ချင်းပြည်နယ်အတွက် တန်ဖိုးနည်း Sim card ၁၁၀၀ ထပ်မံချပေး

0

simcards-gsm-association5_lit-300x225

 နိုင်ငံတော်မှ ၂၀၁၃ခုနှစ်၊ ဧပြီလမှစတင်၍ လစဉ်ပုံမှန်ရောင်းချပေးလျက်ရှိသော တန်ဖိုးနည်း မိုဘိုင်း Sim Card ကို ချင်းပြည်နယ်အတွက် ၁၁၀၀ ခု ဆက် လက်ဖြန့် ဖြူးရန် ချမှတ်ပေးခဲ့ရာ အဆိုပါ ဖြန့် ဖြူးရောင်းချမည့် Sim card တွင် GSM- ၄၀၀ နှင့် WCDMA -၇၀၀ ဖြစ်ကြောင်း ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာ တွင်ဖေါ်ပြထားသည်။
မြန်မာနိုင်ငံ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီး ဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီး များသို့  လစဉ် အလုံးရေ- ၃၅၀၀၀၀ရောင်း ချလျက် ရှိကြောင်း၊ ယင်း Sim card များကိုသက် ဆိုင်ရာပြည်နယ်နှင့် တိုင်း ဒေသ ကြီး အစိုးရများမှ တဆင့် ပြည်သူများ ထံ ရောင်းချပေးခြင်းဖြစ်သည်။

၁၅၀၀ ကျပ်ဖြင့်ရောင်းချနေသည့် အဆိုပါ Sim card ကို ၂၀၁၃ခုနှစ် ဧပြီလမှ၂၀၁၄ခုနှစ် ဇွန်လအထိ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ CDMA 800 MHz -၂၉၉၀၀၀၀ လုံး၊ GSM – ၁၇၄၉၇၀၀၊ WCDMA -၇၁၀၃၀၀ စုစုပေါင်း ၅ ဒသာမ ၀၅ သန်း ရောင်းချပေးပြီ ဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ၉ ဒသမ ၂၅ သန်းကျော် ရောင်း ချပေးပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ရောင်းချပေး နေ သည့် အစီအစဉ်တွင် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့ကြ သော သက်ပြည့် ပင်စင်ခံစားနေသည့် အငြိမ်းစား ၀န်ထမ်းများအတွက်လည်း ဆက်လက်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ၂၀၁၄ ဇန္န၀ါရီ ၂၄ ရက်နေ့က တန်ဖိုးနည်း မိုဘိုင်း Sim card ကို ချင်းပြည်နယ် အများပြည်သူ အတွက် ၃၀၀ ကို၎င်း၊ သက်ပြည့်ပင်စင်စား အငြိမ်းစား ၀န် ထမ်းဟောင်းများ အတွက် ၇၀၀ စုစုပေါင်း ၁၀၀၀ ဖြန့်ဖြူး ရောင်း ချခဲ့ပြီးဖြစ်သည်။

ချင်းပြည်နယ် မတူပီမြို့ နယ်၊ ပလက်ဝမြို့ နယ်၊ ထန်တလန်မြို့ နယ် နယ်စပ်ဒေသရှိပြည်သူများနှင့် တီးတိန်နှင့် တွန်းဇံမြို့  နယ်များတွင် မိုဘိုင်းဖုန်း မသုံးစွဲနိုင်သေးပေ။ ချင်းပြည်နယ် နယ်စပ်ဒေသများသို့  မိုဘိုင်းဖုန်းများ အသုံးပြု နိုင်ရန် မိုက္ကရိုဝေ့ဆက်ကြောင်း အသုံးပြု၍ ဆက်သွယ်ရေးစခန်းများ တည်ဆောက်ရန်ရှိကြောင်း ဆက်လက် ဖော်ပြ ထားသည်။

Share.

About Author

Leave A Reply

*

code