ချင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကားတိမ်းမှောက်မှုကြောင့်ကွယ်လွန်

0

Thangliana2
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ အမှတ်(၂) မဲဆန္ဒနယ်မှ ရွေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် ချင်းအမျိုးသား Pu D Thangliana သည် ကားတိမ်းမှောက်မှုကြောင့် ဧပြီလ ၂ ရက်နေ့က ကွယ်လွန်သွားသည်ဟု သိရသည်။

အသက်(၆၀) အရွယ် Pu Thangliana သည် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်ပြီး မုံရွာမြို့မှ နေရပ်သို့အပြန်ခရီးစဉ်တွင် ၎င်းစီးနှင်းလိုက်ပါလာသော ရဲဝင့်အောင် စူပါကာစတန် (အဖြူ ရောင်) ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် Pu Thangliana သည် နံရိုးတစ်ချောင်းကြိုးပြီး အဆုပ်ကိုထိုးဖောက်သည့်အပြင် ယာမျက်ခုံး ပေါက်ပြဲ ဒဏ်ရာ တစ်ချက်၊ အပေါ် နှုတ်ခမ်း ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ ညာဒူး ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည့် အတွက် မုံရွာ မြို့နယ် ဆေးရုံးမှ တစ်ဆင့် မန္တလေး ဆေးရုံသို့ ပို့ဆောင် ကုသနေစဉ် ယခုကဲ့သို့ ကွန်လွန်သွားခဲ့ရခြင်း ဖြစ်သည်။

ခရီးသည် ၁၄ ဦးလိုက်ပါလာသော အဆိုပါယာဉ်သည် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျောရွာ မရောက်မီ ငါးမိုင်ခန့် အကွာ ပုံညာတောင်အဆင်း သစ်လုံးများ တင်ဆောင်လာသည့် ယာဉ်အား ရှောင်တိမ်း လိုက်စဉ် အရှိန်လွန်ကာ တိမ်းမှောက် ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ် ပါလာသည့် ကျန်ခရီးသည် များမှာမူ ထိခိုက် ဒဏ်ရာများ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း Messenger အွန်လိုင်းစာမျက်နှာတွင်ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ယာဉ်မောင်း ဖြစ်သူု နိုင်မင်းအား ဂန့်ဂေါ ရဲစခန်းမှ(ပ) ၁၁/၂၀၁၅ ပြစ်မှု ပုဒ်မ ၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူ ထားသည်ဟုလည်း သိရသည်။

Pu D. Thangliana သည် ၁၉၇၅ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Com (Industry Trade) ဘွဲ့ရရှိခဲ့သည်။ သူသည် တမူး – ကလေး ကဘော်ဒေသတွင်းနေထိုင်ကြသော ချင်းမျိုးနွယ်များ၏ လေးစားကြည်ညိုခံရသူလည်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကာလတုန်းကလည်း ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအနေဖြင့် တမူးမြို့ အမှတ်(၂) မဲဆန္ဒ နယ်မြေမှ ၀င် ရောက်ယှဉ်ပြိုင်ကာ ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုခဲ့သူဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချူပ် သာအေး ၏ ယုံကြည်အားကိုးခံရသူလည်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီး Pi Kapkimi နှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

Pu D. Thangliana ၏ ကိုယ်ရေးအကျဉ်း

ပူး ထန်းလျန်နာသည် ၁၉၅၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အဖ ဦး Ngulthanga နှင့် အမိ ဒေါ် Nuhliri တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၁၂ ဦးရှိသည့်အနက် ဒုတိယအကြီးဆုံးသားဖြစ်သည်။ ၁၉၇၀ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၁၀ တန်းအောင်မြင်ပြီး ရန်ကုန်မြို့ စီးပွားရေးကောလိပ်တွင် ဆက်လက်ပညာ သင်ကြားကာ ၁၉၇၅ ခုနှစ်တွင် B.Com (Industry Trade) ဘွဲ့ရရှိခဲ့သည်။

၁၉၇၈ မှ ၁၉၈၉ ခုနှစ်အထိ တမူးမြို့နယ် စာရင်းစစ်ဌာနတွင် အစိုးရ၀န်ထမ်းဘ၀အဖြစ် အလုပ်ဝင်ခဲ့သည်။ ၁၉၈၅ ခုနှစ် တွင် Zohmun ကျေးရွာမှ ဒေါ် Kapkimi နှင့် အိမ်ထောင်ကျပြီး သားသမီး ၄ ယောက်ထွန်းကားခဲ့သည်။ ပူးထန်းလျန်နာ တို့ ဇနီးမောင်နှံသည် အများအကျိုးသယ်ပိုးသည့်နေတွင် ရှေ့ဆုံးတန်းမှပါဝင်လေ့ရှိကြသည်။ ပရဟိတစိတ်ဓာတ်အပြည့်အ၀ရှိ သည့် ဇနီးမောင်နှံဖြစ်သည်။

ပူးထန်းလျန်နာသည် တမူးမြို့ Central Mizo Thalai Pawl(MTP)အဖွဲ့တွင်လည်း ဥက္ကဌတာဝန်ကို ၁၀ နှစ်ထမ်းဆောင်ခဲ့ပြီး ယင်းလူငယ်အဖွဲ့သည်လည်း အဆမတန် တိုးတက်အောင်မြင်သောအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သည်ဟု ပြောဆိုကြသည်။

၁၉၉၀ ခုနှစ်တွင် တမူးခရိုင် Methodist အသင်းတော်ကိုယ်စားပြုအနေဖြင့် အာဖရိကတိုက် Zambia နိုင်ငံ Mindolo မြို့ တွင် Ecumenic Church Ministeris (ECM) ကိုသင်ကြားပြီး ဒီပလိုမာဘွဲ့ရရှိခဲ့သည်။ တမူးခရိုင် Methodist လူငယ်အဖွဲ့ တွင်လည်း လူငယ်ခေါင်းဆောင်ဖြစ်ပြီး အသင်းတော်တိုးတက်လာစေရေးတွင်လည်း အဓိကဦးဆောင်ဦးရွက်ပြုခဲ့သူဖြစ် သည်ဟု ဆိုကြသည်။

၁၉၉၆ ခုနှစ် အင်္ဂလန်နိုင်ငံတွင် ကျင်းပသော Methodist အသင်းတော်ညီလာခံတွင်လည်း အထက်မြန်မာပြည် Methodist အတွင်းရေးမှူး သိက္ခာတော်ရဆရာ Rev. ဦးအေးကို နှင့်အတူ အထက်မြန်မာပြည်ကိုယ်စားပြုအနေဖြင့် တက်ရောက်ခဲ့ကြ သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲစတင်ဖြစ်ပေါ်လာသည့်အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ၀င်ရောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တမူးမြို့အမှတ်(၂) မဲဆန္ဒနယ်မြေမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် ပြိုင်ဘက်လွှတ်တော်ကိုယ်စားလှယ်များကို မဲအပြတ် အသတ်(၉၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}) ကျော်ဖြင့် အနိုင်ရရှိခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့်နောက်ပိုင်းတွင်လည်း သူတတ်နိုင်သည့်ဘက်မှ လူထု၊ ရပ်ရွာကောင်းကျိုးအတွက် စဉ်ဆက်မပြတ် အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့သည်။ လူထုကိုယ်စားလှယ်ဖြစ်သည်နှင့်အညီ ပြည်သူလူထုအတွက် လိုအပ် သော အခြေခံအဆောက်အဦးများကိုလည်း သက်ဆိုင်ရာ အစိုးရထံ တင်ပြပေးလေ့ရှိပြီး သူတင်ပြတောင်းဆိုသော အချက် အတော်များများမှာ အောင်မြင်မှုရရှိခဲ့သည်။ ပူးထန်းလျန်နာသည် လုပ်ငန်းလုပ်ဆောင်သည့်နေရာတွင်လည်း မှန်ကန် တိကျစွာလုပ်ဆောင်လေ့ရှိပြီး မိမိအကျိုးထက် ပြည်သူလူထု ရပ်ရွာကောင်းကျိုးအတွက်သာ လုပ်ဆောင်လေ့ရှိသည်။

ပူးထန်းလျန်နာသည် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးသာအေး၏ ယုံကြည်အားကိုးခံရသူဖြစ်ပြီး တိုင်းဒေသကြီး၏ Budget Planning & Finance Committee အဖွဲ့တွင်လည်း အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်စေခဲ့သည်။ ကဘော် ဒေသခံပြည်သူများ လျှပ်စစ်မီး အချိန်ပြည့်ရရှိစေရန်အတွက် အိန္ဒိယအစိုးရနှင့် ဆွေးနွေးသည့်အခါတွင်လည်း ပူးထန်းလျန် နာသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရကိုယ်စား ခေါင်းဆောင်အဖြစ် တက်ရောက်လေ့ရှိသည်။ သူ၏ ကြိုးစားဆောင်ရွက် မှုကြောင့် လျှပ်စစ်မီးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ Delta Construction Pvt.Ltd နှင့်လည်း နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

 

Share.

About Author

Leave A Reply

*

code