ချင်းအမျိုးသား တရပ်လုံးကိုယ်စားပြု မည့်နိုင်ငံရေး ပါတီသစ် ဖွဲ့စည်း

0

??????????

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ် (CLD) ပါတီခေါ် ချင်းအမျိုးသား နိုင်ငံရေးပါတီ သစ် တခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ပြီးခဲ့တဲ့လက မှတ်ပုံတင် လိုက်ကြောင်း သိရ သည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD) သည် ၂၀၁၅ ရွေးကောက်ပွဲကျယင် ချင်းပြည်နယ် အပြင်၊ ချင်းလူမျိုးတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကလေး – ကဘော်ဒေသ၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန် တိုင်းဒေသများတွင် ၀င်ရောက် ယှဉ်ပြိုင် ဖို့ ပြင်ဆင်ထားကြောင်း ပါ တီခေါင်းဆောင် ဆလိုင်း ငိုင်ဆာခ့် က ခိုနုမ်းသုန်ကို ပြောသည်။

” မှတ်ပုံတင်ထားတာ မကျသေးတော့ တရားဝင်ပြောဖို့က နည်းနည်း ခက်နေသေးတယ်ပေါ့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းလူ မျိုးတွေ နေထိုင်တဲ့ မြန်မာတပြည်လုံးအတိုင်းအတာနဲ့ ၀င်ရောက် ယှဉ်ပြိုင်ဖို့ဖြစ်ပါတယ်၊ ဒီလကုန်ယင် ပါတီ ကိစ္စနဲ့ ကျတော် ချင်းတောင်ကို တက်ပြီး ဒေသခံ မိဘပြည်သူတွေနဲ့ သွားရောက်ဆွေးနွေးဖို့ စီစဉ်ထား ပါတယ်၊ ” ဟု ပြောသည်။

သက်ဆိုင်ရာမှ တရားဝင် ရပ်တည်ခွင့် မပြုသေးသော်လည်း ၄င်းတို့ပါတီ ဦးဆောင်အဖွဲ့ကို ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့ က ချင်းပြည် နယ်ဒေသအသီးသီးမှ အောက်ပါ ခေတ်ပညာတတ်ချင်း လူငယ်၊ လူလတ်များဖြင့် ရန်ကုန်မြို့၌ ရွေးချယ် ဖွဲ့ စည်းခဲ့ကြကြောင်း သိရ သည်။

ပူး ငိုင်ဆာခ့်                     ဥက္ကဌ

ပူး အောမ်ယော                ဥက္ကဌ (၁)

ပီး ဆုန်ဇီးမန်                    ဥက္ကဌ (၂)

ဂျိမ်း (စ) ဒါရ် ရိုထန်း          ဥက္ကဌ(၃)

ဆလိုင်း ၀ုန်ဇာပျန် ပီပီ)       အထွေထွေအတွင်းရေးမှူး

ဆလိုင်း အောင်လိန်း          အတွင်းရေးမှူး(၁)

ဆလိုင်း ဂျင်မီ ရီဇာဘွေး      အတွင်းရေးမှူး(၂)

ပူး ဂျင်ဆွန်မုန်                  အတွင်းရေးမှူး (၃)

ပူး အောမ်ခိုထန်း               ဘဏ္ဍာထိန်း နှင့် အဖွဲ့ဝင် (၁၀) ဦး

ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD) ဥက္ကဌ ဆလိုင်းငိုင်ဆာခ့်သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီဖြစ်သည့် ချင်းအမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆလိုင်ရမ်းလိန်မှုန်း(ကွယ်လွန်) ၊ ဒေါက်တာလျန်မှုန်းဆာခေါင်း ( NCCT) တို့နှင့် အတူ ဖွဲ့စည်းတည်ထောင်ခဲ့သူ ဥပဒေ ပညာရှင် တဦးဖြစ်သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားဒေသ နိုင်ငံရေးပါတီများဖြစ်သည့် ယခု ချင်းဒီမိုကရေစီဖွဲ့ချုပ် အပါအ၀င် ချင်းတိုး တက်ရေးပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါ တီ၊ အရှို ချင်းအမျိုးသားပါတီ၊ ဇိုမီးဒီ မို ကရက်တစ်ကွန်ကရက်၊ ခူမီးအမျိုးသားပါတီတို့ ၀င်ရောက် ယှဉ် ပြိုင်သွားဖွယ် ရှိသည်။

 

Share.

About Author

Leave A Reply

*

code