ချင်းခရစ်ယာန် သိက္ခာတော်ရ ဆရာတော် အရက်သယ်ဆောင်သူများ၏ အရိုက်ခံရ

1

Hakha Post Vol. 3, No

၂၀၁၄ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့  ချင်းပြည်နယ် ထန်တလန်မြို့ တွင် ချင်းခရစ်ယာန် သိက္ခာတော်ရ ဆရာတော် နှင့် ဘာသာရေးရုံး ၀န်ထမ်းတစ်ဦးတို့  အရက် သယ်ဆောင်လာသူ (၄) ဦး၏ ၀ိုင်းရိုက်ခြင်းခံခဲ့ကြောင်း သိရသည်။

မြို့ပေါ်တွင် အရက်ရောင်းချသယ်ဆောင်ခွင့်ကို ထန်တလန်မြို့ပေါ် ရပ်မိရပ်ဖ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ ပိတ်ပင်ထားသည့် ကြားက မြို့တွင်းသို့ ဆိုင် ကယ်ဖြင့် အရက်ခိုးသယ်လာသူ ဗမာလူမျိုး (၄)ဦးက ၄င်းတို့သယ် ဆောင် လာသည့် အရက်ကို တားမြစ်သိမ်းဆည်းသူ သိက္ခာတော်ရ ဆရာ နှင့် ရုံးသားတဦးအား ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၃း၀၀ နာရီခန့် က လူငယ် (၄) ဦးသည် မော်တော်ဆိုင်ကယ် (၄) စီးဖြင့် ဟားခါးမြို့မှ ထန်တလန်မြို့ အ၀င် Laipawnglung အရပ် မှာ  Isreal Tial Awi နဲ့ Pastor ZaThat က ရပ်ခိုင်းသည်ကို ဆိုင်ကယ်မောင်း လူငယ်တစ်ဦးက ဆိုင်ကယ် လီဗာတင်ပြီး Isreal Tial Awi  ကို တိုက်ခဲ့ရာ Isreal Tial Awi  သည် တပတ်လည် လဲကျကာ ဦးခေါင်းနှင့် လက်မောင်းတွင်ဒါဏ်ရရရှိကြောင်း Pastor Zathat သည်လည်း ရှေ့ဆုံးလူက တုတ်နဲ့ရိုက်သည်ကို ရှောင်တိမ်းသော် လည်း နောက်လူက အုတ်ခဲကျိုးနဲ့ ပေါက်သဖြင့် ဒါဏ်ရာရရှိခဲ့သည်ဟု ယနေ့  ထုတ် The Hakha post တွင် ဖေါ်ပြသည်။

အခြေအနေကို သိရှိနိုင်ရန် Thangtlang Church Fellowship (TCF) ၏ ဥက္ကဌ  ၊ Pastor That Cung Nung နှင့် ယုံကြည်ခြင်း အသင်းတော်မှ ရုံးဝန်ထမ်း Van Nawl Peng တို့ အခင်းဖြစ်ရာသို့ သွားကြည့်ရာမှာ အဆိုပါ (၄) ဦးဟာမြို့ ထဲ မ၀င်တော့ဘဲ Pu Kio Luai အိမ်နားကနေ ဘုန်းကြီး ကျောင်းလမ်းဖက်တက်သွားကြပြီး အ ရက်တွေကို တောထဲမှာ ဖွက်ထားကြကြောင်း နှစ်ယောက်က တုတ်ချောင်းကိုင်ပြီး နောက်နှစ်ယောက်က ခါးတွင် ဓါးမြှောင်ချိတ် ထားကြကြောင်း သိရသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ထန်တလန် ရဲစခန်းမှတဆင့် ဟားခါးရဲစခန်းကို ဖုန်းဆက်ပြီး ဟားခါးအ၀င်၌ ဟားခါး ရဲများက ဖမ်းဆီးပေးရန် အကူအညီတောင်းသော်လည်း မည်သည့် တုံ့ပြန်ချက် တစုံတရာ မရှိကြောင်း သိရသည်။

” သူတို့ ဟာ ဟားခါးမှာ နေတဲ့သူတွေဖြစ်တယ်၊ တယောက်က ရှမ်းလေး၊ သူက ဟားခါး ဈေးသစ် ( Dawrthar) ရက်ကွက် မှာနေတယ်၊ နောက်တယောက်က ကိုထွန်း လို့ ခေါ်တယ်၊ သူတို သယ်လာတဲ့အရက်ကို ယခင်က တကြိမ် သိမ်းဆည်းပေးခဲ့ပြီး သွန်ပစ်ပေး ခဲ့တယ်” ဟု ပါစတာက ဆိုသည်။

ချင်းပြည်နယ်ထန်တလန်မြို့ပေါ်မှာအရက်သေစာတားမြစ်ရေးနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Pi ZaTlem က ပြည်သူ့  လွှတ်တော် အစည်းအဝေး ၌ တင်ပြခဲ့ရာမှာ ပြည်နယ်အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်စေလို ကြောင်း တုံ့ ပြန်သောကြောင့် ပြည်နယ်လွှတ်တော်၌ ပြန်လည်တင်ပြခဲ့သော်လည်း ထိရောက်သည့် လုပ်ဆောင်မှု မရှိကြောင်း ထပ်မံသိရှိရ သည်။

” အရက်သေစာကြောင့် ဒေသ တည်ငြိမ်အေးချမ်းသာယာရေးအတွက် စေတနာရှိရှိ ပေးဆပ်နေတဲ့ အသင်းတော် လူကြီးတွေ အပေါ် စော်ကားမော်ကားလုပ် တာ ကျေ နပ်စရာမရှိဘူး၊ ကျတော်မ က ထန်တလန် ဒေသခံတွေလည်း စိတ်ဆိုးဒေါသထွက်ကြတယ် ” ဟု ထန်တလန်မြို့ပေါ် အထက (၁) မှ ကျောင်းဆရာတဦးက ပြောသည်။

လက်ရှိ ထန်တလန်မြို့ ပေါ်တွင် အရက်ရောင်းနေသူ (၄) ဦးရှိပြီး ၄င်းတို့အား အရေးယူမှု မပြုလုပ်နိုင်အောင် အကာ အကွယ်ပေးသည့် ဌာနဆိုင်ရာ အရာရှိများ ရှိနေကြောင်း သိမ်းဆည်း သည့် အရက်များအား သွန်ပစ်ပေးသည့်  အရေး ယူမှုအဆင့်သည် ထိရောက်မှုမရှိတော့ကြောင်း၊ အစိုးရဘက်မှ ပံ့ပိုးမှုလိုအပ်ကြောင်း အရက်တားမြစ် ရေးဆိုင်ရာ အရေးပေါ်အစည်းအဝေး တွင် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

Share.

About Author

1 Comment

  1. ထန်တလန်မြို့ပေါ်က အရက်တားတဲ့သူတွေဟာ အရူးတွေ ဖြစ်တယ်။ ငကြောင်တွေပဲ။ ခေါင်းဆောင်လုပ်နေတဲ့သူတွေက ဥပဒေအရ အရက်ရောင်းခွင့်ရှိတာကို တားတာဟာ တားတဲ့လူကို ဖမ်းပြီးထောင်ထဲထဲရမှာ။ အဲဒါကို ချင်းပြည်နယ်အစိုးရက ဘာလုပ်နေသလဲ။ ရဲတွေက ဘာလုပ်နေသလဲ။ အရက်မရောင်းရန် မြို့ပေါ်မှာ တားမြစ်တာဟာ အဲဒီတားမြစ်တဲ့လူတွေကိုယ်တိုင်က အရက်သမားတွေ ဖြစ်နေတယ်။

Leave A Reply

*

code