PUMP ဦးဆောင်မှုဖြင့် မြန်မာပြည်ရေဘေးသင့် ရံပုံငွေရှာဖွေ

0

???????????????????????????????

 

မြန်မာပြည် အထူးသဖြင့် ချင်းပြည်သူ ရေဘေးသင့်ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် တဖက် မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်တွင် People United in with  a  Purpose (MUMP) က ဦးဆောင်ပြီး ရံပုံငွေ ရှာဖွေမှုကို ၁၄ – ၁၅  သြဂုတ်တွင်  ပြုလုပ်ခဲ့ကြသည်။

 

လူမှုအသင်းအဖွဲ့ ၁၀ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် MUMP ၏ အဆိုပါ ရံပုံငွေရှာဖွေရေး အစီအစဉ်ကို အိုင်ဇောလ် မြို့လယ် ခေါင် Millennium Center ရှေ့လဟာပြင်တွင် Charity Concert ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပြီး  မီဇိုရမ် နာမည်ကြီး အဆိုတော် (၃၀) ဦးက အခ မဲ့ ဖျော်ဖြေပေးခဲ့ကြသည်။

 

အစီအစဉ် ပြုလုပ်ရခြင်းနှင့် ပါတ်သက်ပြီး ဦးဆောင်သူ Pu Vanneihthanga က “ယနေ့ မြန်မာပြည်က ညီအကိုတွေ ဟာ ရေဘေးသင့်ဒါဏ်ကို ခံနေကြရတာ ကူညီလှူဒါန်းဖို့ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့တာဖြစ်တယ်၊ နည်းသည် များသည် မဟုတ်ပဲ စေတနာထက်သန်စွာ ထည့်ဝင်ကြပါ ”  ဟု မေတ္တာရပ်ခံစကား ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး လွန်ခဲ့တဲ့ ၁၉၆၆ – ၁၉၇၀ တုန်းက မိမိတို့ မီဇို ရမ် နိုင်ငံရေးရှုပ်ထွေးတုန်းက အစိုးရစစ်တပ်က  အိမ် တွေမီးရှို့ကြတယ်၊ မီဇိုသမီးပျိုတွေကို ဖျက်ဆီးခဲ့ကြတယ်၊ အဲဒီ တုန်း က မိမိတို့ဟာ ညီအကိုများ နေထိုင်ရာ မြန်မာ ပြည် ချင်းတောင်ကို တိမ်းရှောင်ခဲ့ကြတယ်၊ အင်မတန်မှ ကြပ်တည်းနေချိန်မှာ ညီအကို ဇို (ချင်း) တွေကပဲ ကူညီ ခဲ့ကြ တယ်၊ အဲဒါကို အမြဲသတိချပ်ရအောင် ” ဟု ထပ်မံပြောဆိုခဲ့သည်။

 

လေ့လာချက်များအရ ချင်းပြည်သူ ရေဘေးသင့်ဒုက္ခသည်များအတွက် မီဇိုရမ်ပြည်နယ် Mizoram  Pradesh Congress Committee ( MPCC) ပါတီ၊ Mizo National Front၊ Zoram Nationalist Party၊ Central Young Mizo Association,  Zofa Global Network and Green Network, Zonet TV Cable နှင့် အတူ ဆိုင်ဟား၊ လုံးလေ၊ လောင်တ လိုင်၊ ကျန်ဖိုင်းမြို့များမှ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များသည်လည်း ရေဘေးသင့်ချင်းပြည်သူတွေကို ကူညီလှူဒါန်း နေကြကြောင်း သိရသည်။

Share.

About Author

Leave A Reply

*

code