မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးရန် မီဇိုရမ်ပြည် နယ် ၀န်ကြီးချုပ်ဟောင်း မြန်မာနိုင်ငံသို့ ထွက်ခွာ

0

Minister-Pu-Zoramthanga
အင်္ဂလန် အခြေစိုက် Inter Mediate (Imo1 Ltd) အဖွဲ့က မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း၊ လက်ရှိ Mizo National Front (MNF) ဥက္ကဌ Pu Zoramthanga အား မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင် လာစေရေးအတွက် ကြားဝင် ကူညီဆောင်ရွက်ပေးရန် ဖိတ်ခေါ်ထားသည့်အတိုင်း ယမန်နေ့ က မြန်မာနိုင်ငံ သို့  ထွက်ခွားခဲ့ ကြောင်း သိရသည်။

Mizo National Front (MNF) ဗဟိုရုံးချုပ်မှ ထုတ်ပြန်ချက်အရ မြန်မာအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင် ကူညီဆောင်ရွက်ပေးရန် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရဖက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်သူများနှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။

Pu Zoramthanga သည် ယနေ့ မှစတင်မည့် အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ရေးအဖွဲ့  (NCCT) တို့ နှင့် တွေ့ ဆုံဆွေးနွေးမည့် အစီအစဉ်တွင် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ယမန်နေ့ ထုတ် Khampat Media အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ဆက်လက်ပြီး MNF ဥက္ကဌသည် ဇန်န၀ါရီလ ၁၈ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ကြသည့် ကရင်၊ ကချင်၊ ၀၊ ချင်း၊ ရခိုင်၊ ရှမ်း အပြင် အခြား တိုင်းရင်းသားများခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင် သိရသည်။

ယခုလို မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကြားဝင်လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး MNF ဗဟို ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက “တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအနေနဲ့ အန္ဒိယ နှင့် MNF အကြား ခိုင်မာသော ငြိမ်းချမ်းရေးသဘောတူညီမှု ပြုလုပ်ခဲ့ခြင်းများ ရှိသည့်အတွက် Underground ခေါင်းဆောင်ဟောင်းဖြစ် တဲ့ ပူးဇိုးရမ်းထန်းငါ ကို ဆက်သွယ်လာခြင်း ဖြစ်တယ်။” ဟုဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကူညီဆောင်ရွက်ပေးနေသောအဖွဲ့တစ်ခုဖြစ်သည့် အင်္ဂလန် အခြေစိုက် Inter Mediate မှ စီမံကိန်း ဒါရိုက်တာ Dessislava Roussanova နှင့် Pu Zoramthanga တို့သည် ပြီးခဲ့သည့် ၂၀၁၄ အောက်တိုဘာလ ၃ ရက်နေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် တွေ့ဆုံခဲ့အပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပေါ်ထွန်းလာစေရေးအတွက် ပါဝင်ဆောင် ရွက် ခြင်း ဖြစ်သည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် အတိုက်အခံပါတီအဖြစ် ရပ်တည်လျက်ရှိသော MNF သည် ၁၉၆၆ မှ ၁၉၈၆ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကြာ မီဇိုရမ်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သည့် မီဇိုလူမျိုးစုလ က်နက်ကိုင် အဖွဲ့ဖြစ်သည်။

Share.

About Author

Leave A Reply

*

code