NLD ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်လောင်း ယာဉ်တိုက်မှု ဖြစ်

0

vs151010-001

 

ယမန်နေ့ နံနက် ၀၇း ၁၅ နာရီ ခန့်က ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်လောင်း Pu ZoBawi သည် Car Accident ဖြစ်ခဲ့ကြောင်း သိရသည်။ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ တင်းနစ်ကွင်းအနီး မီးပွိုင့်နားတွင် Pu ZoBawi သည့် ၄င်း၏ Parado အမျိုးအစား ကိုယ်ပိုင်ကားကို မောင်းနှင်ယင်း မီးပွိုင့်အကွေ့ လီဗာ နှင့် ဘရိတ်မှားယွင`်းနင်းမိရာမှ အထည်ဆိုင် နှင့် အလှပြင်ဆိုင် တွဲ ပျဉ်ထောင်အိမ် ဆိုင်ခန်း ကို တိုက်ပြီး ကိုက် ၂၀ ခန့် ချောက်ထဲသို့ တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ပြောကြ သည်။

 

 

Pu Zobawi သည် ကာယကံရှင် နာကျင်ထိခိုက်မှု မရှိသော်လည်း အဆိုပါ Pu Tumbik ပိုင် သွပ်မိုးပျဉ် ထောင် အိမ် ဆိုင်ခန်းသည် ကားတိုက် မှု ကြောင့် ပြိုကျ ပျက်စီးသွားခဲ့ကြောင်း၊ ဆိုင်ခန်းသည် လူနေအိမ်ကဲ့သို့ ခိုင်ခန့်မှု သိပ် မရှိ ကြောင်း သိရသည်။

 

“တနင်္ဂနွေနေ့ ဆိုင်ခန်းပိတ်ချိန် မို့လို့ တော်သေးတယ်၊ နို့မို့ဆိုယင် လူတွေလည်း ဒုက္ခရောက်နိုင်တယ်၊ ဒီနေရာက ယခု အကြိမ်နဲ့ဆိုယင် ယခုလို ပုံစံအတိုင်း သုံးကြိမ်မြောက် Car Accident ဖြစ်ပြီ၊ အိမ်ပိုင်ရှင် ကိုယ်တိုင် လည်း ဖြစ်ခဲ့ဘူးတယ် ” ဟု မျက်မြင်တဦးက ပြောသည်။

 

အမှုခြင်းရာ နှင့် ပါတ်သက်ပြီး သက်ဆိုင်ရာ ယာဉ်ထိန်းရဲ ဌာနက Pu ZoBawi အား တာဝန်အရ ခေါ်ယူ စစ်ဆေးမှုပြု လုပ်နေကြောင်း သိရသည်။

 

Pu ZoBawi သည် ယခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စား ဟားခါးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ် စားလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်သည်။

Share.

About Author

Leave A Reply

*

code