အရက်ရောင်းခွင့်ဥပဒေသစ် မီဇိုရမ်ပြည်နယ် လွှတ်တော်အတည်ပြု

0

R.Lalzirliana

ချင်းလူမျိုးများ တသိန်းခန့်နေထိုင်သည့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်တွင် ၁၇ နှစ်ကြာ ကျင့်သုံး လာခဲ့ သော အရက်တား ဆီး ပိတ်ပင်မှု ဥပဒေ (Mizoram Liquor Total Prohibition Act, 1995) ကို ရုတ်သိမ်းပြီး Mizoram Liquor Prohibition & Control (MLPC) Bill, 2014 အရက်ရောင်းချခွင့် နှင့် ထိန်းချုပ်မည့် ဥပဒေ သစ်တရပ်ကို ဇူလိုင်လ ၁၀ ရက်နေ့က မီဇိုရမ် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

(၇) ကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး ဆိုင်ရာ ၀န်ကြီး Pu R. Lalzirliana မှ တင် သွင်းသော ယင်းဥပဒေကြမ်းကို ၆ နာရီကျော်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် အတည် ပြုနိုင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုတင်သွင်းသော ၀န်ကြီးက “ ကျနော်တို့ပြည်နယ်ကို အရက်ကင်းစင်တဲ့ပြည်နယ်ဖြစ်ဖို့ MLTP Act လို့ခေါ်တဲ့ အရက်ရောင်းဝယ် ခွင့်ပိတ်ပင်တားဆီးတဲ့ဥပဒေကို အသုံးပြုပြီး ကြိုးစားခဲ့ကြတယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး၊ ဒီလို ကင်းစင်ပပျောက်အောင်မ လုပ်နိုင် တဲ့ ဒီအရက်ကို ကောင်းမွန်တဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိနိုင်ဖို့ Mizoram Liquor (Prohibition & Control) Bill, 2014 ကို တင်သွင်းရတာဖြစ်တယ်’’ ဟု ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ခရစ်ယာန်ပြည်နယ်ဟု သတ်မှတ်ခံထားရသော မီဇိုရမ်ပြည်နယ်တွင် အရက်ရောင်းဝယ်ခွင့် တားဆီး ပိတ်ပင်သည့် MLTP အက်ဥပဒေကို ၁၉၉၅ ခုနှစ်တွင် မီဇိုရမ်အစိုးရက စတင်ပြဌာန်းခဲ့ပြီး ၁၉၉၇ ခုနှစ် ဖေဖော် ၀ါရီလ ၂၀ ရက် နေ့မှစ၍ ယနေ့ထိ ကျင့်သုံးလျက်ရှိသည်။

နှစ်ပေါင်းများစွာ ကျင့်သုံးလာသော အရက်ပိတ်ပင်မှုဥပဒေသည် ထိရောက်မှုမရှိသည့်အပြင် အရက်ကိုလည်း ပ ပျောက်သွားအောင် အမှန်တကယ်လုပ်ဆောင်နိုင်ခြင်းမရှိသည်သာမက မှောင်ခိုဖြင့် ချက်လုပ်ကြသော အရက်များ၊ မကောင်းသည့် အရက်များ သောက် သုံးခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးပိုများသည်ဟုဆိုကာ ယင်းအက်ဥပ ဒေကို အစိုးရ အနေဖြင့် ပြန်လည်သုံးသပ် ရန် လို အပ်ကြောင်း ဒေသတွင်းအခြေစိုက် အရပ်ဘက်လူ့မှုအဖွဲ့အစည်း များနှင့် ပညာရှင်များက နှစ်ရှည်လများ ဝေဖန်ပြောဆိုခဲ့ကြသည်။

MLTP အက်ဥပဒေကြောင့် မီဇိုရမ်ပြည်နယ်တွင် မကောင်းသောအရက်ပေါများလာပြီး သေဆုံးမှုများလည်း အများ အပြားရှိခဲ့သည်ဟု ၀န်ကြီးကပြောသည်။

“ ဒီမကောင်းတဲ့အရက်က လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်၊ ကျနော်တို့အရက်မပိတ်ပင်ခင်ကထက် အရက် ပိတ်ပင်မှု ကျင့် သုံးပြီး တဲ့နောက်မှာ အရက်ကြောင့် ဆေးရုံရောက်သွားကြတဲ့လူတွေ ပိုများပါတယ်’’ ဟု သူကပြော သည်။

လွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကို လက်ရှိအာဏာရ လွှတ်တော်အမတ် ၉ ဦး နှင့် အတိုက်အခံပါတီဘက်မှ လွှတ်တော်အ မတ် ၆ ဦးတို့က ဆွေးနွေးခဲ့ကြရာ အာဏာရလွှတ်တော်ကိုယ်စားလှယ်အားလုံးမှ ထောက်ခံကြသော် လည်း အတိုက်အခံ ပါတီ MNF, MPC, ZNP လွှတ်တော်ကိုယ်စားလှယ်များ ကမူ Mizoram Liquor Prohibition & Control (MLPC) Bill, 2014 ဥပဒေအ တည်ပြု သည့်အချိန်တွင် လွှတ်တော်ခန်းမမှ ထွက်ခွါသွားခဲ့ကြသည်။

မဲဆန္ဒနယ်မြေစုစုပေါင်း ၄၀ နေရာရှိသော မီဇိုရမ်ပြည်နယ်တွင် လက်ရှိအစိုးရ ကွန်ကရက်ပါတီမှ မဲဆန္ဒနယ်မြေ (၃၄) နေရာ ရရှိထားပြီး အတိုက်အခံပါတီများက (၆) နေရာသာရရှိထားပါသည်။

မီဇိုရမ်ပြည်နယ်တွင် တရားဝင်အရက်ရောင်းဝယ်ခွင့်ရှိမည့် ဥပဒေသစ်တရပ်အတည်ပြုမည့်ကိစ္စကို မီဇိုရမ်ပြည်နယ်၏ အကြီးဆုံးသော ဘာသာရေးအသင်းချုပ် Synod နှင့် မီဇိုးလူငယ်အသင်းများက ကန့်ကွက်ခဲ့ကြပါသည်။

ယခုအတည်ပြုလိုက်သော MLPC ဥပဒေသစ်တွင် အစိုးရမှ ခွင့်ပြုသည့် အရက်ရောင်းခွင့် လိုင်စင်ရ ပုဂ္ဂိုလ် များကသာ အရက်ကို တရားဝင်ရောင်းဝယ်ခွင့်ရှိမည်ဖြစ်ပြီး၊ အရက်ဝိုင်းဖွဲ့သောက်သုံးကြသည့် ဘုံဆိုင် (Bar) များဖွင့်လှစ်ခွင့် မပြု သည့် အပြင် အရက်မူး ယစ်ခြင်းကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း တင်းကျပ်သော စည်းမျဉ်းဥပဒေများဖြင့် အ ရေးယူသွားမည်ဟု သက်ဆိုင်ရာဝန်ကြီး ကပြောသည်။

“ လူတစ်ယောက်ဟာ အရက်သောက်ပြီး မူးလို့ တခြားသူတွေအတွက် အနှောင့်အယှက်ဖြစ်စေမယ့် ရမ်းကားတဲ့ လုပ်ရပ်တွေပြုမူနေ တယ်ဆိုရင် ဒီဥပဒေအရ ဖမ်းဆီးလို့ရပါတယ်၊ သူ့ကို ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ် အပြစ်ပေး လို့ရပါတယ်၊ တချိန်တည်းမှာ ဘဲ ငွေဒဏ်၊ ထောင်ဒဏ် နှစ်မျိုးစလုံးကိုလည်း တခါတည်းချမှတ်လို့ရပါတယ်’’ ဟု ၀န်ကြီးကပြောသည်။

မီဇိုရမ်ပြည်နယ်တွင် နှစ်ပေါင်း ၁၇ နှစ်ကြာ ကျင့်သုံးလာခဲ့ကြသော အရက်ပိတ်ပင်တားဆီးသော MLTP အက်ဥပဒေ အဆုံးသတ် သွားပြီးဖြစ်သော်လည်း လွှတ်တော်တွင် အတည်ပြုလိုက်သည့် တရားဝင်အရက်ရောင်းဝယ်ခွင့် ဥပဒေ သစ်ကို မည်သည့်အချိန်မှစ၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ကြမည်ဆိုသည်ကိုမူ မသိရသေးပေ။

 

 

Share.

About Author

Leave A Reply