ရိဒ်ခေါ်ဒါရ်မြို့သစ် တာဝန်သိပြည်သူတဦး၏ ပေးစာ

0

၁။ ယခုလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တဖက် မီဇိုရမ်ပြည်နယ်မှ ရဲသားနှစ်ဦးများသည် ကျတော်တို့ အမှတ် (၂) ရပ်ကွက်၊ ရိဒ်ခေါ်ရ်ဒါရ်မြို့သစ်နေ အဘ ဦး Engmawia ရဲ့ သား Zautea (၃၀) အား လာရောက် ဖမ်းဆီး သွားခဲ့သည်၊ ယင်းကိစ္စနှင့် ပါတ်သက်ပြီး Zautea ၏ မိဘများက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အသိပေး သော်လည်း တစုံ တရာ သိရှိခြင်းမရှိကြောင်းသာ တုံ့ပြန်ခဲ့သည်၊ ဖမ်းဆီးခံ Zautea ကို တဖက် မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ Champhai သို့ ခေါ်ဆောင်သွားကြပြီး CID, Custom အဖွဲ့မှ စစ်ဆေးခြင်း များ ပြုလုပ်နေသည်ဟု သိရသည်။

 

၂။ မိမိတို့မြန်မာပြည်မှ ကားများ တဖက်ကမ်း မီဇိုရမ်ပြည်နယ်ဖက် သွားမိယင် ၅ မိနစ်အထက်ရပ်နားခွင့်မရှိသည့် အချိန်မှာ တဖက်မီဇိုရမ်ပြည်နယ်မှ ယာဉ်ကြီး၊ ယာဉ်ငယ်များ သည် အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း တံတားကို ဖြတ်ပြီး မိမိတို့ ရိဒ်ခေါ်ဒါဖက်သို့ အချိန်မရှိ အခါမရှိ ဥဒဟို ၀င်ထွက်သွားလာနေကြပြီး စည်းမရှိ ကမ်းမရှိ လမ်း ဘေးမှာ ရပ်နေကြ သည်မှာ ယာဉ်ပိတ်ဆိုမှုတွေနဲ့ ကျဉ်းကျပ်နေပါသည်၊ တကယ်က အဆိုပါ အမှတ် (၂) ကုန် သွယ် ရေးဂိတ်( တံတား) ကို မြန်မာစံတော်ချိန် ညနေ ၆ နာရီ၊ အိန္ဒိယ စံတော် ချိန် ညနေ ၅ နာရီတွင် ပိတ်ရန်ဖြစ်ပါ သည်။ အဆိုဆုံးက ယခုတလော မီဇိုရမ်ပြည်နယ်မှ ကားများသည် ညသန်းခေါင် ကျော် ၁၂ နာရီ – နံနက် ၄ နာရီ အကြား ဖြတ်သန်း သွား လာနေသည်မှာ ပြည်သူတွေအတွက် စဉ်းစားစရာဖြစ်နေပါသည်။

 

၃။ မေတ္တာရပ်ခံလိုသည်မှာ အဆိုပါ အခြေအနေအရပ်ရပ်ကို သက်ဆိုင်ရာ ၀န်ကြီး၊ အစိုးရ အဖွဲ့မှ အလေးထား ဆောင်ရွက်ပေးစေချင်သည်။

 

 

တာဝန်သိပြည်သူတဦး

အမှတ် (၂) ရပ်ကွက်၊ ရိဒ်ခ်ါဒါရ်မြို့သစ်

Share.

About Author

Leave A Reply

*

code