၊ Gunshot (GS) တစ်လက်နှင့် ကျည်ဘောက် (၃)ခု၊ UBGL Grenade Launcher တစ်လက်နှင့် ကျည်ဘောက် တစ်ခုအပြင် 5.56 mm ကျည်ဆံ (၁၂၅)နှင့် 9.96 mm ကျည်ဆံ ၁၀၇၀ ထောင့် ဖြစ်သည်။

ကြိုတင်သတင်းရရှိချက်အရ အိန္ဒိယ – မြန်မာနယ်စပ်မြို့ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှ အိုင်ဇောလ်သို့ ၀င်လာသည့် ၄၀၇ ထရပ်ကား ကို ည ၁၁ နာရီခန့်တွင် တားဆီး စစ်ဆေးခဲ့ရာမှ ကားဘော်ဒီအောက်တွင် ဖွက်ထားသည့် အဆိုပါ လက်နက် များကို တွေ့ရှိ ခဲ့ခြင်းဖြစ် သည်ဟု အာဏာပိုင်တွေနဲ့ နီးစပ်သူ ကုန်သည် ချင်းအမျိုးသမီး တဦးကလည်း ပြောသည်။

” ခုတလော ဒီလမ်းကြောင်းမှာ အစစ်အဆေးတွေ တအားများတယ်၊ မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေလည်း များနေတယ်၊ ကြိုတင်သတင်း ရရှိပြီးမှပဲ စစ်ဆေးလေ့ရှိတယ်” ဟု ချင်းပြည် နယ် ရိဒ်ခေါ်ဒါရ်မှ အဆိုပါ ကုန်သည်က ပြောသည်။

ယခုဖမ်းဆီးမှုသည် ယခုနှစ်အတွင်း ဖမ်းဆီးထားသည့် လက်နက်များအနက် အများဆုံးဖမ်းဆီးမှုဖြစ်သည်ဟု သိရပြီး ယခု နှစ် ဧပြီလ (၉) ရက်နေ့ တွင် လည်း မြန် မာပြည် မှ မှောင်ခိုသယ်လာသည့် လက်နက်များကိုလည်း အာဏာပိုင်တွေ က ဖမ်းဆီးခဲ့ကြသည်။

၄၀၄ ကီလိုမီတာခန့်  ရှည်လျားသည့် တဖက်မီဇိုရမ်ပြည်နယ် နှင့်  မြန်မာနိုင်ငံ နယ်စပ်များမှ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲ ယမ်းများ သည် တရားဝင်လမ်းကြောင်း မှ သော်၎င်း၊ မှောင်ခိုလမ်းကြောင်းမှ သော်၎င်း ခိုးသွင်းလေ့ရှိကြောင်း သိရသည်။

 

 

Share.

About Author

Leave A Reply

*

code