တီးတိန်မြို့နယ်အတွင်း နယ်မြေဧက ၈၀၀ တောင်းဆိုသည့် စွပ်စွဲချက် CNF ငြင်းဆို

0

???????????????????????????????

အစိုးရ နှင့် ပဏာမ ငြိမ်းချမ်းရေးရယူထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) က အစိုးရထံ ချင်းပြည်နယ် တီးတိန်မြို့ နယ်အတွင်း နယ်မြေ ဧက ၈၀၀ ခန့်ကို တောင်းဆို သည်ဟု ဒေသခံများရဲ့ စွပ်စွဲချက်အပေါ် ယနေ့ငြင်းဆိုလိုက်သည်။

CNF က တီးတိန်မြို့နယ်အတွင်း နယ်မြေဧက ၈၀၀ ကို အစိုးရထံ တောင်းဆိုသည့်အပေါ် တီးတိန်မြို့မိမြို့ဖက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ကန့်ကွက်စာ ပေးပို့ထားပြီး ဇိုမီးလူငယ်အသင်း (ZYA) က လည်း ပြည်ထောင်စု လွှတ်တော်ထံ ကန့်ကွက်စာပေးပို့မည်ဖြစ်ကြောင်း သြဂုတ်လ ၁၄ ရက်နေ့ထုတ် Zomi Daily သတင်း စာတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး CNF ၏ စစ်ဖက်ရေးရာအတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ” ဒီကိစ္စက CNF ဗဟို ဌာနချုပ် အနေနဲ့ ဘာဆိုဘာမှ မသိတာအမှန်ပဲ၊ ဘယ် အစည်းအဝေးမှာမှလည်း နယ်မြေတောင်းဆိုမယ် ဆိုတဲ့ ဆုံး ဖြတ်ချက်ချတာမျိုး မရှိဘူး ” ဟု ပြောသည်။

အဆိုပါ သတင်းစာက CNF က ဒေသအတွင်း နယ်မြေပိုင်ဆိုင်ခွင့်ကို ချင်းပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားသည်မှာ သေ ချာကြောင်း သို့သော် တီးတိန်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ ဖြတ်သန်းမှုရှိမရှိ၊ တီးတိန်မြို့နယ် အုပ်ချုပ် ရေး အာဏာပိုင်မှ ခွင့်ပြုမပြုကိုမူ မသိရသေးကြောင်း ZYA အဖွဲ့ က ဆိုသည်ဟု ဆက်လက်ဖော်ပြထား သည်။

” ဒီသတင်းဟာ အခြေအမြစ်လုံးဝ မရှိဘူး၊  စီအဲန်အက်ဖ်၊ အစိုးရ နဲ့ ဒေသခံပြည်သူတွေ အမြင်စောင်းအောင် တဖက် သတ် လုပ်ဇာတ်ခင်းတာပါ ” ဟု CNF အထွေထွေ အတွင်းရေးမှူး (၃) ပူး ခွါအုပ်လျန်က ထောက်ပြပြောဆိုသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး တီးတိန်မြို့နယ်ရှိ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ တီးတိန်လူငယ်အဖွဲ့၊ အမျိုး သမီးအဖွဲ့၊ လူမှုအဖွဲ့အစည်း၊ ဘာ သာရေးခေါင်းဆောင်များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များသည် ယခုလ ၁၆ ရက်နေ့တွင် တီးတိန်မြို့ ၊ နှစ်ချင်း အသင်းတော်ရုံး၌ တွေ့ ဆုံဆွေး နွေးကြမည်ဟု ဆက်လက်ဖော်ပြ ထားသည်။

CNF တီးတိန်ဆက်ဆံရေးရုံးကလည်း ဒီသတင်းမမှန်ကန်ကြောင်း သက်ဆိုင်ရာ ဒေသခံ အဖွဲ့တာဝန်ရှိများထံ အ ကြောင်းကြားပြော ဆိုထားကြောင်း ထပ်မံ သိရသည်။

 

Share.

About Author

Leave A Reply

*

code