ဖားတောင်သတ္တုတူးဖော်မည့်ကိစ္စ အထက်ချင်းတွင်းလူငယ်မှ ကန့်ကွက်

0

Muitaung

 

ချင်းပြည်နယ် တွန်းဇံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေ သကြီး ကလေးမြို့နယ် နယ်နိမိတ် မျဉ်းကြောင်းပေါ် တွင်တည်ရှိသော ဖားတောင်ဒေသ၌ 3s ကုမ္ပဏီမှ သတ္တုတူးဖော် မည့်ကိစ္စကို ကလေးမြို့ အခြေစိုက် အထက် ချင်းတွင်း လူငယ်များ ကွန်ယက် အဖွဲ့က ကန့်ကွက်သည့် အနေဖြင့် အောက်တိုဘာလ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။ ချင်းတိုင်းရင်းသား လူမျိုးပိုင် 3s ကုမ္ပဏီသည် ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုမရှိခြင်း၊ တာဝန် ယူမှု၊ တာဝန် ခံမှု အားနည်း သည့် အတွက်ကြောင့် ယခုကဲ့သို့ ဆန့်ကျင်ကန့်ကွက် ရခြင်းဖြစ်သည်ဟု အထက် ချင်းတွင်းလူငယ်ကွန် ယက် ဥက္ကဌ ကျော်သက်ဝင်း ကပြောသည်။

 


“အဓိကတော့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ပွင့်လင်းမြင် သာမှုရှိဖို့လိုအပ်တယ်၊ ဒေသခံတွေရဲ့ သဘောထားတွေကို ခံယူဖို့လိုအပ်တယ်၊ အစိုးရအနေနဲ့လည်း ဒီစီမံကိန်းနှင့်ပတ် သက်ပြီး တာဝန်ယူမှု၊တာဝန်ခံမှုရှိဖို့လိုပါတယ်၊ လက်ရှိအနေ အထားအရ ခွင့်ပြုချက်တွေဘယ်လောက်ပဲရရ ဒေသခံတွေက သဘောမတူဘူးဆိုရင် ယာယီရပ်ဆိုင်းထားဖို့ ကျနော်တို့ တောင်းဆိုပါတယ်’’ ဟု သူကပြေသည်။

 

3s ကုမ္ပဏီသည် ဖားတောင်ဓါတ်သတ္တုတူးဖော်နိုင်ရေးအတွက် ပြည်ထောင်စု သတ္တုတွင်းဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ခွင့်ပြုမိန့်ရရှိပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့မှ ဖားတောင်ဒေသတွင် လမ်းဖောက် လုပ်သည့် လုပ်ငန်းများ စတင်ခဲ့ကြသည်ဟု သိရသည်။

 

ယခုလက်ရှိတွင် လည်း လမ်းဖောက်လုပ်မှု များကို ရပ်ဆိုင်းထားကာ 3s ကုမ္ပဏီသည် ဖားတောင်ခြေဒေသ တွင်တည်ရှိသော ကျေးရွာများမှ ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ကာ စီမံကိန်း အပေါ် ၎င်းတို့၏  သဘောထား များ ကိုကောက်ခံ လျက်ရှိသည်ဟု သိရသည်။ ဖားတောင်ခြေတွင်တည်ရှိသော မြစိမ်းကျေးရွာ ရပ်မိရပ်ဖ အဖွဲ့ဝင်တစ်ဦးက “ခုအခြေအနေက ကန့်လည်း မကန့်ကွက်ဘူး၊ ထောက်လည်း မခံသေးပါဘူး ကုမ္ပဏီဘက် ကနေ ဒေသခံပြည် သူတွေ မနစ်နာစေဖို့၊ အကျိုး ခံစားခွင့်တွေ ရရှိဖို့၊ ဖြစ်ပေါ် လာနိုင်တဲ့ ဆိုးကျိုးတွေ အတွက် ခိုင်မာ တဲ့အာမခံချက်ပေးမယ် ဆိုရင် ကျနော်တို့ဘက်က လည်း စဉ်းစားပေးနိုင် တယ်’’ ဟု ပြောသည်။

 

ဒေသခံများသည် ဘိုးဘွားစဉ်ဆက် ကတည်းက လယ်ယာလုပ်ငန်းကို သာ အဓိကထားလုပ်ကိုင်နေကြ ပြီး ဖားတောင်ကြီး တူးဖော်လိုက်ပါက မြေဇာများ နှင့် သံဓာတ်ပါသောရေများ လယ်ကွက်အတွင်း စီးဆင်းလာပြီး လယ်ယာ  ပျက်စီးမှုများဖြစ် ပေါ်လာမည်ကို အထူးစိုးရိမ်နေကြ သည်ဟု ဒေသခံများကပြောသည်။

 

ဖားတောင် အရေးကို အနီးကပ်စောင့်ကြည့်လေ့လာနေသော သတင်းထောက် တစ်ဦးကတော့ ယခုလက်ရှိ ဖြစ်ပေါ်နေသော ဖားတောင်အရေး ကိစ္စနှင့်ပတ်သက်၍ ပြသာနာကြီးထွား လာပါက သတ္တုတူးဖော် ခွင့်ပြုမိန့်ချပေးသော အစိုးရတွင် တာဝန် ရှိသည်ဟု ဝေဖန်ထောက်ပြထားသည်။ “ မြွေတောင်၊ ဖားတောင်ဆိုတာ အငြင်းပွားရာဒေသဖြစ် တယ် ဒါပေမယ့် အစိုးရက လုပ်ကွက် အတွက် လျှောက် ထားနိုင် တယ်ဆိုပြီး ကြေညာတော့ ချင်းတိုင်းရင်းသား ပိုင်း 3s ကုမ္ပဏီရတယ်၊ အစိုးရဆီမှာလည်း ကျပ်သိန်း ၃၀၀ ကျော် အခွန် ဆောင်ထားပြီးပြီး လို့သိရတယ်၊ ဒါကြောင့်အစိုးရမှာ တာဝန်ရှိပါတယ်၊ ဒီကိစ္စကို အစိုးရက ပူးပေါင်းပါဝင်ဖြေရှင်း သင့်၊ ခေါင်းရှောင် မနေသင့်ဘူး’’ ဟု ပြောသည်။

Share.

About Author

Leave A Reply

*

code