Geneva call မှ ပြုလုပ်သည့် workshop သို့ CNF ခေါင်းဆောင်များ တက်ရောက်

0

Geneva Call မှ CNF အတွက် ကျင်းပပြုလုပ်သည့် Workshop on the Protection of Women and Children အလုပ်ရုံ ဆွေးနွေးပွဲသို့ CNF/CNA မှ ခေါင်းဆောင် ၈ ဦး ပါဝင်တက်ရောက်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ယခု လ ၁၄- ၁၈ အကြား ထိုင်း မြန်မာ နယ်စပ်တနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ချင်းအမျိုးသမီးအဖွဲ့၊ ချင်းလူ့အခွင့်အရေးအဖွဲ့မှ ကိုယ်စားလှယ်များလည်း ပါဝင်တက် ရောက်ကြောင်း ထပ်မံ သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အဓိက အားဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်း လိင်မှုဆိုင်ရာအကြမ်းဖက်မှုကို ကြိုတင်ကာ ကွယ်ရေး၊ တားမြစ်ရေး နှင့် လိင်ကွဲပြားမှုအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံခြင်းကို အဆုံးသတ်စေရေး၊ ကလေးသူငယ်များ ကာကွယ်ရေးဆိုင်ရာများ ဆွေးနွေးကြသည်ဟု သတင်းရရှိသည်။

“ ဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့က ကျတော်တို့ စီအီးစီအစည်းအဝေးမှာ တင်ပြပြီး အနီးဆုံးဗဟိုကော်မီတီ အစည်း အဝေးက ဆုံးဖြတ်မှာပါ”  ဟု အလုပ်ဆွေးနွေးပွဲတက်ရောက်သူ စီအဲန်အက်ဖ် အထွေထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံး က ပြောသည်။

Workshop ကို Geneva Call နှင့် AIPP မှ ကမကထပြုလုပ်ခြင်းဖြစ်ပြီး Resource Person များအဖြစ် Geneva Call’s Gender Coordinator , Aurelie Lamaziere; Christopher Rush, Senior Programme Officer for Asia; Reno Meyer, The support of the Asia Programme Assistant တို့ဖြစ်ကြသည်။

စီအဲန်အက်ဖ်သည် Geneva Call နှင့် မြေမြှူပ်မိုင်း အသုံးမပြုရေးဆိုင်ရာ Deep of Commitment ကို ၂၀၀၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

Geneva Call အစီရင်ခံစာအရ ၁၉၈၅- ၁၉၉၅ အကြား ကမ္ဘာပေါ်တွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ၁၈ နှစ်အောက် ကလေးငယ် သေဆုံးသူ နှစ်သန်း၊ မိဘမဲ့ဦးရေ တသန်း၊ ဒါဏ်ရာရရှိသူ ၆ သန်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူ ၁၀ သန်း နှင့် လက်ရှိတွင် ကလေးစစ်သားဦးရေ ၂ သန်းနှင့် ၃ သန်းအကြား ရှိသည်ဟု သိရသည်။

Geneva Call ၏ အဓိက လုပ်ငန်းများမှာ အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား မြေမျြပ်မိုင်းအ သုံးမပြုရေး၊ ကလေးသူငယ်များ ကာကွယ်ရေး၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှု မရှိရေး တို့ဖြစ်သည်။

Share.

About Author

Comments are closed.