ချင်းပြည်နယ် မြို့နယ်များတွင် ပါတီရုံးခွဲများ ဆက်တိုက်ဖွင့်လှစ်မည်ဟု CLD ပြော

0

10551095_267811783420859_592356581206353881_n

Chin League for Democracy (CLD) ခေါ် ချင်းဒီမိုကရေစီအဖွဲ့ ချုပ်က ၎င်းတို့ ပါတီရုံးခွဲများကို ချင်းပြည်နယ် မြို့ နယ် များတွင် ဆက်လက်ဖွင့်လှစ်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

“ပါတီရုံးခွဲကို မင်းတပ်နှင့် ကန်ပက်လက်မြို့ တို့ မှာ ဖွင့်နိုင်ဖို့  အသင့်ဖြစ်နေပြီ၊ ကော်မီတီအဖွဲ့  ၀င်တွေ ကို လည်း (၅) ဦးစီ ရွေးပြီး ဖွဲ့ ထားပြီးပြီ၊ ဖွင့်လှစ်မည့်အချိန်ကို မသိရသေးပေမဲ့ ပါတီ အစည်းအဝေး ကျင့်ပပြီး တော့ အဲဒီဆုံးဖြတ်ချက်အရ ပါတီရုံးဖွင့်လှစ်မည့် အစီအစဉ် ဆက်လက် အကောင် အထည်ဖေါ်မှာပါ” ဟု ပါတီ ဥက္ကဌ ဦးငိုင်ဆာခ့်က ခိုနုမ်းသုန်ကို ပြောသည်။

ထို့ အပြင် ချင်းပြည်နယ် မြောက်ပိုင်း ထန်တလန်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးနှင့် ရခိုင်ပြည် နယ် အမ်းမြို့တွင် ပါတီ ရုံးခွဲများ ဖွင့်လှစ်ရန် အဆင်သင့်လုပ်ထားပြီး ဖြစ်ရာ ပါတီဥက္ကဌ ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်း (၃)လအတွင်းပါတီဝင် အင်အား (၁၀၀၀) စုကာ တင်ပြရမည်ဖြစ်သည့် လုပ်ငန်းကိုလည်း ဆောင်ရွက်နေပြီဖြစ်ရာ လာမည့်အပတ် အတွင်း ရွေးကောက်ပွဲကော်မီရှင်ထံ သတင်းပို့ ရန် စီစဉ်ထားသည်ဟု သိရသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် CLD ပါတီအနေဖြင့် ချင်းပြည်နယ်အပြင် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ အများ စုနေထိုင်ကြသော စစ်ကိုင်းတိုင်း ကလေး၊ တမူးမြို့ နှင့် ရခိုင်ပြည်နယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဦးငိုင်ဆာခ့် ကဆိုသည်။

သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် ၀င်ပြိုင်မည့် ကိုယ်စားလှယ်များကိုမူ ပြည်ထောင်စု ရွေးကောက် ပွဲကော် မရှင်မှ ရွေးကောက်ပွဲ အစီအစဉ် ကြေညာပြီးမှသာ ပါတီအနေဖြင့် ရွေးချယ်ရမည်ဖြစ်ပြီး ပါတီ ဥက္ကဌ အနေဖြင့် မည်သည့် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင် မည်ကို လည်း မဆုံးဖြတ်ရသေးကြောင်း သိရသည်။

ချင်းဒီမိုကရေစီအဖွဲ့ ချုပ်သည် ပါတီဌာနချုပ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်အပြီး ၂၀၁၄ ခုနှစ် စက်တင် ဘာလ (၁၀) ရက်နေ့ တွင် ချင်းပြည်နယ်၏ ဒုတိယမြို့ တော်ဖြစ်သည့် မတူပီမြို့တွင် ပါတီဝင် (၅၀)ဖြင့် ပါတီရုံးခွဲကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

CLD ပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့  တွင် နိုင်ငံရေးပါတီ မှတ်ပုံတင် ခြင်း ခွင့်ပြုလိုက်သည့် ချင်းနိုင်ငံရေးပါတီ (၇) ခုမြောက် ပါတီဖြစ် သည်။

Share.

About Author

Leave A Reply

*

code