ယနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ က ဖက်ဒရေစနစ်၊ ပြန်လည်နေ ရာချထားရေးနှင့် ပြန်လည်ထူ ထောင်ရေး ဆိုင်ရာ ပြည်တွင်းနေရပ် စွန့်ခွါ တိမ်းရှောင်သူများ ( IDPs)၊ အခွန်ကောက်ယူခြင်းနှင့် ပြန်လည် ခွဲဝေခြင်း ( Tax and Revenue Sharing)၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ သဘာဝသယံဇာ တဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်း စသည့် ကဏ္ဍများတွင် အခြေခံရ မည့် မူဝါဒ များကို စ တင်ေ ဆွးနွေးနေ ကြပြီ ဖြစ် သည်။
ထိုသို့ဆွေးနွေးရာတွင် အစိုးရ၊ လွတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား နှင့် ပါဝင်သင့်ပါဝင်ထိုက်သည့် ကိုယ်စားလှယ် အစုအဖွဲ့ (၇) ဖွဲ့ တဖွဲ့ချင်းစီ အတွင်း ကဏ္ဍ (၅) ခု ကို အသီးသီး ဆွေးနွေးနေကြခြင်းဖြစ်သည်။
နက်ဖန် ညီလာခံ တတိယနေ့ နှင့် စတုတ္တနေ့များတွင် အဖွဲ့ (၇) ဖွဲ့ အသီးသီးမှ ကဏ္ဍ အလိုက် ဆွေးနွေး ချက်များကို စုစည်းပြီး (၇) ဖွဲ့ လုံး ပြန်လည်တွေ့ဆုံကာ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရအဖွဲ့ ကိုယ်စားလှယ် (၇၅) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၇၅) ဦး၊ တပ်မတော် ကိုယ်စားလှယ် (၁၅၀) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ် (၁၅၀) ဦး၊ တရားဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် (၁၅၀) ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် (၅၀) ဦးနှင့် အခြားပါဝင် သင့်ပါဝင်ထိုက်သူ (၅၀) ဦး၊ စုစုပေါင်း ကိုယ်စားလှယ် (၇၀၀) ဦး ဖြင့် ကျင်းပရန် သတ်မှတ်ခဲ့ကြသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အရ နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်မှာ
(က) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ကို ရေးဆွဲသဘော တူညီမှု ရယူခြင်း၊
(ခ) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း၊
(ဂ) ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း၊
(ဃ) ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း၊
(င) ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များ ကို အကောင်အထည်ဖော်ခြင်း တို့ဖြစ်သည်