ရိဒ် ခေါ်ဒါရ် အလကတွင် ကျောင်းသားတဦး ကျပ်ငွေ ၄၀၀ နှုန်းဖြင့် ကျောင်းဆရာ ငှားရမ်း

0

၂၀၁၄ – ၂၀၁၅ ပညာသင်နှစ်အတွက် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ် မြို့သစ်၊ အမှတ် (၂) အစိုးရ အလယ် တန်းကျောင်းမှာ အစိုးရကျောင်းဆရာအင်အား မလုံလောက်တဲ့အတွက် ကျောင်းသားတဦး ကျပ်ငွေ ၄၀၀ နှုန်း ထည့် ၀င်စေပြီး ကျောင်းဆရာနှစ်ဦးကို ငှားရမ်းကြတယ်လို့ကျောင်းကော်မီတီဝင်ပူးဘွေးဆုမ်းက ယခု လိုပြောပြခဲ့ပါတယ်၊

” ကျောင်းဆရာ မလုံလောက်လို့ ကျောင်းကော်မီတီက ပြင်ပ ကျောင်းဆရာနှစ်ဦးကို တလ ကျပ်ငွေ တသိန်း ကျော် နှုန်းစီနဲ့ ယခုလက စပြီး ငှားရမ်းဖို့၊ လုပ်ခအ တွက် ကျောင်းသားတဦး ကျပ်ငွေ ၄၀၀ စီ ကောက်ခံဖို့ဆုံးဖြတ်ထားတာ ပါ”

အမှတ် (၂) ရိဒ်ခေါ်ဒါရ် အစိုးရအလယ်တန်းကျောင်းသားသူ ဦးရေ ၅၃၅ ရှိပြီး အလယ်တန်းကျောင်းဆရာ (၈) ဦး၊ မူ လတန်း ကျောင်းဆရာ (၅) ရှိပြီး ရိဒ်ခေါ်ဒါရ် အစိုးရ အထက်တန်းကျောင်းမှာလည်း အစိုးရကျောင်းဆရာ အင်အား နည်းနေကြောင်း သိရပါတယ်၊

“ကျောင်းသားတွေ ငွေကောက်ခံတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး ကျောင်းသား မိဘ တဦးကမူ ကျောင်းသား ၃၊ ၄ ဦးရှိတဲ့ အိမ်ထောင်မိသားစုတွေ အတွက်တော့ စရိတ်စခက မသေးဘူး၊ ဒါကို ကျောင်းကော်မီတီတွေ အနေနဲ့ ပြန်လည် စဉ်း စားသင့်တယ် ” လို့ ပြောပြပါတယ်၊

ထို့အပြင် အမှတ် (၂) ရိဒ်ခေါ်ဒါရ် အစိုးရအလယ်တန်းကျောင်းအုပ်ကြီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဆုံးပါးခဲ့ပြီး ၄င်းအစား ကျောင်းအုပ်ဆရာကြီး ပြန်လည် အစားမထိုးနိုင် ခဲ့သေးပါ၊

ယမန်နှစ် ၂၀၁၃၊ ဧပြီလက ချင်းပြည်နယ် ပညာရေးဌာန အတွက် သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာနက အလုပ်ခေါ် ယူထားရာမှာ ၅၀၀၀ ခန့် အရည်အချင်းစစ်စာမေး ပွဲ ဖြေဆို ထားကြောင်း သို့သော် ဘယ်နှစ်ဦးခန့်ထားသည်ကိုတော့ မသိရပါ။

လေ့လာချက်တွေအရ လက်ရှိ အစိုးရလက်ထက်မှာ ချင်းပြည်နယ်အတွက် ကျောင်းဆရာ အင်အား အဆမတန်တိုး ချဲ့ ခဲ့ပေမဲ့ အစိုးရရဲ့ ကျောင်းဆရာ အင်အား ရာထား ချက် မပြည့်မှီတဲ့ ကျောင်းတွေ အတော်အတန် ရှိနေသေးကြောင်း သိရပါတယ်၊

 

 

 

Share.

About Author

Leave A Reply

*

code