CNDP ပထမဆုံးညီလာခံက ၂၀၁၅ အတွက် ကိုယ်စားလှယ်လောင်း တချို့ အတည်ပြု

0

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အပြင် ချင်းလူမျိုးများ နေထိုင်ရာ ဒေသ အားလုံးတွင် ယှဉ်ပြိုင်မည့် Chin National Democratic Party ၏ ပထမဆုံးအကြိမ် ပါတီညီလာခံကို ချင်းပြည်နယ်မြို့ တော် ဟားခါး တွင် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၀၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ၂၀၁၅ အတွက် ကိုယ်စား လှယ်လောင်း တချို့ အတည်ပြုခဲ့ကြကြောင်း သိရသည်။

သုံးရက်တာ ပါတီညီလာခံတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ သတ်မှတ်အ တည်ပြု ခြင်း၊ ပါတီပေါ်လစီများ ပြန်လည် စီစစ်သုံးသပ်ခြင်း စသည့် ရှေ့လုပ်ငန်းစဉ်များအပြင် လုပ်ငန်းအစီရင်ခံစာများ ကြားနာဆုံးဖြတ်ခြင်း များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

” ၂၀၁၅ ရွေးကောက်ပွဲမှာ  မတူပီမြို့နယ် မဲဆန္ဒနယ်အတွက် အမျိုးသားလွှတ်တော် နှစ်နေရာ၊ ပြည်သူ့လွှတ်တော် တနေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာ ပေါင်း (၅) နေရာ ရှိပါတယ်၊ အဲဒီမှာ ပြည်နယ်ကိုယ်စားလှယ် နှစ်နေရာထဲက တနေရာအတွက် ဦးဒိုင်ထုန်း၊ ပြည်သူ့ လွှတ်တော် တနေရာ အတွက်  လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ပေါလ်လျံ လွင်တို့ အရွေးခံမယ်၊ ကျန် သုံးနေရာ လွတ်သေးတယ်ပေါ့” ဟု မတူပီမြို့နယ် မှ ညီလာခံကိုယ်စားလှယ် ပူး ထိုက် ကျင်း က ပြောသည်။

အဆိုပါ ပထမဆုံး ညီလာခံတွင် ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပါတီကိုယ်စားလှယ်များ တက်ရောက်ကြပြီး လက်ရှိတွင် CNDP ပါတီ သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် (၃) ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၇)ဦး ပေါင်း (၁၂)ဦးဖြင့် ချင်းပါတီ များထဲက အင်အားအ တောင့်တင်းဆုံး အမျိုးသားပါတီအဖြစ် ရပ်တည်လျက်ရှိသည်။

လေ့လာ သိရှိချက်များ အရ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် (၉) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်အတွက်  လူဦးရေအများဆုံး ပလက်ဝ၊ မတူပီ၊ တီးတိန် မြို့နယ် မဲဆန္ဒနယ်များမှ နှစ်ဦးစီဖြင့် ကိုယ်စားလှယ်ပေါင်း ၁၂ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး အရွေး ခံကြမည် ဟု သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များ တွင် ချင်းအမျိုးသားရေးရာ ၀န်ကြီး နေရာ ရရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု သိရသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ချင်းပါတီများဖြစ်သည့် CNDP, CPP, ENDP, ZDC, CLD, KNP ပါတီများနှင့် ချင်းပါတီမဟုတ်သည့် NUP, USDP, NLD, ANP ပါတီများ ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ချင်းပြည်နယ် ပြင်ပ မကွေးတိုင်းဒေသကြီးတွင် အရှိုချင်းအမျိုးသားပါတီ နှင့် ရခိုင်ပြည်နယ်တွင် မြို ခေါ် ခမီ အမျိုးသားညီညွတ်ရေး ပါတီ၊ ခမိ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် မြိုတိုင်းရင်းသားပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Share.

About Author

Leave A Reply

*

code