နှစ်ဖက် နိုင်ငံ ချင်း မျိုးနွယ်စု နှစ်ခု လူမှုရေး ပြန် လည် သင့်မြတ်ရေး ကျောက်တိုင် စိုက်

0

piller

 

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ချင်းအနွယ်ဝင် စုတ်သဲ (SUKTE) အုပ်စု နှင့် တဖက် မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်ခရိုင် ရှိ ချင်းအနွယ်ဝင်များအကြား ဘိုးဘွားခေတ် လူမှုပြသနာအတွက် ပြန်လည် သင့်မြတ်ရေး ကျောက်တိုင် စိုက်ခဲ့ကြကြောင်း သိရသည်။ တီးတိန်မြို့နယ်အတွင်း Laitui ကျေးရွာ နှင့် အနီးတ၀ိုက် ဒေသခံများ နှင့် တဖက် ကျန်ဖိုင်ခရိုင် Khuangleng ရွာ အပါ အ၀င် အနီးတ၀ိုက် ဒေသခံများအကြား ယခင်က ဖြစ်ပွားခဲ့သည့် ပြသနာအတွက်  ပြန်လည် ကြေးအေး သင့်မြတ်ရေး အတွက် ယမန်နေ့နိုဝင်ဘာ (၂၅)ရက်နေ့က Khuang leng ရွာတွင် ပြန်လည်သင့်မြတ်ရေး ကျောက် တိုင်စိုက်ထူ ပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

 

လွန်ခဲ့သည့် ၁၈၇၁ ခုနှစ်က ချင်းအနွယ်ဝင် စုတ်သဲနွယ် စော်ဘွား Pu Zapauva သည် တဖက် Khuangleng ရွာကို တဖက်သတ် တိုက်ခိုက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ Khuangleng ရွာသူ အမျိုးသမီးများစွာ ကို သတ်ဖြတ် ခဲ့ကြောင်း ထို့အပြင် Khuangleng စော်ဘွား Lal Thanhranga ၏ မယားနှင့် သားသမီးတွေကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု ပြောကြသည်။

 

Khuangleng စော်ဘွား နှင့် ဒေသခံယောင်္ကျားများသည် Khuangleng နယ်ကို ကျုးကျော်လာသည့် Tuirial ချောင်း တလျှောက် ရှိ ကုလားလူမျိုးတွေကို မောင်းထုတ်ချေမှုန်းနေချိန်ဖြစ်ပြီး Khuangleng နယ်အတွင်း ရွာသူအမျိုး သမီး များသာ ရှိနေချိန်ကို အခွင့်ကောင်းယူပြီး စုတ်သဲစော်ဘွားက တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ဘိုးဘွားများ၏ မတရားသော လုပ်ရပ်ကြောင့် Luitui ရွာနှင့် အနီးတ၀ိုက်  စုတ်သဲ အနွယ် ၀င် ကျေးလက်ဒေသခံများ သည် ယနေ့အထိ ဒေသအတွင်း လူ့သက်တမ်း မစေ့ သေဆုံးမှု များ၊ အစိမ်းသေဆုံးမှုများ၊ ခေတ်ပညာ တတ်လူငယ် ခေါင်း ပါးခြင်းစသည့် လူမှုကပ်ဆိုးဘေး များကြုံတွေ့နေရကြောင်း အယူ ရှိခဲ့ကြောင်း Mizo Special Report face book တွင် ရေးသားထားသည်။

 

ထို့ကြောင့် ယခုနှစ်၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စုတ်သဲ ဒေသခံလူကြီးများက Khuangleng ရွာလူကြီး များနှင့် အပြစ်လွှတ်ကြေအေးခွင့် ပြုလုပ်ပေးရေး သွားရောက်ညှိနှိုင်း ခဲ့ရာ Khuangleng ရွာလူကြီးများမှ ၄င်းတို့ စိတ်ထဲမှာ ဘာမှ မ ရှိတော့ကြောင်း နောက်ကြောင်း ပြန်မလှန်ချင်တော့ကြောင်း တုံပြန်ခဲ့သော်လည်း စုပ်သဲ ဒေသခံ တွေရဲ့ တောင်းဆိုချက်ကို မငြင်းသာသဖြင့် ယခုကဲ့သို့ ကျောက်တိုင် စိုက်ပွဲ ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Share.

About Author

Leave A Reply

*

code