ဝေဋုကျော် ဖောင်ဒေးရှင်း နှင့် Myanmar Rescue တို့ ဟားခါးတွင် ကယ်ဆယ်ရေး သင်တန်းပြုလုပ်

0

DSC_0002

 

နာမည်ကျော် ဗွီဒီယို နှင့် ရုပ်ရှင် သရုပ်ဆောင်မင်းသား ဝေဋုကျော်အပါအ၀င် ၄င်း၏ ဖောင်ဒေးရှင်း နှင့် Myanmar Rescue အဖွဲ့ ပူးပေါင်းမှုဖြင့် ချင်းပြည်နယ် မြို့တော် ဟားခါးတွင် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးနှင့် အသက် ကယ် သင်တန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင် ပို့ချ ပြုလုပ်နေပြီဟု သိရသည်။ မင်းသား ဝေဋုကျော် အပါအ၀င် အဖွဲ့သားများနှင့် Myanmar Rescue ကော်မီတီမှ အဖွဲ့သားများသည် ယခုလ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဟားခါးမြို့သို့ရောက်ရှိ လာကြပြီး ပြည်နယ် မီးသတ်တပ်ဖွဲ့၏ အကူ အညီဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် သင်တန်းဖွင့်ပွဲ ပြုလုပ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့အထိ ပြုလုပ် သွားကြ မှာဖြစ်သည်။

 

” ပြည်နယ် မီးသတ်တပ်ဖွဲ့ရုံးမှာပဲ မီးသတ်တပ်ဖွဲ့တွေ အကူအညီနဲ့ ဒေသခံ ၅၀ ကျော်ကို ကျတော်တို့ ဖောင်ဒေးရှင်း နဲ့ Myanmar Recue က သင်တန်းဆရာ ၁၅ ဦးနဲ့ သင်တန်းကို ပို့ချသွားမှာပါ” ဟု မင်းသား ဝေဋုကျော် က ပြော သည်။

 

သင်တန်းတွင် သဘာဝဘေးအန္တရာယ် မှ အရေးပေါ် ကယ်ဆယ်ရေး၊ ဒုက္ခသည်များ အတွက် ကြက်ခြေနီ ပြုစုနည်း၊ လူနာများ ကျန်းမာရေးစောင့်ရှောက်မှု တွေကို ပို့ချသွားကြမှာဖြစ်ပြီး မြေပြိုသည့် ဟားခါးမြို့ဟောင်းနေရာတွင် လက် တွေ့ကွင်းဆင်းမှု ပြုလုပ်ကြမှာဖြစ်သည်။

 

မင်းသားဝေဋုကျော် သည် သဘာဝဘေး ဒါဏ်ကြောင့် ချင်းပြည်နယ် ဟားခါးသို့ သုံးကြိမ် ရောက်ရှိခဲ့ပြီဖြစ်ပြီး သဘာဝ ဘေးသင့်ပြည် သူများ အတွက် စားနပ်ရိက္ခများကို လှူဒါန်းမှုများပြုလုပ် ခဲ့ကြောင်း ယခု သင်တန်းအပြီးတွင် လည်း ကယ်ဆယ်ရေး ပစ္စည်းများကို လှူဒါန်းပေးသွား မှာဖြစ်ကြောင်း သိရသည်။

 

” မိုးက အဆက်မပြတ်ရွာနေတော့ ရာသီဥတုလည်း အေးတယ်၊ ဒီအတွက် လက်တွေ့ကွင်းဆင်းမှုမှာ အနည်းနဲ့ အများတော့ ခက်ခဲမယ်ပေါ့ ” ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။

 

ယခု တလော ဟားခါးမြို့အပါအ၀င် ချင်းပြည်နယ် အ၀ှမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ကားလမ်းများ ပြန်လည် ပြိုကျ ပျက်စီးနေခြင်းကြောင့် ပြည်သူများ၊ အစိုးရ၀န်ထမ်းများ၊ ဆောက်လုပ်ရေးကုပ္မဏီများ၊ လွှတ်တော်ကိုယ် စားလှယ်လောင်းများ လုပ်ငန်းအတွက် ခရီးသွားလာရေး၊ သတင်းဆက်သွယ်ရေး အခက်အခဲနဲ့ ကြုံတွေ့နေကြရ သည်။

Share.

About Author

Leave A Reply

*

code