KIO က ရေဘေးသင့် ချင်းပြည်သူအတွက် ကျပ် သိန်း ၁၀၀၀ လှူဒါန်း

0

Untitled-1

 

Kachin Independent Organization (KIO) က ချင်းပြည်နယ် (၉) မြို့နယ်အတွင်း ရေဘေးသင့် ချင်းပြည်သူများ အတွက် ယနေ့ သြဂုတ် ၁၃ ရက်နေ့က ကျပ်ငွေသိန်းပေါင်း ၁၀၀၀ လှူဒါန်းလိုက်သည်။

 

” ခုလိုချင်းပြည်သူတွေ ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့အချိန်မှာ ကေအိုင်အို က ငွေကျပ်ပေါင်း ထောင်ချီကူညီလာတာ ကြားရတော့ CNF အနေနှင့် KIO အပေါ် အတိုင်းအဆမရှိ ၀မ်းသာပါတယ်။ ချင်းပြည်သူတွေဟာ စားနပ်ရိက္ခ သက်သက်အတွက် မဟုတ်ပဲ နေရေးထိုင်ရေး သွားရေး လာရေး အားလုံး ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရတယ်။ ချင်းသမိုင်းတလျှောက်မှာ အဆိုးဆုံးသော သဘာဝဘေးအန္တရာယ် ရိုက်ခတ်မှုဒါဏ်ကို ခံနေရတဲ့အချိန်ဖြစ်ပါတယ်။ အရေးကြီးရင် သွေးနီးတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ လို့ပြောရမှာပါ။ ခုလို ဘေးဒုက္ခကြုံတွေ့တဲ့အချိန်မှာ ကိုယ့်ပြည် အတွင်း အဆော တလျင် ဆောင်ရွက်ရမဲ့ ကိစ္စ အများကြီးရှိပါလျက်နဲ့ ချင်းပြည်သူများဖက်မျက်နှာလှည့် လက်ဆန့်ပြီး ကူညီထောက်ပံ့မှုများပြုလုပ်ခြင်းဟာ ချင်အမျိုးသားတွေရဲ့ ဘေးဒုက္ခခံစားနေရမှုအပေါ် ထပ်တူထပ်မျှခံ စားနေကြကြောင်းကို ထင်ထင် ရှားရှား ပြ သ လိုက်ခြင်း ပဲဖြစ်ပါတယ် ” ဟု CNF လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Paul Sitha က ပြောသည်။

 

ပြည်နယ် အစိုးရ စာရင်းအရ သဘာဝ ရေဘေးကြောင့် ချင်းပြည်နယ်အတွင်း အစိုးရကျောင်းပေါင်း ၄၀၊ ဘုရား ကျောင်း ၁၆၊ အစိုးရ အဆောက်အဦး ၂၈၊ လူနေအိမ်ခြေ ၁၈၁၂၊ ကားလမ်း ၁၀၅ နေရာ၊ တံတား နှင့်  ရေမြောင်း ၇၃၊ လယ်ယာမြေ ဧက ၁၇၀၇ ပျက်စီးခဲ့ရပြီး  ပမာဏ အားဖြင့်  ကျပ်ငွေ သိန်းပေါင်း ၁၀၅၂၆. ၆၆၄ ရှိသည်ဟု သိရသည်။

 

ချင်းပြည်နယ် မြို့တော် ဟားခါးသည် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး မြို့ဟောင်း၊ ဈေးဟောင်း နှင့် ပြည်တော်သာ ရပ်ကွက် သည် တခြားနေရာသို့ ပြောင်းရွှေ့ရမည်ဟု သိရပြီး ပညာရှင်များ လေ့လာ နေဆဲဖြစ်ပြီး ချင်းပြည်သူ အိုးမဲ့ အိမ်မဲ့ ပြည်သူ ဦးရေ ၁၀၀၀၀ နီးပါး ရှိသည်ဟု ခန့်မှန်း ရ သည်။

 

ထို့အပြင် ချင်းပြည်နယ် (၉) မြို့နယ်အတွင်း ဆက်သွယ်သွားလာရေး ခက်ခဲသော ကျေးလက်ဒေသများတွင် ရွာချင်း ဆက် ဆိုင်ကယ်လမ်း အားလုံးနီးပါးသည် ပျက်စီးသွားပြီး အသေးစိပ် စာရင်းပြုစု မှု မရှိသေးကြောင်း ထပ်မံသိရသည်။

 

မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးချင်းပြည်နယ်ကို အစိုးရမှ ဆင်းရဲမွဲတေမှု လျှော့ချရေး နှင့် အတူ ဖွံ့ဖြိုးရေးလုပ် ငန်းများ အကောင်အထည်ဖော်နေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း ရေဘေးကြောင့် အဆိုပါ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြန်လည် နလံထူရေး နှစ်နဲ့ချီ ခက်ခဲမည် ဟု ပြော ဆိုကြသည်။

Share.

About Author

Leave A Reply

*

code