Chin –Lushai-Kuki မျိုး နွယ်စု အားလုံး ပြန်လည်ပေါင်း စည်းရေး အတွက် ကြိုးပမ်းလုပ် ဆောင်သူ Pu R. Thangmawia ကွယ်လွန်

0

Pu R ThangMawia

 

ဗြိတိသျှကိုလိုနီအုပ်ချူပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်စသည့် သုံးနိုင်ငံတွင် သီးခြားအုပ်ချူပ်မှုစနစ်အောက် ၌ နေထိုင်ခဲ့ကြရသောChin-Lushai-Kuki မျိုးနွယ်စုများအားလုံး အုပ်ချူပ်မှုတစ်ခုအောက်သို့ပြန် လည်ပေါင်းစည်းနေ ထိုင်ရေးအတွက်  အစဉ်တစိုက်ကြိုးပမ်း လုပ်ဆောင်လာခဲ့သူအသက် (၈၀) ရွယ် Pu R.Thangmawia သည် ဇူလိုင် ၂၀ ရက်နေ့ကဆွီဇာလန်နိုင်ငံတွင် ကွယ်လွန်သွားခဲ့သည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zo Reunification Organisation (ZoRO) အဖွဲ့၏ ဥက္ကဌလည်းဖြစ်သည့် Pu R. Thangmawia သည် ကမ္ဘာ့ကုလသမဂ္ဂဗဟိုဌာနချူပ် ဆွီဇာလန်နိုင်ငံ Geneva တွင် ဇူလိုင်လ ၂၀ မှ ၂၄ရက်နေ့အထိ ကျင်းပလျက်ရှိသော UN 8th Session on Expert Mechanism on The Rights of Indigenous People အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့်အချိန်ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်(မြန်မာစံတော်ချိန်)တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာ၏ဖော်ပြချက်အရ Pu R. Thangmawia သည် သူတည်းခိုသော ဟိုတယ် ရေချိုးခန်းတွင် သတိမေ့မျောနေသည်ကို တွေ့မြင်ကြပြီးနောက် ဆေးရုံးသို့ပို့ဆောင်ကြသည့်အချိန်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သူသည် ဆီးချို (Diabetes) ရောဂါဝေဒနာခံစားနေ ရ သူဖြစ်ပြီး Stroke ဖြစ်ခြင်းကြောင့် ယခုကဲ့သို့သေဆုံးရခြင်းဖြစ်နိုင် သည်ဟု သတင်းစာတွင်ဖော်ပြထားသည်။

မျိုးချစ်စိတ်ပြင်းထန်သော Pu R. Thangmawia သည် ၁၉၆၆ ခုနှစ် မီဇိုရမ်လွတ်မြောက်ရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို ဆွဲကိုင်ပြီး အိန္ဒိယဗဟိုအစိုးရကို တော်လှန်ခဲ့ကြသော Mizo National Front (MNF) လှုပ်ရှားမှုများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပြီး၊ MNF မြေအောက် အစိုးရတွင် လွှတ်တော်အမတ် (Senator) တစ်ဦးဖြစ်ခဲ့သည်။

 

နောက်ပိုင်းတွင် ZoRO အဖွဲ့ကို စတင်ဖွဲ့စည်းသည့်အချိန်တွင်လည်း ပါဝင်ခဲ့ပြီး ၁၉၉၁ ခုနှစ်ကစတင်ကာ ဥက္ကဌတာဝန်ကို ကွယ်လွန်သည့်အချိန်ထိ ကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်သည်။

ZoRO တွင် စတင်တာဝန်ထမ်းဆောင် သည့်အချိန်မှစပြီး Pu R. Thangmawia သည် ကမ္ဘာ့ကုလသမဂ္ဂလက်အောက် ရှိ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာ စာချူပ်များကို ဆွဲကိုင်ကာ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် သုံးနိုင်ငံတွင် ပြန့်နှံ့နေ ထိုင်ခဲ့ကြရသော  Chin-Lushai-Kuki မျိုးနွယ် စုများအား လုံး အုပ်ချူပ်မှုတစ်ခု (One Administration) အောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွပြန်လည်နေထိုင်ခွင့်ရရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းလုပ်ဆောင်ခဲ့သူဖြစ်သည်

Share.

About Author

Leave A Reply

*

code