စဘောင်းပီရွာ အထက ကျောင်းဆောင်သစ် မီးလောင်မှု မသမာသူတွေလက်ချက်ဖြစ်နိုင်

0

OLYMPUS DIGITAL CAMERA

ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၈း၀၀ နာရီခန့်က ချင်းပြည်နယ်မတူပီမြို့နယ် စဘောင်းပီ ရွာ အစိုးရ အ ထက်တန်းကျောင်းဆောင် သစ် မီးလောင်မှုသည် မသမာ၊ မလိုမုန်းတီးသူ တချို့ရဲ့ ကြိုတင်ကြံ စည်မှု ဖြစ်မည် ဟု ဒေသ ခံတွေ က ပြော ဆိုနေကြသည်။ သိန်းပေါင်း ၃၀၀ တန် အဆိုပါ ကျောင်းဆောင်သစ်ကို ပြီးခဲ့တဲ့ နှစ်က စပြီး လက်ရှိ စဘောင်းပီရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ကန်ထရိုက်ဆွဲ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦး ပြီးစီးခါနီး ဆဲဆဲတွင် ယခုကဲ့သို့ မီးလောင်ပြာကျ သွားခြင်းဖြစ်သည်။

” ကျောင်းဆောင်သစ်က ရွာထဲမှာလည်း မဟုတ်ဘူး၊ မီးလောင်ပုံက တမဟုတ်ချင်း ထ လောင်တဲ့ ပုံစံမျိုးဖြစ်နေတော့ ဒါက သက်သက် လုပ်ကြံတာပဲဖြစ်ရမယ် ” ဟု ဒေသ ခံတဦးက ထောက်ပြပြောဆိုသည်။

 

နယ်မြေခံရဲတပ်ဖွဲ့သည်အမှုမှန်အမြန်ဖော်ထုတ်နိုင်ရေး အတွက် ဆောင် ရွက်နေပြီ ကျောင်းဆောင် သစ်ဆောင် လုပ်နေ သူ လက်သမားများကို ယာယီ ထိန်းသိမ်းပြီး မေးမြန်းနေဆဲဖြစ်သည်။

 

အခင်းဖြစ်ဖြစ်ချင်း နယ်မြေခံ ရဲတပ်ဖွဲ့က ချက်ချင်းကွင်းဆင်း စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာလည်း လုပ်ကြံမှုဟု ကောက်ချချက်ကြကြောင်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့သည် ယင်းကိစ္စအတွက် ကွင်းဆင်းမှုပြုလုပ်နေကြောင်း သိရ သည်။

 

အဆိုပါ ကျောင်းဆောင် ကိစ္စနှင့် ပါတ်သက်ပြီး ကျောင်းဆောင် ဆောက်လုပ်ခွင့် ကို ပြည် နယ် အစိုးရမှ ဒေသခံတဦး ကို ပေးထားခဲ့သော် လည်း သက်ဆိုင်ရာ မြို့နယ်အဖွဲ့က လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ကို ဆောက် လုပ် ခွင့် ပေး ထား ခဲ့သဖြင့် မရှင်း လင်းမှုများ ရှိခဲ့ သည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code