မီဇိုရမ်အစိုးရက မူးယစ်ဆေးဝါးမှုဖြင့် ချင်းလူ မျိုးတစ်ဦး ထောင်ဒဏ် (၄) နှစ် ပြစ်ဒဏ် ချမှတ်

0

meth_pills11

 ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က လူကို မူးယစ်စေတတ်သော Methamphetamine ခေါ် စိတ်ကြွ ဆေးပြားကြောင့် အဖမ်းခံ ရသော မြန်မာနိုင် ငံသားတဦးကို မီဇိုရမ်တရားရုံးက ဒဏ်ငွေ ရှုပီး ၅၀၀၀ နှင့် ထောင်ဒဏ် ၄ နှစ် ချလိုက်ပါတယ်၊

တရားခံမှာ စစ်ကိုင်းတိုင်း ကလေးမြို့ ၊ တာဟန်း (F) ရပ်ကွက်နေ U Ramhleia ရဲ့ သား Pu Khen Thawng (၄၇) ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း  ဘိန်းဖြူ ၁၃၃ ဂရမ် နှင့် Methamphetamine မြောက်များစွာကို မြန်မာနိုင်ငံမှတဆင့် မီဇိုရမ်ပြည်နယ် ကို သယ်ဆောင်လာပြီး ဈေးကွက် စုံစမ်းရှာဖွေစဉ် မီဇိုရမ် Excise & Narcotics Anti-Narcotics Squad အဖွဲ့က မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်တွင် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုကို မီဇိုရမ်တရားရုံးမှ တစ်နှစ်ကျော် စစ်ဆေးခဲ့ပြီးနောက် အဆိုပါဆေးပြားသည် မူးယစ်ဆေးဝါးအဖြစ် အတည်ပြုပြီး ယခုနှစ် ဇူလိုင် ၂၄ ရက်နေ့က အမိန့် ချခံခဲ့တာဖြစ်ကြောင်း  ယခုလို Metham phetamine ဆေးဝါးကို မူးယစ်ဆေးဝါးအဖြစ်သတ်မှတ်ပြီး  အပြစ်ပေးခြင်းသည် မီဇိုရမ်ပြည်နယ်မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသထုတ် သတင်းစာမှာ ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ကလည်း Mizoram Excise & Narcotics Department (END) အဖွဲ့မှ ဘိန်းဖြူ ၄၁ ဂရမ် နှင့်အတူ ဘိန်းဖြူပိုင်ရှင်ဟု မသင်္ကာသူ  ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်ဇားကျေးရွာ နေ Nangsianvungi (45) နှင့် Niangtawiluni (35) တို့အား ဖမ်းဆီးခဲ့ကြသည်၊

၂၀၁၃ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (UNODC) ၏ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံမှာ ဘိန်းဖြူအပြင် စိတ်ကြွဆေး သုံးစွဲမှုများပြားလာကြောင်း၊ ယခင်က နယ်စပ်ဒေသရှိ ကျေးလက် ဒေသများ တွင်သာ သုံးစွဲရာမှ ယခုမြို့ ပြများအထိ သုံးစွဲ မှု ပြန့် ကျဲလာကြောင်း ဖေါ်ပြထားသည်။

ထို့ အပြင် မြန်မာနိုင်ငံမှ ၀င်လာတဲ့ Methamphetamine စိတ်ကြွဆေးပြားများကြောင့် အိမ်နီးချင်း တိုင်းပြည်များမှာ ယခင်နှစ်များက ထက် ဖမ်းဆီးမှု ပိုမိုများပြားလာကြောင်း UNODC က ထုတ်ပြန်ထားပါသည်၊

 

 

Share.

About Author

Leave A Reply

*

code