မြန်မာနိုင်ငံသားနှစ်ဦးထံ ၁၅ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ဖမ်းဆီး

0

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးအသင်း Central YMA SRS နှင့် Mizoram Police CID Crime Special Narcotic PS ပူးပေါင်းရေးအဖွဲ့မှ ၁၅ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားကို မြန်မာနိုင်ငံသားနှစ်ဦးထံ ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့သည်။

 

အဆိုပါ စိတ်ကြွဆေးပြား Methamphetamine အလုံး ၅၀၀၀၀ နှင့် အတူ ပိုင်ရှင်ဟုယူဆရသူ တမူးမြို့နယ် ကာနန် ကျေးရွာမှ Thangdailova (32) နှင့် တမူးမြို့တွင်နေထိုင်သူ Lalthankhuma (31) တို့ကို Zemabawk ရပ်ကွက် Forest စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသားနှစ်ဦးအပြင် အဆိုပါ အမှုတွင် ပါဝင်ပတ်သက်နေသည့် ဒေသခံမီဇိုလူမျိုးဖြစ်သော Lalropui (54) နှင့် Laremthanga (54) တို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

အိုင်ဇောလ်မြို့ နေစဉ်သတင်းစာ The Aizawl Post ၏ ဖော်ပြချက်အရ ယခုရက်ပိုင်းအတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးမှု ပိုမိုများလာပြီး ၄ ရက်အတွင်း ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား၏ တန်ဖိုးမှာ ရူပီး သိန်း ၃၂၆ ခန့်ရှိသည်ဟု ဖော်ပြ ထားသည်။

 

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့လည်း  မြန်မာနိုင်ငံမှ တင်သွင်းလာသော Methamphetamine စိတ်ကြွဆေးပြား တန်းဖိုးအားဖြင့် ရှုပီး သိန်း ၁၂၃ ကျော်ကို ကျန်ဖိုင်းမြို့ Electric ရပ်ကွက်တွင် ဖမ်းဆီးခဲ့သည်။

Share.

About Author

Leave A Reply

*

code