KIO ကချင် ရေဘေးသင့် ကူညီမှု ချင်းပြည်သူထံ အချိုးကျ ဖြန့်ဝေ

0

11903837_1046757652016047_3138440814822405190_n

 

မြန်မာနိုင်ငံ ချင်းတောင်တန်းဒေသတွင် ကြုံတွေ့နေရသော ညီနောင် ချင်းပြည်သူများအတွက် ဆိုပြီး Kachin Independent Organization( KIO) မှ သြဂုတ်လ ၁၃ ရက်နေ့က လှူဒါန်းသည့် ကျပ်ငွေ သိန်းပေါင်း တထောင်အား  ရေ ဘေးသင့် ချင်းပြည်သူထံ ခွဲဝေလိုက်ပြီဖြစ်သည်။

 

အဆိုပါ လှူငွေကို Chin Disaster Response Coordination ရဲ့ သြဂုတ်လ ၁၄ – ၁၅ ရက်နေ့ ရန်ကုန် အစည်း အဝေးမှ ခွဲဝေပေးလိုက်ခြင်းဖြစ်ပြီး ချင်းပြည်နယ် ၉ မြို့နယ် အပါ အ ၀င် ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး နှင့် စစ်ကိုင်းတိုင်း ကလေး – ကဘော် စသဖြင့် ဒေသ (၁၂) ခု ရှိ ရေဘေး သင့် ပြည်သူများထံ ခွဲဝေ လိုက်ခြင်း ဖြစ်သည် ဟု သိရသည်။

 

“ချင်းပြည်နယ်ရှိ (၉)မြို့နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ကလေးမြို့နယ် တို့မှရောက်ရှိလာတဲ့ ကိုယ် စားလှယ်များနှင့်အတူ ဆွေးနွေးပွဲတက်ရောက်လာတဲ့သူအားလုံး သဘောတူညီမှုအတိုင်း ဒေသ(၁၂)ခုမှ ပျက်စီး ဆုံးရှုံးမှုအပေါ်မူတည်ပြီးတော့ ခွဲဝေခဲ့ကြပါတယ် ” ဟု တာဝန်ရှိ သူ Mai Hanah sung က ၄င်း၏ အင်တာ နက်စာ မျက်နှာ တွင် ရေးသား ထားသည်။

 

လေ့လာမှတ်သားချက်အရ ချင်းပြည်သူရေဘေးသင့် ကူညီမှုများအနက် KIO ကချင်ကူညီမှုသည် ပမာဏ အများ ဆုံးဖြစ်သည်နှင့် အညီ  ချင်းပြည်နယ် ၉ မြို့နယ် အပါအ၀င် ကျန် တိုင်းဒေ သကြီး နဲ့ ပြည်နယ် ၂ ခု ပေါင်း (၃) ခု ထံ Chin Disaster Response Coordination က လွှမ်းခြုံဖြန့်ဝေခဲ့ကြသည်။

 

KIO သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် လက်ရှိ အစိုးရ အကြား နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွင်း ၂၀၁၂ ခုနှစ်နောက်ပိုင်း အစိုးရနှင့် စစ်ရေးအရ တိုက်ပွဲ အကြီး အ ကျယ် ဖြစ်ပွားပြီး ၄င်း၏ ကချင်ပြည်သူ ဒုက္ခသည် ပြသာနာ နှင့် ရင်ဆိုင်နေ ရသည်။

 

“သူတို့မှာလည်း ဒုက္ခသည် ပြသနာနဲ့ ရင်ဆိုင်နေရတယ်၊ အရှင်းဆုံးပြောရယင် ကချင် ကူညီမှု ဆိုတာထက် သွေးက စကားပြောတာပါ လို့ပဲ ပြောချင်တယ်” ဟု အမည်မ ဖော် လို သည့် ချင်းလူကြီး တဦးက ပြောသည်။

 

ထို့အပြင် ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ၂၇ နှစ်ကြာ ချင်း အမျိုးသား လက်နက် ကိုင် တော်လှန်ရေး တိုက်ပွဲဆင်နွှဲ့ လာခဲ့သည့် Chin National Front ( CNF) သည် KIO ထံမှ အခြေခံ စစ်ပညာ နှင့် စစ်ရေး အတွေ့အကြုံကို အဦးဆုံး ရယူခဲ့သည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code