ချင်းဌာနေ ဇလပ်မြေ မှာ အောက်ချင်းငှက်တွေ တောင်ပံ ကျိုး သွားခြင်း

0

ဆလိုင်းရောဘတ်  – မတ်စောက်လွန်း တဲ့တောင်တန်းကြီးတွေ ကာရံထားပြီး တောင်ဇလပ်ပွင့် ဖတ်နီကြီးတွေ ဖူးဖွင့်တဲ့ တောင် ဇလပ်မြေ ဟာ အောက်ချင်းငှက် တို့ ရှေး ယခင် ဘိုးစဉ်ဘောင် ဆက်ကတည်းက ကျင်လည် လာတဲ့ စား ကျက်မြေပါ။ ဒီမြေဟာ ချင်းအမျိုး သားတို့ အမှတ် သင်္ကေတဖြစ်တဲ့ ချင်းတို့ဌာနေငှက် တဖြစ်လည်း အောက်ချင်းငှက် တို့ အပျော်မွေ့ဆုံးကျက်စား ရာဒေသ ဖြစ်ပါတယ်။ ရာဇ၀င်တွင်တဲ့ အောက်ချင်းငှက် သူရဲကောင်းတွေ မွေးဖွား ရာဒေ သ၊ စည်းလုံးခြင်း အားအင်ဖြင့် အောင်ပွဲခံခဲ့ကြ တဲ့ တကယ့် ရာဇ၀င်သမိုင်းကြောင်းတွေ ကမ္မထိုး မြှပ်နှံ ထားတဲ့မြေပေါ့၊

ဒါပေမယ့် ပြီးခဲ့တဲ့နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေ)နေ့ဟာ အောက်ချင်းငှက်တို့ ကျဆုံးတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်။ အင်အား ကြီးမားလွန်းတဲ့ ခွပ်ဒေါင်းတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုမှာ အောက်ချင်းငှက်တွေ မရှုမလှအရေးနိမ့်ခဲ့ ကြ တာ ပါ။ ဘိုးစဉ်ဘောင်ဆက် အုပ်စိုးလာခဲ့ကြတဲ့ မိမိတို့စားကျက်ဒေသ တောင်ဇလပ်မြေမှာ အောက်ချင်းငှက်တွေ ခွပ်ဒေါင်းကို မယှဉ်နိုင်တာ ဘာကြောင့်ပါလဲ။ အောက်ချင်းငှက်တွေဟာ စည်းလုံးညီညွတ်မှုမရှိကြတော့ဘဲ မိမိတို့ အချင်းချင်း ခွပ်ပြီး တိုက်ခိုက် ယှဉ်ပြိုင်နေကြတာကြောင့်များလား။ ဒါမှမဟုတ် အင်အားချင်းမမျှလို့ အရေးနိမ့်သွားကြတာလားဆိုတာ ချင်းနိုင်ငံရေး လေ့ လာသုံးသပ်သူတွေရဲ့ မေးခွန်းတစ်ခုဖြစ်သွားပါတယ်။

၂၀၁၅ ရွေေးကာက်ပွဲမှာ ချင်းနိုင်ငံရေးပါတီများလက်တွဲဆောင်ရွက်ရေးသဘောတူညီမှုရရှိနိုင်ရေးအတွက် အဓိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ခဲ့သော Gender and Development Initiative Myanmar မှ ဒါရိုက်တာ ဆလိုင်းအိုက်ဇက် ခင်ကတော့ ချင်းနိုင်ငံရေးပါတီအများအပြားရှိနေခြင်းဟာ ရွေးကောက်ပွဲမှာ ချင်းပါတီတွေ ရှူံးနိမ့်ရတဲ့ အဓိကအကြောင်း အရင်းတစ်ခု ဖြစ်တယ် လို့ပြောပါတယ်။

“ချင်းပါတီတွေ တော်တော်များပြီး ကိုယ့်အချင်းချင်းလည်းယှဉ်ပြိုင်မှုဖြစ်တဲ့အခါကျတော့ ပြည်သူတွေ အနေနဲ့ ချင်းပါတီကို ရွေးမယ့်အစား NLD ကိုရွေးတာက သူတို့အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မယ်လို့ သုံးသပ်ကြပုံရပါတယ်၊ အထူးသဖြင့် က ကျနော်တို့ချင်းပါတီတွေ များနေတဲ့ကိစ္စက လူထုအတွက် မရေရာမှုပိုများစေတယ်၊ ပိုပြီးတော့ အားနည်းသွားနိုင်တဲ့ အနေအထားမျိုးကိုပိုမြင်စေတယ်၊ ချင်းပါတီများ အနေနဲ့ကတော့ ပါတီတွေများတဲ့အခါကျတော့ ဘယ်ပါတီကိုရွေးရ မယ်ဆိုတဲ့ကိစ္စအတွက် လူထုမှာတော်တော်လေးအခက်အခဲ ရှိခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ လူထုက NLD ကို ရွေးလိုက်တယ်လို့ ယူဆလို့ရပါတယ်’’ လို့ သူက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲအကြိုကာလတွေတုန်းက ချင်းပြည်နယ်မှာ ဒေသခံချင်းပါတီတွေ အားကောင်းနိုင်တယ်လို့ ကြိုတင်ခန့်မှန်း မှုတွေရှိခဲ့ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းရလဒ်တွေ ကြေညာအပြီးမှာတော့ ချင်းနိုင်ငံရေး ပါတီတွေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ကလွဲပြီး ချင်းနိုင်ငံရေးပါတီတွေအားလုံး မရှူမလှရှူံး နိမ့်ခဲ့ကြတာပါ။

မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၉) နေရာရှိတဲ့ ချင်းပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချူပ်က ၂၈ နေရာ၊ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ဇိုမီးဒီမိုကရေစီ အဖွဲ့ချူပ် က ၆ နေရာ၊ လက်ရှိ အစိုး ရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေး ပါတီက (၅) နေရာရရှိခဲ့ကြပါတယ်။

ချင်းနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီတစ်ခုတည်း ချင်းပြည်နယ်မှာ အောင်ပွဲခံနိုင်ရတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD နဲ့ ကောင်းမွန်တဲ့ချိပ်ဆက်မှုရှိတာကြောင့်ဖြစ်ပြီး တခြား ချင်းနိုင်ငံရေး ပါတီတွေ ဟာ NLD ချိပ်ဆက်မှုပိုင်းမှာ အားနည်းတာကြောင့်လည်းဖြစ်တယ်လို့ ဆလိုင်းအိုက်ဇက်ခင်ကပြောပါတယ်။

“ချင်းနိုင်ငံရေးပါတီများအနေနဲ့ NLD နဲ့ ဒေါ်စုဦးဆောင်ပြီးတော့သွားနေတဲ့ လမ်းကြောင်းပေါ်မှာ ရောက်အောင် မချိတ် ဆက်နိုင်တဲ့ဟာမျူိးကြောင့်ဖြစ်တယ်ဆိုတာကျနော်တို့တွေ့ရတယ် ဘာဖြစ်လို့လည်းဆိုလို့ရှိရင် ချင်းက ၁၂ ပါတီရှိ တဲ့ အနက် ဇိုမီး ZCD ဆိုလို့ရှိရင် ၆ နေရာအထိရတယ်ပေါ့လေဒါကိုကြည့်လိုက်တဲ့အခါမှာ ချင်းပါတီတွေအားလုံး မရဘူးဆိုတာ မဟုတ်ဘူး ဒါပေမယ့် ဒီနေရာမှာနိုင်သွားတဲ့ ZCD ကိုကြည့်မယ်ဆိုလို့ရှိရင် NLD နဲ့ ကောင်းကောင်း ချိပ် ဆက် မှုရှိတယ် ဆိုတာတွေ့ရတယ်ဆိုတော့ အဓိပ္ပါယ်က တီးတိန်၊ တွန်းဇံဘက်မှာရှိတဲ့ လူထုသည် NLD ကိုမရွေးသော်လည်းဘဲ ZCD ရှိတယ်ဆိုတဲ့ အဲလိုမျိုးခိုင်မာသေချာမှုသူတို့မှာရှိတယ် အဲဒီအ တွက်ကြောင့် မို့ လို NLD အစား ZCD ကို အစားထိုးပြီး တော့ ရွေးလိုက်တယ်ဆိုတာမျိုးကျနော်တို့တွေ့ရတယ်၊ ဆိုတော့ တခြားချင်းပါတီများအနေနဲ့ NLD ချိပ်ဆက်မှုနဲ့ပတ်သက် ပြီးတော့ တော်တော်လေး ချင်းလူထုတွေ ရဲ့အမြင် မှာလုံလောက်မှုမရှိဘူးလို့ သုံးသပ်ပုံပေါက်ပါတယ်၊ အဲဒီအတွက်ကြောင့်မို့ လို့ သူတို့က NLD ကို တိုက်ရိုက်ရွေးတယ်ဆိုတဲ့ဟာမျိုး ကောက်ချက်ချလို့ရပါတယ်’’ လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ USDP၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ NUP တို့လို ပြည်မနိုင်ငံရေး ပါတီကြီးတွေ အပါအ၀င် ဒေသခံ ချင်းနိုင်ငံရေးပါတီတွေဖြစ်ကြတဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ CNDP၊ ချင်းတိုးတက်ရေးပါတီ CPP၊ ချင်းဒီမို ကရေစီအဖွဲ့ ချူပ် CLD၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချူပ် ZCD၊ တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးပါတီ ENDP၊ ဇို တိုင်းရင်းသား ဒေသဖွံ့ဖြိုးရေး ပါတီ နဲ့ ခူမီး(ခမီး)အမျိုး သားပါတီအပြင် ရခိုင်အမျိုးသားပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်က ဟားခါး၊ ဖလမ်း၊ မတူပီ၊ ပလက်ဝ၊ မင်းတပ် စတဲ့ (၅) မြို့နယ် မှာရှိတဲ့ မဲဆန္ဒနယ်မြေ အားလုံးကိုအနိုင်ရရှိတဲ့ အပြင်ကန်ပက်လက်မှာ ၃ နေရာ၊ ထန်တလန်မှာ ၂ နေရာ၊ တွန်းဇံမှာ ၁ နေရာရရှိခဲ့ပြီး၊ ZCD ကတော့ တီးတိန် နှင့် တွန်းဇံမြို့နယ်မှာ ၃ နေရာစီ၊ ကြံ့ခိုင်ရေးပါတီ ကတော့ ထန်တလန်လန်မှာ ၂ နေရာ၊ ကန်ပက် လက်မှာ ၁ နေရာ၊တီးတိန်မှာ ၂ နေရာ အသီးသီး ရရှိခဲ့ပါတယ်။

မင်းတပ်မဲဆန္ဒနယ်မြေမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုရှိန်းထွန်းကတော့ ချင်းပါတီတွေ အချင်းချင်းစည်းလုံး မှုမရှိဘဲ တိုက်ခိုက် မှုတွေပြု လုပ်နေ တာကြောင့် ရွေးကောက်ပွဲ မှာခုလိုရှူံးနိမ့်ကြရ တာလို့ပြောပါတယ်။

“ကျနော်တို့ချင်းပါတီ အချင်းချင်းတိုက်တာ ပြည်သူတွေရဲ့အမြင်ထဲမှာက ချင်းပါတီ အချင်းချင်းမညီညွတ်ဘူး မညီ ညွတ်တဲ့ သဘောမျိုးကိုမြင်လာတယ် ဒီလိုမညီမယ့်အတူတူ NLD ကိုမဲပေးမယ် ဆိုတဲ့တစ်အုပ်စု ရှိလာတယ်၊ အဓိ က ခြုံငုံ ပြီး ပြောရမယ်ဆိုရင်တော့ စည်းလုံးညီညွတ်မှုမရှိဘူး ဒီမိုကရေစီရဲ့အသွင် ကူးပြောင်းရေးလှမ်းနေတဲ့ ပါတီပေါ်လစီ တိတိကျကျ မရှိဘူး ပါတီပေါ်လစီနဲ့စည်းရုံးရေး ၀င်ရမယ့်ဟာကို သူတို့က လမ်းဘေးက ငါးစိမ်းသည် လို ဟိုလူ့ကို ပုတ်ခတ်ပြော ဒီလူ့ကိုပုတ်ခတ်ပြော ငါးစိမ်းသည်အဆင့်နဲ့ အမတ်လောင်းတွေက အမတ်လောင်း တွေရော ပါတီတွေ ရောထလုပ်နေ တဲ့အခါ ကျတော့ ပြည်သူတွေ စိတ်ပျက်တာပေါ့’’ လို့ပြော ပါတယ်။

ချင်းနိုင်ငံရေးပါတီတွေ ထဲမှာ မဲဆန္ဒနယ်မြေအများ ဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ CNDP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် ကတော့ ရွေးကောက်ပွဲကျင်းပပုံစနစ် နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရဲ့ အား နည်းချက်တွေကလည်း ချင်းပါတီတွေ ရှူံးနိမ့် ရတဲ့အကြောင်းရင်းတစ်ချက်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“တကယ်တမ်းတော့ ပြည်နယ်ရွေးကောက်ပွဲ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲဟာ သီးသန့်ကျင်းပသင့်တယ်၊ အကုန်လုံးပူး တွဲကျင်းပတော့ တချို့နေရာမှာ မဲပြား ၃ ပြားပေးတယ်၊ တချို့နေရာမှာ မဲပြား ၄ ပြားပေးတယ် အဲဒီဟာက တကယ်တမ်း က သီးခြားစီကျင်းပပေးသင့်တယ်၊ အမေရိကန် နဲ့ အိန္ဒိယကိုကြည့်မယ်ဆိုရင်လည်း ဒီတိုင်းပဲ သူတို့က ပြည်နယ် နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကို တရက်တည်းနဲ့ တထပ်တည်းမကျင်းပဘူး မြန်မာနိုင်ငံကျတော့ တစ်ရက်တည်း နဲ့ ကျင်းပတဲ့အခါကျတော့ အကုန်လုံးက ရှူပ်ထွေးကုန်တယ်’’ လို့ ကျဲအိုဘိခ်ထောင်ကထောက်ပြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါကြောင့်လည်းပါသလို ချင်းပါတီတွေရဲ့ အားနည်းချက်ကြောင့်လည်းပါတယ် လို့သူက ဆက်ပြောပါတယ်။

“ဒ်ါအောင်ဆန်းစုကြည် ရဲ့ အရှိန် အ၀ါပေါ့ဗျာ ဒါက အဓိက အချက်ထဲမှာ ပါမှာပေါ့လေ လူတိုင်း ကဒေါ်အောင်ဆန်း စုကြည် ဆိုတဲ့ဟာပဲဖြစ်နေ တယ် သူတို့ တန်းမြင်တာက သန်း ၅၀ ကျော်အုပ်ချူပ် လာ တဲ့ဒီအစိုးရ ကို ဒေါ် အောင်ဆန်းစုကြည် မှာ ပဲ ပုံအပ်ပြီးတော့ အင်အား တည်ဆောက် ရင် ပြောင်းလဲမယ် ဆိုတဲ့ဟာရှိ တယ်လေ၊ ဘာပဲပြောပြော သူများကိုလက်ညိုး ထိုးမယ့်အစား ကျနော်တို့အား နည်းချက်တွေပါ၊ ကျနော်တို့ က စွမ်းဆောင်နိုင် သလောက် မစွမ်းဆောင်နိုင်တဲ့အပိုင်းလည်း ဖြစ်မှာပါ’’ လို့ ကျဲအိုဘိခ်ထောင်ကပြောပါတယ်။

ချင်းအမျိုးသားဒီမိုကရက်တစ် CNDP နဲ့ ချင်းတိုးတက်ရေး CPP ပါတီတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက ချင်းပြည်နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်မြေထက်ဝက်နီးပါးရရှိနိုင်တဲ့အထိ အားကောင်း ခဲ့ကြတဲ့ပါတီ တွေဖြစ်ခဲ့ ကြပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာတော့ ချင်းပြည်နယ် နဲ့ ချင်းပြည်နယ်ပြင်ပတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ သော တစ်ဒါဇင်လောက်ရှိတဲ့ ချင်းနိုင်ငံရေးပါတီတွေအားလုံး မဲဆန္ဒနယ်မြေတစ်နေရာ မှမရကြတဲ့ အပေါ် စနစ်တကျပြန် လည်သုံးသပ်ဖို့ လိုအပ်နေပြီး ချင်းပြည်နယ်သူလူထုအနေဖြင့်လည်း သေချာစဉ်းစားဖို့ လိုအပ်နေ ပြီလို့ ကျဲအိုဘိခ်ထောင် ကပြောပါတယ်။

“ရှူံးနိမ့်ရတဲ့ အကြောင်းရင်းကတော့ များပါတယ်၊ ဒါကို ကျနော်တို့ပြန်လည်း သုံးသပ်ပြီးတော့ ဘယ်လိုကျော်လွှားမလဲပေါ့၊ ကျနော်တို့ပါတီတွေ ဘက်ကလည်း ပြင်ဆင်စရာရှိတာ လိုအပ် လို့ရှိရင် ကျနော်တို့ကနေရာ ဖယ် ပေးရမ လား နှုတ်ထွက်ပေး ရမလား၊ ပါတီဘဲဖျက်သိမ်းပေးရမလား ဒါကျနော်တို့လုပ် လို့ရပါတယ် ကျနော်တို့အနေနဲ့လည်း အများကြီးစဉ်းစား သွားမှာပါ တဖက်မှာ လည်းပဲ လူထုတရပ်လုံးက လည်းအများကြီးစဉ်းစား သင့်ပြီပေါ့ဗျာ၊ အထူးသဖြင့် ချင်းပြည်သူလူထုလည်းဘဲ နည်းနည်းတော့စဉ်းစားစရာဖြစ်နေပြီပေါ့ဗျာ ကျနော်တို့လူမျိုးက အမျိုးသားရေးစိတ်ဓာတ်က ဘယ်လောက်ထိခိုင်မာ သလဲပေါ့၊ ရှမ်းပါတီတို့ ရခိုင်ပါတီတို့လည်း တစ်ပါတီတည်း ဘဲရှိတာမှ မဟုတ်တာ သူတို့လည်း အောင်ပွဲရနေတာပဲလေ၊ ရှမ်းလူထုက ရှမ်းပါတီကို မဲပေးလို့ ရခိုင်လူထုက ရခိုင်ပါတီကိုမဲပေးလို့ အစိုးရမပြောင်းလဲ တာမှ မဟုတ်တာ အခုလည်း အစိုးရပြောင်းနေတာပဲလေ၊ အဲဒီဟာမျိုးလေးတွေကို ဆင်ခြင် တတ် ဖို့လိုအပ်နေပြီ’’ လို့ ဆလိုင်း ကျဲ အိုဘိခ်ထောင်က ပြောပါတယ်။

ချင်းနိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမတိုခင် ကာလကတည်းက ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ချင်း မိသားစုနိုင်ငံရေးပါတီများတွေ့ ဆုံဆွေးနွေးပွဲကို ၃ ကြိမ်တိုင်တိုင် ကျင်းပခဲ့ကြပါ တယ်။ နောက်ဆုံးကျင်းပ တဲ့ တွေ့ဆုံပွဲမှာ “ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများ လက်တွဲညှိနှိုင်းဆောင်ရွက်ရေးသဘောတူစာချူပ်’’ ကို ချင်းပါတီ ၁၂ အနက် ပါတီ ၁၀ ခုက သဘောတူ ချူပ်ဆိုခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်မှာ လာ မည့် လွှတ်တော်/အစိုးရ သက်တမ်း(၂၀၁၆-၂၀၂၀) အတွင်း ချင်းလူမျိုးများအား နိုင်ငံရေး အရ ဦးဆောင်မှုပေးရာတွင် ပါဝင်သင့်သည်ဟု ချင်းမိသားစုနိုင်ငံရေးပါတီအသီးသီးတို့မှ လက်ခံသဘောတူသော လူပုဂ္ဂိုလ် ၁၂ ဦး (အမျိုး သား ၉ ဦး နှင့် အမျိုးသမီး ၃ ဦး) ကို ရွေးချယ်ကြမှာဖြစ်ပါတယ်။

အရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်များဝင်ရောက်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်မြေအသီးသီးမှာ ချင်းမိသားစုဝင်အခြားပါတီများမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ အဲဒီပုဂ္ဂိုလ်တွေအောင်နိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးရမယ်လို့ သဘော တူညီ ချက်မှာ ဖော်ပြထားပါတယ်။ သဘောတူညီချက်အတိုင်း ချင်းပါတီကြီးတွေ ဖြစ်ကြတဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ နဲ့ ချင်းဒီမို ကရေစီအဖွဲချူပ်ပါတီတို့ကနေ တစ်ပါတီလျင် ၂ ဦးစီရွေးချယ် ပြီး ဒေသ အခြေပြု  ပါတီတွေက တစ်ပါတီလျင် (၁) ဦးစီ ရွေးချယ်ခဲ့ကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲနီးကပ်လာတဲ့အချိန်မှာ ချင်းပါတီတွေဟာ သူတို့ချူပ်ဆိုထားတဲ့ သဘောတူညီချက်တွေကို လိုက် နာမှုမရှိကြတော့ဘဲ ဦးစားပေးပုဂ္ဂိုလ်အဖြစ် အရွေးချယ်ခံရသူတွေ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ်မြေ အသီးသီးတွေ မှာ ချင်းမိသားစုဝင် အခြားပါတီတွေကလည်းဝင်ရောက်ပြီး အချင်းချင်းယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီလိုမဟုတ် သဘောတူညီ ချက်အတိုင်း ချင်းပါတီတွေအသီးသီးလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ချင်း ပါ တီတွေ မဲဆန္ဒနယ်မြေအနည်း အကျဉ်းတော့ အနိုင်ရနိုင်တယ်လို့ ချင်းနိုင်ငံရေးလေ့လာသုံးသပ်တွေကတော့ ပြောဆိုနေကြပါတယ်။

 

Share.

About Author

Leave A Reply

*

code