ချင်းဒုက္ခသည်အရေးအတွက် Dr. Sasa ဟားခါး လူထု အလွှာပေါင်းစုံနှင့် တွေ့ဆုံ

0

sasa

 

ချင်းသဘာဝဘေးဒုက္ခအရေး ဆောင်ရွက်နေသူ ချင်းလူငယ် Dr. Sasa သည် ယခုလ စက်တင်ဘာ ၁၀ ရက်နေ့ည ၁၁ နာရီခန့်က ချင်းပြည်နယ် မြို့တော် ဟားခါးသို့ CNF ၏ ကူညီမှုဖြင့် ရောက်ရှိလာပြီး ချင်းပြည်နယ်အစိုးရ၊ ဘာသာရေး ဂိုဏ်းပေါင်းစုံ ၊ ဟားခါး ကယ်ဆယ်ရေးကော်မီတီ တာဝန်ရှိများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

 

Dr. Sasa သည် စက်တင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီတိတိတွင် ပြိုကွဲသွားသော ဟားခါး မြို့ဟောင်း ဘုရား ကျောင်းပျက်တွင် တကိုယ်တည်း ဆုတောင်းခြင်းပြုလုပ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့အထိ Hakha Rescue Committee ( HRC) ၏ တာဝန်ယူမှုဖြင့် ဟားခါးမြို့ သဘာဝ ဘေးဒုက္ခ သည် စခန်း (၇) ခုတွင် ကျန်းမာရေး စောင့် ရှောက် မှုအတွက် ဆေးဝါးနှင့် ဆေးဝါး ကရိယာများ လှူဒါန်းခဲ့သည့် အပြင် အားပေးစ ကား များ ပြောကြား ခဲ့ ကြောင်း ထို့အပြင် ဟားခါးမြို့ ဘာသာရေး ဘုရားကျောင်း (၅) ခု တွင် လူထု ထံ အားပေးစကား ပြောကြား ခဲ့ကြောင်း သိရ သည်။

 

” ဖြစ်သမျှ အလုံးစုံ ဘုရားသိတယ်၊ ကျတော်တို့ရဲ့ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း အားလုံးကို ဘုရားရှင်ထံ အပ်နှံရမယ်၊ ဘုရားသခင်ဟာ အရာရာကို တတ်နိုင်တယ်၊ ဒီ ချင်းပြည်နယ်၊ ချင်းပြည်သူဒုက္ခသည်အရေး ဆောင်ရွက်နေသူ အား လုံးအပေါ် ကျေးဇူးတင်တယ်၊ ကျတော်တို့အားလုံး ပူးပေါင်းပြီး အလုပ်လုပ်ကြဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

 

ဒုက္ခသည် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအတွက် Multi Vitamin ဆေးလုံး ၅၀၀၀၀ ခန့်၊ Anti Biotic ဆေးဝါးမျိုးစုံ အလုံး ၅၀၀၀၊ မီးဖွားမိခင်များ အသုံးပြုမည့် Save the Liver Kid ဆေးကရိယာ ၄၅၀၊ First Aid Box ၅၃၊ ဆေးထိုးအပ်၊ လက်အိတ် ၄ သေတ္တာ ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် လက်လှမ်းမှီရာ ထန်တလန်မြို့နယ်အတွင်း ကျေးလက်ဒေသ တချို့သို့လည်း ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်နိုင်ရန် ဆေးဝါးများ လှူဒါန်းမှု နှင့် အတူ အချက်အလက် ကောက်ခံမှုများကိုဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

 

မကြာခင် Dr. Sasa သည် နိုင်ငံတကာ အစိုးရ၊ အဖွဲ့အစည်းများထံ သွားရောက်ပြီး ချင်းဒုက္ခသည် ပြသနာ ဖြေရှင်း ရေးအတွက် အရေးဆို သွားမည်ဟုလည်း သိရသည်။

 

Dr. Sasa သည် အမေးနီးယားနိုင်ငံ (နည်းပညာ) နှင့် အင်္ဂလန်နိုင်ငံ (လက်တွေ့) များတွင် ဆေးတက္ကသိုလ် တက်ပြီး ၂၀၀၉ ခုနှစ်တွင် အမေးနီး ယားနိုင်ငံမှ ပေးအပ်သော ဆရာဝန်ဘွဲ့ကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။

 

ဆရာဝန်ဘွဲ့ရရှိပြီးနောက်ပိုင်း ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ်ရှိ နယ်စပ်ဒေသနေ ချင်းပြည်သူ လူထုအတွက် ပရဟိတ လုပ်ငန်းကို လုပ်လာခဲ့ရာမှာ ယနေ့တွင် တရုတ်နိုင်ငံ၊ ဖိလိပိုင်နိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ အမေးနီးယားနိုင်ငံ နှင့် အိန္ဒိယ များသို့ ဆေးတက္ကသိုလ် ကျောင်းသား ၁၁ ဦးကို စေလွှတ်မွေးထုတ်ပေးနေသည်။

 

ထို့အပြင် အိန္ဒိယ နိုင်ငံ Shillong တက္ကသိုလ်တွင် ချင်းလူငယ် ၅၂ ဦး ကို ကျောင်းထားမွေးထုတ်ပေးနေဆဲဖြစ်ပြီး ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်ကျေးလက်ဒေသများအတွက် ကျန်းမာရေးလုပ်သား ၈၀၀ ၊ ရိုးရာ အရပ်လက်သည် ၉၃ ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။

Share.

About Author

Leave A Reply

*

code