ချင်းပြည်နယ်တွင် NLD အပြတ်အသတ်အနိုင်ရ၊ ချင်းနိုင်ငံရေးပါတီများအားလုံး အကုန်ရှူံးနိမ့်

0

NLD

နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD က ချင်းပြည် နယ်တွင် မဲအပြတ် အသတ်အနိုင်ရရှိပြီး ZCD မှလွဲပြီး ချင်းနိုင်ငံရေးပါတီများအားလုံးက အကုန်ရှူံးနိမ့်ခဲ့ကြသည်။

နောက်ဆုံးရရှိသော မဲစာရင်းရလာဒ်အရ မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချူပ်က ၂၈ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် က ၆ နေရာ၊ လက်ရှိအစိုးရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေး ပါတီက (၅) နေရာအသီးသီးရရှိသည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ဟားခါး၊ ဖလမ်း၊ မတူပီ၊ ပလက်ဝ၊ မင်းတပ် စသည့် (၅) မြို့နယ်ရှိ မဲဆန္ဒနယ်မြေ အားလုံးတွင် အနိုင်ရရှိပြီး ကန်ပက်လက်တွင် ၃ နေရာ၊ ထန်တလန်တွင် ၂ နေရာ၊ တွန်းဇံတွင် ၁ နေရာဖြင့် အနိုင်ရရှိ ကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွဲ့ကပြောသည်။

ချင်းပြည်နယ်တွင် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ZCD အပါအ၀င် ချင်းနိုင်ငံရေးပါတီများဖြစ်ကြသော ချင်းအမျိုးသားဒီမိုကရက်တစ် (CNDP) ၊ ချင်းတိုးတက်ရေး(CPP)၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD)၊ မျိုးနွယ်စုကိုယ်စားပြု သော ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးရေးပါတီ နှင့် ရခိုင် အမျိုးသားပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေထက်ဝက်ခန့် အနိုင်ရရှိခဲ့ကြ သော CNDP နှင့် CPP ပါတီအပါအ၀င် ချင်းနိုင်ငံရေးပါတီများအားလုံးက ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ တစ်နေရာမှ ရယူနိုင်ခြင်းမရှိဘဲ မရှူမလှရှူံးနိမ့်သွားခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ချင်းနိုင်ငံရေးပါတီကြီးများ ယခုကဲ့သို့ မဲဆန္ဒနယ်မြေ တစ်နေရာမှ မနိုင်ဘဲ အပြတ်အသတ်ရှူံးနိမ့်ကြ သည့်ကိစ္စနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲ တွင် ချင်းနိုင်ငံရေးပါတီများလက်တွဲဆောင်ရွက်ရေးသဘောတူညီစာချူပ်ချူပ် ဆိုနိုင်ရေးအတွက် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သော Gender and Development Initiative Myanmar မှ ဒါရိုက်တာ Salai Isaac Khen က သူ၏ facebook စာမျက်နှာတွင် ယခုလိုရေးသားထားသည်။

“ ကျနော်တို့ ထည့်မတွက်မိခဲ့တဲ့အချက်က ချင်းလူထုအများစုရဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ ကျနော်တို့က ချင်းတွေက ချင်းပါတီကိုပဲ မဲထည့်လိမ့်မယ်လို့ တွက်ဆခဲ့ပါတယ်။ တကယ်တမ်းတော့သူတို့က နှလုံးသားနှင့် ဦးဏှောက်မှာ ဦးဏှောက်နှင့် ရွေးချယ်ခဲ့ကြတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ချင်းပါတီတွေအနေနဲ့ ချင်းလူထုတစ်ရပ်လုံးရဲ့ နှလုံးသားနှင့် ဦးဏှောက် နှစ်ခုစလုံးကို သိမ်းသွင်းနိုင်သည်အထိ ဆက်၍ ကြိုးစားကြရအောင်ပါ၊ တစ်ချိန်တည်းမှာပဲ ချင်းလူထုရဲ့ ရွေးချယ်မှုကို အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ လာမယ့် ၅ နှစ်တာမှာ ချင်းတစ်မျိုးသားလုံးရဲ့ ဘုံအကျိုး စီးပွားအတွက် NLD နဲ့ ဘယ်လိုလက် တွဲ ဆောင်ရွက်သွားကြမလဲဆိုတာ စတင်စဉ်းစားပြင်ဆင်ကြပါစို့’’ ဟု Salai Isaac Khen က သူ၏ facebook စာမျက်နှာတွင်ရေးသားထားသည်။

Share.

About Author

Leave A Reply

*

code