CNF မှ NCA လက်မှတ်ရေးထိုးမည့်အပေါ် ချင်း ခေါင်းဆောင်တချို့၏ အမြင်

0

Pu Robin –  (၂၀၁၀ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

 

ကျတော် စကား အမှားမှား အယွင်းယွင်း ဖြစ်မှာစိုး ရိမ်ကြောင်း ကနဦး ပြောချင်တယ်၊ ဒုတိယအနေနဲ့က CNF ဟာ ကိုယ့် အမျိုးသားရေးအတွက် အသက်ပေးပြီး နှစ်ပေါင်းများ စွာ တောထဲ တောင်ထဲ မှာ နေပူမိုးရွာ မရှောင် ပေး ဆပ် ခဲ့ ကြတယ်၊ သူတို့ရဲ့ အမျိုးသားနိုင်ငံရေးအပေါ် လေ့လာချက်၊ နားလည်ချက်ကို ကျတော် ဘယ်လောက်ကိုယ် ချင်းစာနိုင်သလဲ၊ သူတို့နဲ့စာယင် ကျတော်က ဘယ်လောက်နားလည်သလဲ၊ သူတို့သိသလောက် ကျတော် သိ သလား စသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ် သုံးသပ်ကြည့်တော့ သူတို့ (၁၀၀) သိယင် ကျတော့်က (၁) လောက်ပဲ သိသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် နားလည်တယ်၊

 

အဲဒါကြောင့် လည်း NCA လက်မှတ် ထိုးခြင်း၊ မထိုးခြင်းအပေါ် အမျိုးသားနိုင်ငံရေး အကျိုး စီးပွားအတွက် လက်ရှိ လက်တွေ့အကျဆုံးနည်းလမ်းကို CNF အနေနဲ့ ချင့်ချိန်ဆုံးဖြတ်ပြီး ရွေးချယ်တာပဲဖြစ်မယ်၊ ကျတော်က သူ တို့လုပ်ဆောင်ချက် အပေါ် ဆုံးဖြတ်ဝေဖန်ဖို့အတွက် သူတို့ခံစားသလောက် ကျတော်ဘယ်လောက်ခံစားသလဲ စဉ်းစား ကြည့်တော့ ကျတော်ရဲ့ သိတာတွေ၊ ခံစားတာတွေက တော်တော်နည်းသေးတယ်၊ သူတို့ အနစ်နာခံခဲ့ တာနဲ့ စာယင် ကျတော် အနစ်နာခံတာ မပြောပလောက်ပါဘူး၊ ဒါကြောင့် သူတို့လုပ်တဲ့အပေါ် သုံးသပ်ဖို့က ကျတော့် ဖက်က ခက်နေတယ်၊ ဘယ်လိုပဲ ပြောပြော NCA လက်မှတ် ထိုးဖို့ မထိုးဖို့ကိစ္စကို သူတို့ရဲ့ အမျိုး သားနိုင်ငံရေး ရေ ခံမြေခံ၊ ချင်းတွေရဲ့ နိုင်ငံရေး ရေခံမြေခံ အပေါ် သေချာချင့်တွက်ပြီး ဆုံးဖြတ်ထားတာပဲဖြစ်တယ် လို့ပြောချင်တယ်၊

 

Pu Zo Peng – (၂၀၁၅ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း)

 

နိုင်ငံရေးဆိုတာ ပြောင်းလဲနေမြဲပါ၊ ပုံသေမရှိဘူး၊ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး ဆိုတာတွေလည်း ဒီလိုပါပဲ၊ CNF ခေါင်းဆောင်တွေဟာ အမျိုးသားနိုင်ငံရေး အမြင်နိုးကြားပြီး အသိတရား ရှိတဲ့ ပုဂ္ဂိုလ်တွေပါ၊ သူများယောင်လို့ လိုက်ယောင် တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ပဲ ကျတော် မြင်တယ်၊ ဘာလို့လဲဆိုတော့ ကျတော်သိရလောက် CNF က မတွေဝေတတ်ဘူး၊ အခု NCA ကို လက်မှတ်ထိုးမယ်ဆိုတာ က CNF အတွက်တော့ မနေ့တနေ့က ကိစ္စ မဟုတ်ဘူး၊ နိုင်ငံရေးစားပွဲဝိုင်းတက်ဖို့ သူတို့နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့တဲ့ အမျိုးသားနိုင်ငံရေး တောင်းဆိုချက်ပဲ၊ ဒီလို ပေါ်လာတဲ့ အခွင့်အရေးကို လက်မလွှတ်ချင်လို့ ရတဲ့ အခွင့်အရေး နည်းသည်ဖြစ်ဖြစ်၊ များသည်ဖြစ်ဖြစ် CNF က ရယူလိုက်တာပဲဖြစ်ပါတယ်၊ အောင်မြင်တာ မအောင်မြင်တာက တပိုင်းပေါ့၊

 

Salai Lal Nun Uk – Chin World Media

 

NCA မှာ CNF က လက်မှတ်ထိုးမယ်ဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီ NCA မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး မပါဝင်ဘဲနဲ့ မြန်မာနိုင်ငံမှာ တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ လက်မှတ်မ ထိုး နိုင်သေးတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာလည်း နားလည်ပေးပါတယ်။ နောက်ဆက်တွဲဖြစ်လာနိုင်တာတစ်ခုက NCA မှာလက်မှတ်မထိုးနိုင်သေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို တပ်မတော်က လက်နက်အင်အားနဲ့ ဆက် လက်ဖိ နှိပ်မယ်၊ ဒါမှမဟုတ် ၀န်ကြီးတစ်ပါးပြောသလို ရွှေလက်နဲ့ခေါ်နေတုန်းမလာချင်ရင် ကျည်ဆန်ပေးမယ်ဆိုသလို မင်းတို့ ဘဲ အပစ်အခတ်ရပ်စဲရေးမလိုချင်တာဆိုပြီး မြန်မာပြည်မှာ သေနတ်သံတွေပိုကြားရမလား။ အဲ့ဒီလို တပ်မတော် က NCA လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကို ထိုးစစ်ဆင်မယ်ဆိုရင် NCA မှာလက်မှတ် ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကကော ဘယ်ဘက်မှာရပ်တည်သွားမလဲ။ တကယ်တမ်းတော့ အပစ်အခတ် ရပ်စဲ ရေးဆိုတာ စာရွက်ပေါ်မှာဘဲမဟုတ်ဘဲနဲ့ တကယ်လက်တွေ့ အပြန်အလှန် ယုံကြည်မူရှိရှိနဲ့ အပစ်အခတ်ရပ် စဲရမှာ ဖြစ်ပါတယ်။ ၂၀၁၅ ဆိုတာ မြန်မာပြည်သမိုင်းမှာ အပြောင်းအလဲအတွက် တကယ့်အရေးကြီးတဲ့အချိန်ဖြစ်တဲ့ အတွက် ကြောင့် တပ်မတော်လည်း ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေ ကာကွယ်ဖို့ တာဝန်ရှိသလို၊ တိုင်းရင်းသား လက် ကိုင် အဖွဲ့အစည်းများလည်း ပြည်သူတွေရဲ့ အနာဂါတ် လှပနိုင်ရန် မျက်နှာမူပြီးတော့ မြန်မာပြည်ရဲ့အနာဂါတ် အကောင်း ဆုံးဖြစ်ဖို့ လုပ်စေချင်တယ်။

 

Pu Khin Tee – (ဦးစီးမှူး ၊ မြို့ပြနှင့် အိုးအိမ် ဦးစီးဌာန ၊ ဟားခါးမြို့)

 

CNF အနေနဲ့ NCA ကို လက်မှတ်ရေးထိုးသင့်တယ်လို့ ပြောချင်တဲ့ အချက်တွေ များများထဲက အချက်နှစ်ချက်အပေါ် အခြေခံပြီးတော့ ပြောချင်တယ်၊

  • ပထမ တချက်က ချင်းပြည်နယ်ဟာ တနိုင်ငံလုံးမှာ ဆင်းရဲမွဲတေမှု အနိမ့်ကျဆုံးဖြစ်နေတော့ယင် ချင်းပြည် နယ် ၊ ချင်းလူမျိုးတွေအတွက် ပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးရေးက လောလောလတ်လတ် လိုအပ် တာဖြစ် တယ်၊ အဲဒီတော့ အဲဒါ ဖြေရှင်းနိုင်ဖို့က NCA ကို လက်မှတ်ထိုးပြီး ဒီပြသနာကို ဖြေရှင်းဖို့လိုအပ်တယ်၊
  • ဒုတိယ တချက်က နိုင်ငံရေးဆိုတာ လက်နက်ကိုင်ခြင်းအားဖြင့် ဖြေရှင်းတာထက် သွေးထွက်သံယိုမှုမရှိပဲ နိုင်ငံရေးနည်းနဲ့ အဖြေရှာ ဖြေရှင်းတာ အကောင်းဆုံးပါ၊ ကျတော် သိရသလောက် CNF ဟာ ချင်း အမျိုးသား နိုင်ငံရေးပြသနာ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ပဲ လိုချင်ကြတယ်၊ ဒီတော့ အခု NCA ဟာ နိုင်ငံရေးပြသနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ CNF အတွက် လမ်းစ ပွင့်လာတယ်လို့ပဲမြင်တယ်၊ ဒီတော့ လက်မှတ်ထိုး တာက ကောင်းတယ်လို့ပဲ ရိုးရိုးသားသားမြင်တယ်။

 

Rev. Tluang Ceu – (အတွင်းရေးမှူး ၊ ချင်းငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ၊ ချင်းပြည်နယ်)

 

CNF ဟာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ၊ ငြိမ်းချမ်းရေးကို လက်နက်နဲ့ ဖြေရှင်းလို့မရဘူး ဆိုတဲ့ ပေါ်လစီ အပေါ်မှာ ရပ်တည်လာခဲ့ကြတာ အစကတည်းကပါ၊ ၂၀၁၃ ကတည်းက အစိုးရနဲ့ တွေ့ဆုံဆွေးနွေး မယ်ဆိုတဲ့ ပေါ်လစီထားရှိခဲ့ကြသလို လက်ရှိအစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ဆိုပြီး သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဏာမ အပစ်အခပ်ရပ်စဲထားခဲ့ပြီးလည်း ဖြစ်ပါတယ်၊ ဒါပြီး ယင် နိုင်ငံရေးဆွေးနွေး ဖို့ဖြစ်တယ်၊ နိုင်ငံရေးဆွေးနွေးဖို့က CNF တဖွဲ့တည်းနဲ့ မဟုတ်ပဲ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အားလုံးနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆွေးနွေးဖို့ဖြစ်တယ်၊ ဒီလို ဆွေးနွေးနိုင်ဖို့က Nation Wide Ceasefire လက်မှတ် ထိုးမှ ဖို့လိုတယ်၊ ဒါမှ နိုင်ငံရေးဆွေးနွေးနိုင်မှာဖြစ်တယ်၊

 

အစက လက်နက်ကိုင် ၁၄ -၁၅ နဲ့ လက်မှတ်ထိုးပြီး ၃ – ၄ ဖွဲ့ကို ချန်ထားတယ်လို့ သိရတယ်၊ CNF လည်း အဆင့်မြင့်ဆွေးနွေးပွဲတွေမှာ တလျှောက်လုံးပါဝင်ခဲ့ပါတယ်၊ သို့သော် လက်ရှိ အဖြေထွက်လာတာက လက်နက် ကိုင် ၇ ဖွဲ့ပေါ့၊ အားလုံးရဲ့ တ၀က်သာသာလောက်ပဲ လက်မှတ်ထိုးဖို့ဖြစ်လာတော့ မျှော်လင့်စိတ်တွေ တော်တော် လျှော့ကျသွားတယ်၊ CNF က NCA ကို လက်မှတ်ထိုးတာ ကောင်းတယ်၊ သို့သော် ထိုးမည့် အရေအတွက်က နည်း လာတော့ ဒီ လက်မှတ်ထိုးပွဲက Nationwide လို့ သတ်မှတ်လို့ရမလား ဆိုတာ မေးခွန်း ထုတ်စရာဖြစ် လာတယ်၊

 

Pi CerCer – (President, Chin Women Organization, Hakha)

 

  • အစိုးရနဲ့ CNF တို့အကြား NCA လက်မှတ်ထိုးရေးမထိုးရေးအပေါ်မှာ ကျမ အမြင်ကတော့ ထိုးသင့်တာ ကြာပြီလို့ပဲပြောချင်တယ်၊ တိုင်းပြည်အေးချမ်းတည်ငြိမ်မှလည်း ကျမတို့ အမျိုးသမီးတွေနဲ့ ကလေးတွေဘ၀ က လုံခြုံမယ်၊ စစ်မက်ပဋိပက္ခ ဆိုတာ လုံးဝ မကောင်းဘူး၊ အမျိုးသမီးတွေနဲ့ ကလေးတွေ လိုလားတောင့်တ နေတာ ငြိမ်းချမ်းရေးပဲ၊ ငြိမ်းချမ်းမှသာ ဘ၀က လုံခြုံမယ်၊ တိုင်းပြည် တိုးတက်တာ မတိုးတက်တာ၊ ဖွံ့ဖြိုးတာ မဖြိုးတာ က တပိုင်းထားအုံး၊ အရင့်အရင် လိုအပ်တာက ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည် တည်ငြိမ် အေးချမ်း နေဖို့ ပါပဲ၊ ဒီတော့ CNF အနေနဲ့ NCA ကို လက်မှတ်ထိုးစေချင်တယ်၊ ထိုးဖို့ဆုံးဖြတ်တာလည်း ကြိုဆိုတယ်ပေါ့နော်၊
Share.

About Author

Leave A Reply

*

code