CNF ၏ NCA စာချူပ်လက်မှတ်ရေးထိုးမှု ချင်းကျေးလက်ပြည်သူများကြိုဆို

0

DSC03210

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က တပြည်လုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက်စာချုပ်တွင် CNF ပါဝင် လက်မှတ်ရေးထိုးမှုအပေါ်  ချင်းကျေးလက်ပြည်သူများက ၀မ်းမြောက်ကြိုဆိုကြောင်း ဆုတောင်းခြင်း အခမ်းအနား တ ရပ် ယခုလ နိုဝင်ဘာ (၂) ရက်နေ့က ထန်တလန်မြို့နယ် တလွန်ရမ်ရွာတွင် ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

ဒေသခံ ဘာသာရေးခေါင်းဆောင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံရပ်မိရပ်ဖများက ကမကထပြုပြု လုပ် သော အဆိုပါ အခမ်းအနားသို့ ချင်းအမျိုးသားတပ်ဦး၊တပ်မတော် အမှတ် ၈၀၂ နယ်မြေ ဗျုဟာမှူး ၊ ဒုတိယ ဗျူ ဟာ မှူး အပါအ၀င် ချင်းအမျိုးသားတပ်မတော်သားများကို ဖိတ်ကြားခဲ့ကြသည်။

” နယ်စပ်ဒေသ ကျေးလက်ပြည်သူတွေဟာ တော်လှန်ရေးကာလတလျှောက်မှာ တကယ့် အနစ်နာခံခဲ့ကြတယ်၊ ပင်ပန်း ဆင်းရဲခဲ့ကြတယ်၊ သူတို့ဟာ ကျတော်တို့ အတွက် အမိအဖ တွေပါ၊ ယခုလို ဂုဏ်ပြုပွဲလုပ်ပေးတာကလည်း ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားကြောင်း ပြသ တာလို့ မြင်ပါတယ်” ဟု ဗိုလ်မှူး ခါပေါင်းက ပြောသည်။

အခမ်းအနားတွင် ဒေသခံရပ်မိရပ်ဖများမှ CNF နဲ့ အစိုးရအကြား သဘောတူလက်မှတ်ရေးထိုးခဲ့သည့် NCA ကို ကြိုဆို ကြောင်း မိမိတို့ ကျေးလက်ဒေသခံပြည်သူများသည် CNF/A လှုပ်ရှားမှုကြောင့် စစ်အစိုးရ၏ အမျိုးမျိုး ညှင်း ပန်း နှိပ်စက်မှုကို ခံခဲ့သည်မှာ ၂၅ နှစ်ကြာခဲ့ပြီဖြစ်ကြောင်း ထို့ကြောင့် NCA လက်မှတ်ရေးထိုးမှုဖြင့် ထာဝရ ငြိမ်း ချမ်းရေး ရရှိသည်အထိ ကြိုးပမ်းလုပ်ဆောင်နိုင်လိမ့်မည်လို့ ယုံကြည်ကြာင်း ကျေးရပ်အုပ်ချုပ်ရေးမှူးက ပြောခဲ့သည်။

ချင်းအမျိုးသားတပ်မတော် အမှတ် (၈၀၂ ) ဗျူဟာမှူး ဗိုလ်မှူးခါပေါင်းကလည်း ယခုလို CNF ကနေ NCA ထိုးခြင်း အပေါ် ဂုဏ်ပြု ဆုတောင်းပွဲနဲ့ ကြိုဆိုတာ ကျေးဇူးတင်ကြောင်း၊ ၂၇ နှစ်တာ တော်လှန်ရေးကာလအတွင် မိမိတို့ တပ်ဦး နဲ့အတူ အပင်ပန်းခံ အဆင်းရဲခံ အနှိပ်စက်ခံရတာဟာ မိမိတို့ တပ်ဦး နဲ့အတူ တပ်ဦးရဲ့ ရည်မှန်းချက် ပန်းတိုင်ကိုတဖက်တလမ်းမှ ပံ့ပိုး ကူညီခြင်းဖြစ်ကြောင်း ယခု ငြိမ်းချမ်းရေးဖြစ်စဉ်ကို CNF တဖွဲ့ထဲနဲ့ ဖော် ဆောင် လို့မရကြောင်း ပြည်သူများ၊ နိုင်ငံရေးပါတီများနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ချင်းအမျိုးသားတပ်ဦးသည် တခြား ဘ၀တူ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့နှင့် အတူ တပြည်လုံးပစ်ခပ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး လက်မှတ်ရေးထိုးမှုနှင့်ပါတ်သက်ပြီး လူထုထံ ရှင်းလင်းပွဲများ ဆက်လက်ပြုလုပ်သွားမှာဖြစ်သည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code