ချင်းပြည်နယ် အစိုးရက အရက်တရားဝင် ရောင်းဝယ်ခွင့်ပြု

0

ချင်းပြည်နယ်အစိုးရခွင့်ပြုချက်အရ ချင်းပြည်နယ် မြို့ နယ်တိုင်းတွင် အရက် ရောင်း ခွင့်လိုင်စင်ဖြင့် အရက်တရား ၀င် ရောင်း ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် မတူပီမြို့တွင် ပထမအသုတ် (၆)လ အတွက် အရက်ရောင်းဝယ်ခွင့်လိုင်စင်ကို ၁၇သိန်းဖြင့် အစိုးရ တာဝန်ရှိ သူများက ရောင်းပေးမည်ဖြစ်ပြီး လိုင်စင်ဝယ်လိုသူ တစ်ဦးလျှင် ကျပ်ငွေ နှစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ကြောင်း မတူပီ ဒေသခံတဦးထံမှ သိရသည်။

ပထမအသုတ်ကို မည်သည့်လမှစတင် ရောင်းဝယ်ခွင့်ပြုမည်ကို မသိသေးသော်လည်း လာမည့် စက်တင်ဘာလမှ စတင် ရောင်းဝယ်ခွင့်ပြုဖွယ်ရှိကြောင်း သိရသည်။

အဆိုပါဒေသခံက” အဲဒီအရက်ရောင်းခွင့်လိုင်စင်ကို မြို့ နယ် အထွေထွေအုပ်ချုပ်ရုံး ကနေ ထုတ်ပေး မယ်လို့  သိရတယ်။ ဒုတိယ သုတ်အတွက်တော့ဘယ်လောက်နဲ့ ပြန်ရောင်း မလဲဆိုတာတော့ မသိရသေးဘူး” ဟု ဆိုသည်။

အရက်ရောင်းခွင့် လိုင်စင်ကို မတူပီဒေသခံ (၇)ဦးမှ ၀ယ်ယူတော့မည်ဖြစ်ကြောင်း၊ ယင်း လိုင်စင်ကို လေလံတင်ပြန်ရောင်း မည်မဟုတ်ကြောင်း အရက်ရောင်းခွင့်လိုင်စင်ဝယ်ယူသူ များက ပြောဆိုသည်ကို ကိုးကားပြီး မတူပီဒေသခံက ခိုနူမ်းထုန်သ တင်း ဌာနကို ရှင်းပြခဲ့သည်။

အရက်ရောင်းခွင့်လိုင်စင်ဝယ်ယူသူများသည် မတူပီမြို့ ပေါ် ရပ်ကွက် (၄)ခုအနက် စံဘောင်နှင့် ခိုဘွေရပ်ကွက် တွင် နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။

လိုင်စင်ဝယ်ယူသူများအနေဖြင့် အရက်ကို နံနက် ၁၀း၀၀ နာရီမှ ညနေ ၆ နာရီအထိ အစိုးရရုံးတက်ချိန် သတ် မှတ်ချက်နှင့်အညီ ရောင်းခွင့်ပြုထားပြီး အသက် ၁၈နှစ် မပြည့်သေးသူများကိုမူ အရက်ဝယ်ယူခွင့် မပြုရန် ညွှန်ကြား ထားကြောင်း သိရသည်။

ထို့ အပြင် အရက်ရောင်းခွင့်လိုင်စင်ရသူများမှအပ မည်သူမျှ တရားမ၀င် ခိုးရောင်းခြင်း မပြုလုပ်ရန် သက်ဆိုင်ရာက ညွှန် ကြား ထားပြီး အကယ်၍ တရားမ၀င်ရောင်းဝယ်သူရှိပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်းဆက်လက် ညွှန် ကြား ထားသည်ဟု သိရသည်။

ချင်းပြည်နယ်အစိုးရသည် သက်ဆိုင်ရာမြို့ နယ်တာဝန်ရှိသူများကို တစ်နှစ်အရက်ရောင်းခွင့် လိုင်စင်ခအတွက် ဆိုပြီး သတ် မှတ် ပေးထားကြောင်း၊ ထိုအထဲတွင် မတူပီမြို့ နယ်မှ တစ်နှစ် အတွက် ကျပ်ငွေ ၃၅ သိန်း ၊ မင်းတပ်မှ ကျပ်ငွေ သိန်း ၅၀ နှင့် ဟားခါးမြို့ မှ ကျပ်ငွေ သိန်း ၁၀၀ အသီးသီးပေးသွင်းရန် သတ်မှတ်ပေးထားကြောင်းသိရသည်။

မတူပီမြို့ နယ်တွင် ၂၀၀၄ခုနှစ်မှ ၂၀၀၇ခုနှစ်အကြား စစ်အစိုးရလက်ထက်၌ လွတ်လပ်စွာ အရက်ရောင်း ၀ယ် ခွင့်ပြုထားရာ အသက်မပြည့်သေးသည့် လူငယ်များ သေဆုံးခြင်း၊ အ ကျင့်ပျက် ပြားခြင်းများပြားခဲ့သောကြောင့် မတူပီ ခရစ်ယာန်ဘာသာ ဂိုဏ်းပေါင်းစုံမှ အရက် လိုင်စင်ကို ၂၀၀၉ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ (၃)နှစ်တိုင်တိုင် အစိုးရထံ  နှစ်စဉ် ကျပ် ငွေသိန်း ၂၅ ပေး သွင်းကာ ဒေသအတွင်းအရက် မသောက် သုံးရေး တားမြစ်ခဲ့သော်လည်း ယခု အစိုးရသစ်လက်ထက်တွင် အရက်လိုင်စင် ၀ယ်ယူခြင်းကိုလက်လွှတ်ခဲ့ရသည်။

Share.

About Author

Comments are closed.