ဟားခါးတမြို့လုံး စားနပ်ရိက္ခာပြတ်လှနီးပါးဖြစ်

0

m problem

 

မိုးအဆက် မပြတ်ရွာသွန်းပြီး လူနေအိမ်များသာမက ကားလမ်းများလည်း ပြိုကျပျက်စီး ကုန်သောကြောင့် ဟားခါးမြို့တွင်း သို့ စားနပ်ရိက္ခာဝင်ရောက်နိုင်ခြင်း မရှိတော့ ဘဲ တမြို့လုံးနီးပါးရိက္ခာပြတ် လှနီးပါးဖြစ်နေပြီဟု သိရသည်။ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ ဆက်သွယ်သော ထန်တလန်၊ ဖလမ်း၊မတူပီ နှင့် ဂန့်ဂေါကား လမ်းများသည် မြေသားပြိုကျမှုများကြောင့် ယခုအခါသွား လာ၍ မရဖြစ်နေပြီး ရိက္ခာများ ပြတ်လပ်ကာ ဟားခါးတမြို့လုံး ဒုက္ခသည် ပုံစံဖြစ်နေပြီဟု ဟားခါး ကယ်ဆယ် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးလည်းဖြစ် ချင်းလူငယ် အဖွဲ့ဥက္ကဌ ကို ယာကုတ် ထန်ကပြောသည်။

“အားလုံးက ဒုက္ခသည်ပုံစံမျိုးဖြစ်ကုန်ပြီ ဘာကြောင့်လည်းဆိုတော့ အများသောအားဖြင့်တော့ ချင်းတွေက အမျိုးတွေဆီ မှာဘဲတည်နေကြတယ်၊ အရင်က မိသားစု လေငါးယောက်လောက်ဘဲရှိနေတဲ့သူတွေက အယောက် ၁၅၊ ၂၀ လောက်တိုး လာပြီဆိုတော့ စားဖို့သောက်ဖို့  ကြိုတင်ဝယ် တားတဲ့ဟာ တစ်လစာလုံလောက်မယ်လို့ ထင်တဲ့ဟာကို သုံးလေးရက်မှာကုန် သွားတယ်ဆိုတော့ အားလုံးနီးပါးလောက် စားဖို့ပေါ့နော် ဒုက္ခရောက်ကြတယ်’’ ဟု ပြောသည်။
ရပ်ကွက်ကြီး ၆ ခုရှိသော ဟားခါးမြို့တွင် ရပ်ကွက် ၄ ခုမှ အိမ်ခြေစုစုပေါင်း ၆၁၃ အိမ်ပြိုကျပျက်စီးသွားခဲ့ပြီး ကျန်ရပ်ကွက် ၂ ခုသည်လည်း မိုးဆက်လက်ရွားသွန်းမည်ဆိုပါက စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်ဟု သိရသည်။

ယခုလက်ရှိ ဟားခါးမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ထားပြီး လူပေါင်း ၆၆၇၃ ဦးကို ပြောင်းရွှေ့နေရာချထား ပြီး ဒေသခံအတော်များများသည်လည်း ကယ်ဆယ်ရေးစခန်းတွင် မနေဘဲ နီးစပ်ရာဆွေးမျိုးများအိမ်သို့ သွားရောက်ခို လုံနေကြသည်ဟု သိရသည်။

 

ချင်းပြည်နယ် လူမှုရေး ၀န်ကြီးဒေါက်တာ ဘမောင်က ဒုက္ခသည်များစားဝတ်နေရေးအစဉ်ပြေရန်အတွက် တပ်မတော် ထံမှ ဆန်အိပ် ၅၀၀ ချေးပြီး ဖြန့်ဝေနေသည်ဟု ပြောဆိုနေသော်လည်း ကိုယာကုတ်ထန်ကတော့ ဒုက္ခသည်တွေထံ ဆန်အိပ် ၁၀၀ ခန့်သာဖြန့်ဝေသေး သည်ဟုပြေသည်။

 

“မနက်ဖြန်ချက်ဖို့ဆိုတဲ့ဟာတွေလည်း အားလုံးစိုးရိမ်နေကြတယ်၊ အစိုးရဘက်ကတော့ ဆန်အိပ် ၅၀၀ ထဲမှာ ၁၀၀ လောက်ဘဲ ဖြန့်သေးတယ် ၄၀၀ တော့ လူထုဒုက္ခသည်ဆီမှာ လက်ခံမှုမရှိသေးဘူး’’ ဟု ကိုယာကုတ်ထန်ကပြောသည်။

ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးသည့် အရေးပေါ်ရိက္ခာတချို့ ရောက်ရှိလာသော်လည်း ရေဘေးသင့်သူများနှင့် မြို့နေ ပြည်သူများသည် အရေအတွက် များသဖြင့် စာနပ်ရိက္ခာများလိုအပ်နေဆဲဟုသိရသည်။ပြည်မဘက်မှ စီးပွားရေး လုပ်ငန်းရှင်များ ဟားခါးမြိုသို့ရောက်ရှိလာခဲ့ကြပြီး အကူအညီများပေးအပ်ခဲ့ကြသော်လည်း အများစုမှာငွေသားဖြင့်သာ ကူညီခဲ့ကြသည့်အတွက် ယခုလောလောဆယ်တွင် ဟားခါးမြို့တွင် မည်သည့်ကုန်ပစ္စည်းမှ ၀ယ်မရဖြစ် နေကြောင့် အခက်ကြုံနေရသည်ဟု ကိုယာကုတ်ထန်ကပြောသည်။
Share.

About Author

Leave A Reply