ဆိုင်ကယ်အစီး ၂၀ ခန့် ခိုးယူခဲ့သော ဆိုင်ကယ်သူခိုး ကလေးမြို့တွင် ဖမ်းမိ

0

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ ဆိုင်ကယ်အစီးပေါင်း ၂၀ နီးပါးခန့် ခိုးယူခဲ့သော အသက် (၂၄) နှစ်၊ ကားဝပ်ရှော့ လုပ်သား ဂရုဏာလမ်းသွယ်၊ ကျောက္ကာလမ်း မုံရွာမြို့နေ တေဇာလင်း (ခေါ်) အငယ်လေး ဆိုသူကို ကလေးမြို့ ရဲတပ်ဖွဲ့မှ သြဂုတ်လ ၂၅ ရက်နေ့ က ဖမ်းမိခဲ့သည်ဟု သိရသည်။

၂၀၁၂ ခုနှစ်မှ ယခုနှစ်အထိ ကလေးမြို့နယ်တွင် ဆိုင်ကယ်အစီးပေါင်း ၁၉ စီးကို ခိုးယူခဲ့သည်ဟု အငယ်လေးက ရဲစခန်း တွင် ထွက်ဆိုထားပြီး ယင်းအထဲမှ HONDA CLICK နှင့် HIBOBO CZI 125 ဆိုင် ကယ်အမျိုးစား ၂ စီးမှာ ကလေးမြို့ ရဲတပ်ဖွဲ့မှ ပြန်လည်ရရှိထားပြီဟုသိရသည်။

“ ခိုးတဲ့ ဆိုင်ကယ်အမျိုးအစား၊ ခိုးတဲ့နေရပ်လိပ်စာ၊ ခိုးတဲ့နေ့ရက်တွေပါ ရဲစခန်းမှာ ထွက်ဆိုထား တယ်၊ ဒါကြောင့် ဆိုင် ကယ်ပျောက်ဆုံးတဲ့သူတွေအနေနဲ့ ကိုယ့်ဆိုင်ကယ်ပါမပါ သွားရောက် ကြည့်ရှူ သင့်တယ်၊ ကျနော်လည်း သွားကြည့် တော့ သူထွက်ဆိုတဲ့စာရင်းထဲမှာ ပျောက်သွားတဲ့ ကျနော့ဆိုင်ကယ်တော့ ပါမလာဘူး’’ ဟု ကလေးဒေသခံ ကပြောသည်။

တေဇာလင်း(ခေါ်) အငယ်လေးကို ကလေးမြို့ရဲစခန်းမှ ရာဇ၀တ်မှုပုဒ်မ ၃၇၉/ ၅၄ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

ကလေးမြို့နယ်တွင် ယနေ့ချိန်ထိ ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိ သည် ဟု ဒေသခံ များကပြောသည်။

Share.

About Author

Leave A Reply