ချင်းပြည်နယ် ကိုယ်စားပြု ၁၂ နှစ်အောက် ဘော်လုံးသမားရွေးချယ်မည်

0

နေပြည်တော်တွင် ကျင်းပမည့် ၁၂ နှစ်အောက် တိုင်းနဲ့ပြည်နယ်ဘော်လုံးပွဲသို့ ချင်းပြည်နယ် ကိုယ်စား သွားရောက် ယှဉ်ပြိုင်မည့် လက်ရွေးစင် ဘော်လုံးသမားရွေးချယ်ပွဲကို ယခုလ ၂၇ – ၂၈ ရက်နေ့တွင် မြို့တော်ဟားခါး၌ ကျင်းပသွား မည်ဖြစ် သည်။

ဘော်လုံးသမားများသည် ကိုယ့်မြို့နယ်အသီးသီးတွင် ကစားကြပြီး ၈ မြို့နယ်မှ လက်ရွေး စင် ဘော်လုံး သမား ၄၅ ဦးသည် ဟားခါးမြို့တွင် ခြေစမ်းပွဲပြန်လည်ပြု လုပ်ပြီး ပြည်နယ် ကိုယ်စားပြု လက်ရွေးစင်ဘော်လုံးသမားတွေကို ပြန်လည် ရွေးချယ် ကြမှာ ဖြစ်ကြောင်း သိရသည်။

“ ပြည်နယ်လက်ရွေးစင်တွေကိုတော့ ဘယ်လောက်ရွေးမယ်မသေချာသေးဘူး၊ သူတို့ကို အထက (၁) အဆောင်မှာ နေ ရာချပေးဖို့စီစဉ်ထားတယ်” ဟု သက်ဆိုင်သူတဦး က ပြော သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၂ နှစ်အောက် တိုင်းနဲ့ပြည်နယ်ဘော်လုံးပြိုင်ပွဲကို ပထမဆုံး အကြိမ်ပြု လုပ်ခြင်းဖြစ်မည်သိရသည်။

“ ကျတော်သိရသလောက်တော့ အခုအစိုးရသစ်တက်လာမှပဲ ၁၂ နှစ်အောက် တိုင်းနဲ့ ပြည် နယ်ဘော်လုံးပွဲကို ကျင်းပ တယ် လို့သိရတယ် ”  ဟု ဟါးခါးမြို့ အမှတ် (၁) အထက ကျောင်း မှ ကျောင်းဆရာတဦးက ပြောသည်။

Share.

About Author

Comments are closed.