မီဇိုရမ်ပြည်နယ်တွင် ချင်းလူမျိုး (ဇိုမီး) လွှဆွဲသမား လူငယ် နှစ်ဦးရေ ထဲမျောပြီး သေဆုံး

0

အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် ယခုလ ၂၈ ရက်နေ့ ညနေ ၈း ၃၀ ခန့်က ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီခါးနယ်က လွှဆွဲသမားလူငယ် နှစ်ဦးရေထဲပါသွားပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူတွေဟာ ကျီခါးနယ် တွီးမွေရွာသားနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာယာကုန်းရွာသားများဖြစ်ကြောင်း သိရ သည်။

“ တယောက်က ချုံနွယ်မှာ ပိတ်မိပြီးသေသွားတယ်၊ တယောက်ကတော့ ချောင်းရေထဲ မျောပါသွားပြီး သေသွားတယ် ” ဟု မျက်မြင်တဦးက ပြောသည်။

ဖြစ်စဉ်မှာ သေဆုံးသူတွေအပါအ၀င် လူငယ်သုံးဦးဟာ ချောင်းနဘေး လွှဲစင်မှာ အိပ်နေကြစဉ် မိုးနဲ့အတူ အမှိုက် သရိုက် တပုံကြီးနဲ့ ရေလုံးကြီး ကျလာပြီး ရေထဲမျောပါသွားကြောင်း ၄င်းတို့အနက် တယောက်လွတ်သွားကြောင်း သိရသည်။

အလောင်းတွေကို ZCKK လူငယ်များမှ ဆယ်ယူပြီး တွီးမွေရွာသို့ သယ်ဆောင် ကြကြောင်း သိရသည်။

Share.

About Author

Comments are closed.